Channel Myanmar

Bridge Of Spies(2015)

BiographyDrama

IMDB: /10 votes

464970

Report error

ဒုတိယကမ္ဘာစစ်အပြီး အချိန် ဆိုဗီယက်ပြည်ထောင်စုအင်အားကောင်းနေချိန်
ဂျာမနီမှာ အုပ်ချုပ်မှုကိစ္စရှုပ်ထွေးနေချိန်
အရှေ့ဂျာမနီ အနောက်ဂျာမနီခွဲခြားပြီး ဘာလင်တံတိုင်းကြီးဆောက်နေချိန်
အမေရိကန်တို့ရဲ့ သြဇာကြီးမားနေတဲ့ဆိုဗီယက်အပေါ်စိုးရိမ်မှုကြီးထွားနေချိန်
စစ်အေးကာလအရှိန်မြင့်တက်နေဆုံးအချိန်
အမေရိကန်ပြည်သူတွေစိတ်ထဲ ဆိုဗီယက်ကအမေရိကန်ကိုအနုမြူဗုံးကျဲမယ်လို့
အထင်ရောက်နေတဲ့အချိန် သမရိုးကျစစ်မှ ဘက်ပေါင်းစုံစစ်ဆင်ရေးကိုအရှိန်အဟုန်မြှင့်နေတဲ့အချိန်

ဒီလိုအမှားအယွင်းမခံနိုင်တဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံ၂ခုရဲ့ အင်အားချိန်ခွင်မျှနေတဲ့အချိန်မှာ
ဆိုဗီယက်တို့ရဲ့ နျူးကလီးယားစွမ်းအင်တွေကိုထောက်လှမ်းဖို့အမေရိကန်တို့ရဲ့နောက်ဆုံးပေါ်
ယူ၂ လေယဉ်တွေက ဆိုဗီယက်ပိုက်နက် ပေ ၇၀၀၀၀ အထက်က ထောက်လှမ်းဖို့စေလွှတ်ခဲ့တယ်
ပေ ၇၀၀၀၀ ဆိုတဲ့အမြင့်ပေကအဲဒီ့ခေတ်အခါက လေယဉ်မှူးတွေတောင်မယုံလောက်အောင်ပျံနိုင်တဲ့အမြင့်ပေ
ထူးခြားတာက ဒီစစ်ဆင်ရေးကိုဦးဆောင်တာက စီအိုင်အေဖြစ်ပြီးတော့ စစ်တပ်က သတင်းစစ်ဆင်ရေးအတွက်
အချက်အလက်တွေစုဆောင်းပေးရတဲ့စစ်ဆင်ရေးမျိုး ဒီစစ်ဆင်ရေးမှာပါတဲ့ အမေရိကန်လေတပ်ဗိုလ်ပါဝါတယောက်လဲ
ပါဝင်ခဲ့တယ် မိဘဆွေမျိုးချစ်သူမပြောနဲ့စစ်ဆင်ရေးခန်းကထွက်တာနဲ့ဒီသတင်းကို အကောင်အထည်ဖော်ဖို့ပဲအာရုံ
ထားခိုင်းပြီး အထူးလျှို့ဝှက်ထားခဲ့တယ် ဒါတင်မကဘူး ဒီစစ်ဆင်ရေးမှာပါတဲ့လူတွေက အဖမ်းခံခွင့်မရှိဘူး လေယဉ်ကို
ဆိုဗီယက်တွေမိသွားခွင့်မရှိဘူး မိသွားခဲ့ရင်တောင်ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ထောင့်စေ့အောင်စီစဉ်ခဲ့တယ်
ကံမကောင်းစွာနဲ့ပဲ ဗိုလ်ပါဝါရဲ့လေယဉ်ဟာပစ်ချခံရပြီးအဖမ်းခံခဲ့ရတယ်……..

သတင်းစစ် စစ်အေးကာလဖြစ်တဲ့အလျောက် ဆိုဗီယက်တို့ကလဲ အမေရိကန်ထဲကိုသူလျှိုတွေကိုကေဂျီဘီအဖွဲ့အုပ်ချုပ်မှု
အောက်ကနေပြီးတန်ပြန်စစ်ဆင်ရေးတွေ လုပ်ခဲ့တယ် ဒီနေရာမှာဗိုလ်မှူးကြီး ရူးဒေါ့ဖ်အေဗယ်လဲအပါအ၀င်ပေါ့
ရူးဒေါ့ဖ်အေဗယ်လဲ အမေရိကန်တန်ပြန်ထောက်လှမ်းရေးလက်ထဲကိုရောက်သွားတဲ့အခါ……

ဗိုလ်ပါဝါလေယဉ်ပျက်ကျခဲ့တာကိုအမေရိကန်တို့အနေနဲ့ နာဆာက မိုးလေ၀သတိုင်းတာတဲ့လေယဉ်ပျောက်ဆုံးသွားပြီဆိုပြီး
သတင်းဖြန့်ခဲ့သလို ဆိုဗီယက်တို့ကလဲ ပါဝါ့ကိုအခမ်းအနားထုတ်ပြီးသူလျှိုဖမ်းမိကြောင်းကြေငြာခဲ့တယ်

