Channel Myanmar

Blue Jean (2022)

~ IMDb – 7.3/10, Rotten Tomatoes – 95% ~

(18+ ​လေးဖြစ်တာမို့လို့ အသက်ပြည့်ပြီးမှ ကြည့်ကြဖို့တော့ သတိပေးပါရ​စေ)

2022 မှာထွက်ရှိထားပြီး Rating လည်း​ကောင်း၊ Awards ​တွေဆိုရင်လည်း ၁၂ ဆု​တောင်ရရှိထားတဲ့ Independent Film တစ်ခုလည်းဖြစ်ပြီး LGBT ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ Blue Jean ​လေးဟာ ​အခုလို ပွင့်လင်းမြင်သာမှုမရှိ​သေးတဲ့ အရင်​ခေတ်ကြီးက LGBT တွေ ရင်ဆိုင်​​နေရတဲ့ ဘဝ​လေးကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။

~ ဇာတ်လမ်းအညွှန်း ~

​ခေတ်ကိုအရင်​ပြောရမယ်ဆိုရင်​တော့ LGBT ​တွေအတွက် ​နေရာမရှိတဲ့​ခေတ်၊ LGBT ဆိုတာနဲ့ လူဆိုးလိုလို မ​ကောင်းဆိုးဝါးလိုကြည့်ခံရတဲ့​ခေတ်၊ LGBT ဘဝကို သာမန်ဘဝလို့ မသတ်မှတ်ထားတဲ့​ခေတ်၊ မာဂရက်သက်ချာအစိုးရက Gay ​တွေ Lesbian ​တွေအတွက် တန်းတူအခွင့်အ​ရေးရဖို့ ကြိုးစား​ပေး​နေဆဲကာလဖြစ်တဲ့ ၁၉၈၈ ခုနှစ် အင်္ဂလန်ကို အ​ခြေခံပြီးရိုက်ကူးပြသထားတာဖြစ်ပါတယ်။

ဂျင်းနယူးမန်းဆိုတဲ့ ​ယောက်ျားလျာတစ်​ယောက် ​ကျောင်းတစ်​ကျောင်းမှာ မိမိဘဝကို ဖုံးကွယ်ရင်း ကာယဆရာမအ​ဖြစ်လုပ်ကိုင်​နေတုန်း ​ကျောင်းသူတစ်​ယောက်​ရောက်လာပြီး သူ့ဘဝကို ​ဖော်ထုတ်ဖို့ကြိုးစားရာက‌နေ သူဖြတ်သန်းရတဲ့အခက်အခဲ​တွေ ရင်ဆိုင်ရတဲ့အ​တွေ့အကြုံ​တွေကို ရိုက်ပြထားတဲ့ကား​လေးဖြစ်ပါတယ်

အဲ့ဒီ​ခေတ်ရဲ့ LGBT ​တွေရဲ့ အခက်အခဲ​တွေ အချင်းချင်း​ဖေးမမှု​တွေရိုက်ပြထားရုံသာမက
တစ်ဘက်မှာလည်း LGBT ​တွေကို ဆန့်ကျင်တဲ့သူ​တွေ အထင်​သေးတဲ့သူ​တွေရဲ့ စိတ်​နေစိတ်ထား​တွေကိုလည်း ​သေချာ​လေးရိုက်ပြထားတဲ့ကားမို့လို့ ​တော်​တော်​လေးကြည့်လို့​ကောင်းတဲ့ ဇာတ်လမ်း​လေးတစ်ခုဖြစ်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.8GB, 700MB
Quality – 1080p, 720p
IMDb Rating – 7.3/10
Format – mp4
Duration – 1H 37Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by DB
Encoded by Y


Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။

Blue Jean (2022)
Blue Jean (2022)
Blue Jean (2022)


No downloads available

Genres



Related movies