တဆက်ထဲမှာပဲ ဆိုဗီယက်သြဇာကြီးထွားနေတဲ့ အရှေ့ဂျာမနီကိုအမေရိကန်တို့ကအသိအမှတ်မပြုခဲ့သလို
အမေရိကန်နိုင်ငံသားမည်သူမဆိုလက်ထဲလမ်းပြမြေပုံကိုင်မိရင်တောင် သူလျှိုလို့ဖမ်းဆီးခံနေရတဲ့အရှေ့ဂျာမနီမှာ
အမေရိကန်ကျောင်းသားတယောက်ပရိုင်ရာဟာသူလျှိုမှုနဲ့ဖမ်းဆီးခံလိုက်ရတယ်……

ဒီလိုအခြေအနေရှုပ်ထွေးနေတဲ့အချိန်မှာ ပြစ်မှုအတွေ့အကြုံကောင်းရှိတဲ့အာမခံရှေ့နေတယောက်က အမေရိကန်တနိုင်ငံလုံး
ကန့်ကွက်နေတဲ့ကြားက သူလျှိုအတွက်လျောက်လဲချက်တင်ဖို့တာဝန်ပေးခြင်းခံရတယ် သူ့မိသားစုဟာဒီလုပ်ရပ်အတွက်
ချောင်းမြောင်းလုပ်ကြံခံရပေမယ့်အသက်အန္တရာယ်တစုံတခုမကျရောက်ခဲ့ဘူး ရဲတွေကအစဒီလုပ်ကြံမှုကိုမျှတတယ်လို့မပြောယုံတမယ်
ကန့်ကွက်နေတဲ့ကြားက ခံယူချက်စေတနာအတွေးအခေါ်အပြည့်နဲ့အရည်အချင်းရှိတဲ့ရှေ့နေတယောက်ရှိခဲ့တယ်
သူကတော့ ဂျင်မ်ဒိုဗန်နို.(တွမ်ဟန့်)ပဲဖြစ်ပါတယ်…….

လူ့အခွင့်အရေးဆိုတဲ့စကားမတွင်ကျယ်လှသေးတဲ့ အဲဒီ့ခေတ်မှာသူ့လုပ်ရပ်တိုင်းဟာလူအမုန်းခံရစရာတွေချည်းပဲ ဒါတင်မကဘူး
ပါဝါနဲ့အေဗယ်တို့သူလျှိုချင်းလဲလှယ်ဖို့ကိစ္စကိုလဲ ရဲရဲဝင့်ဝင့်တင်ပြခဲ့ပြီးဘယ်အစိုးရဘယ်အဖွဲ့အစည်းနောက်ခံထောက်ပံ့မှုမပါဘဲ
သာမန်နိုင်ငံသားတယောက်ရှေ့နေတယောက်အနေနဲ့ သူလျှိုတွေခြေရှုပ်နေတဲ့ ဒီ နိုင်ငံ၃ခုကြားမှာ နိုင်ငံသိက္ခာမထိအောင်
အားလုံးအကျိုးစီးပွါး အတွက် ဗိုလ်ပါဝါရယ် ကျောင်းသားပရိုင်ရာ၂ယောက်ကို ရူးဒေါ့ဖ်အေဗယ်နဲ့ရအောင်လဲခဲ့တဲ့သူ့ရဲ့ သံတမန်ရေး
စွမ်းရည် အတွေးအမြင်တွေကလဲ အတုယူထိုက်ပါတယ်  သူ့ခံယူချက်ကတော့ကိုယ်လုပ်တဲ့အလုပ်ကိုယ်သိတယ်ဆိုတာပဲ

ဒီကိစ္စကြီးအပြီးမှာ အမေရိကန်တွေရဲ့ အရှေ့ဂျာမနီပေါ်သဘောထားဟာလဲပြောင်းလဲခဲ့ရတယ်
ကွန်မြူနစ်သူလျှိုလဲကွန်မြူနစ်အလုပ်ကိုစွန့်လွှတ်သွားခဲ့တယ်
တကမ္ဘာလုံးကိုလှုပ်ခတ်သွားတဲ့ အကျိုးတရားကိုဖန်တီးခဲ့တဲ့ရှေ့နေတယောက်အကြောင်းကိုလဲရင်တထိတ်ထိတ်နဲ့တွေ့ရမှာဖြစ်ပါတယ်
နောက်ဆုံးသူလျှိုလဲတဲ့အခန်းမှာလဲ ကွန်မြူနစ်သူလျှိုနဲ့အမေရိကန်ရှေ့နေတယောက်ကြားသံယောဇဉ်ကိုဖော်ကျူးသွားခဲ့ပါတယ်
IMD rating 7.7 ရရှိထားတဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ်

File Size         : 1 GB
Quality           : Blu ray 720P
Running Time : 2hr 22 minute
Format           : Mp4
Genre             : Biography, Drama, Thriller
Encoder         : Joker.phs

(ဇာတ်ကား ဘာသာပြန်သူနဲ့ အညွန်းရေးသူကတော့ မြန်မာကြီးပဲ ဖြစ်ပါတယ်)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies