Exit print mode Print Data A+ A- Undo all

Bodied (2017)

Meet Oakland's Newest Battle Rapper.
Bodied (2017)Bodied (2017)

Synopsis:

Rating: IMDb-7.3 Rotten Tomatoes-88%

၂၀၁၇ လို့နာမည်တပ်ထားပေမယ့်

၂၀၁၈ နိုဝင်ဘာ၂ရက်နေ့ မှထွက်လာတဲ့ကားဖြစ်ပါတယ်…

ဒီကားဟာ တကယ့် Hip Hop ဂီတကို မီးမောင်းထိုးပြမယ့် ကားဖြစ်မှာ ပြီးတော့

producer ကလဲ Rap God ကြီးဖြစ်တဲ့ Eminem ပါ

အဲ့တော့ rhyme တွေ rap တွေ ကအလန်းတွေ ပဲဖြစ်မယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး

ဒီကားကို Eminem ရဲ့ အောင်လံတစ်ခုလို့ကင်ပွန်းတပ်ရမလိုပါပဲ

Bodied အပြတ်သတ်အနိုင်ပိုင်းခြင်း Rap ရွတ်တယ်ဆိုတာ

ဘယ်လိုဘယ်ပုံ ဒီဇိုင်းကာလာရှိလဲ အာရှတိုက်သားတွေ ရင်းနှီးလာကြပါပြီ

တစ်ယောက်နဲ့တစ်ယောက်အားနည်းချက် တွေကို

စကားလုံးကာရန်အချိတ်ဆက်မိမိ နဲ့တင်ပြခြင်းလို့အဓိပ္ပာယ်ဖွင့်ဆိုရပါလိမ့်မယ်

များသောအားဖြင့် ဒီ Rap Battle တွေကို လူမဲ အသိုင်းဝိုင်းကပဲ

အစဉ်ဆက်ရွတ်ကြ တာများပါတယ် ဆိုတော့ကာ လူဖြူတွေပေါ် ထားတဲ့

အမုန်းတရားတွေ မခံချင်စိတ်တွေ အရိုင်းဆန်တဲ့ အတွေးအခေါ်တွေက

သူတို့ နှုတ်ဖျားမှာကာရန်တွေ အကူညီနဲ့ ပွင့်ထွက် ကျလာပါတယ်

ဒါ့ကြောင့် Rapper ဖြစ်နေတဲ့ သူတွေရဲ့ background က အများထင်သလို

ရေပေါ်ဆီဘဝတွေ မဟုတ်ခဲ့ပါဘူး

ဇာတ်လမ်းအကျဉ်းလေးကတော့ ကျောင်းမှာ N စာလုံးအသုံးပြု ပုံနဲ့ ပတ်သတ်ပြီး

လူဖြူ တစ်ယောက်ဖြစ်တဲ့ အဒမ်စာတမ်းတင်ဖို့ လုံးပန်းနေပါတယ်

သူ့ခေါင်းစဉ်ကလဲ ထူးထူးဆန်းဆန်း N စာလုံးဘယ်လို သုံး ရမလဲ တဲ့

N စာလုံးဆိုတာတော့ Nigga ကိုပြော တာပါ

လူဖြူတွေက Nigga ဆိုတဲ့စာ လုံးကို တရားဝင်သုံးပိုင်ခွင့် မရှိပါဘူး

ဒါ underground အသိုင်းဝိုင်းရဲ့ လူမျိုးစွဲ ကန့်သတ်ချက်တွေ ထဲက တစ်ခုပေါ့

ဒီတော့ အဒမ်က သူ့ စာတမ်းကိစ္စဖြစ် မြောက်ဖို့ သူကိုယ်တိုင်ကွင်းဆင်းတဲ့ အနေနဲ့

underground ပွဲတွေသွားလေ့ လာပါတော့တယ် အဲ့မှာ သူ့အကြီးစားဖန် ဖြစ်တဲ့

ဘန် ဂရင်းနဲ့ တွေ့ခဲ့တာပေါ့ ဘန်ဂရင်းကို N စာလုံးအသုံးပြုပုံအကြောင်း မေးရင်း

သူဘယ်တုန်းက မှ မတွေးဖူးအိပ်မက်မမက်ဖူးတဲ့ Rap ရွတ်တဲ့ ကိစ္စကို

လူတစ်ယောက်နဲ့ ရွတ်ရဖို့ အကြောင်းဖန်လာပါတယ်

အဲ့ကစပြီးအဒမ် တစ်ယောက်ပြောင်း လဲ လာတော့တာပေါ့

ဆိုတော့ကာ ဒီကားလေးမှာ reference တွေ တော်တ်ာများများထည့်ထားတာတွေ့ရ ပါတယ်

ပြီးတော့ underground rap battle တွေက type အမျိုးမျိုး ရှိပါတယ်

1 vs 1 ရွတ်တာ 2 vs 2 ရွတ်တာ freestyle ရွတ်တာတွေပေါ့

ဒါပေမယ့် cypher ရွတ်တာ တော့မတွေ့ခဲ့ပါဘူး

မလိုလို့ မထည့်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်

ဒါပေမယ့် cypher သဘောမျိုးကို final battle မှာ 2 vs 2 ရွတ်တဲ့အခါ

အရိပ်အမွက်တော့တွေ့မြင်ရမှာ ပါ

အဓိက ဒီကားမှာပြထားတာက black culture ကို

white people တွေဘယ်လို သဘောထားလဲ

ပြီးတော့ 21 ရာစုရဲ့ ပူပူနွေးနွေး 2017-18 ဗားရှင်းမှာ

ဘယ်လို Rap Battle မျိုးတွေပဲဖြစ်သင့်လဲဆိုတာကို မီးမောင်းထိုးပြသွားတဲ့ သဘောပါ

တကယ့် underground အကြမ်းအရမ်း Rap Battle တွေလုပ်ထားတာကျက်သီး

ထစရာကောင်းလောက်အောင် သဘာဝဆန်လွန်းပါတယ်…

ဒါကြောင့် လူငယ်အများစု ကြိုက်နှစ်သက်မဲ့ကားတစ်ကားဆိုရင်

မှားဖွယ်ရာမရှိပါဘူး…

(ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ Hein That Naing ပဲဖြစ်ပါတယ်…)

 

File Size : (1GB) and (327 MB)

Quality : HDRip 720p

Running Time :2hr 

Format : Mp4

Genre : Comedy , Drama , Music

Subtitle : Myanmar Subtitle (Hard Sub)

Translated by Hein That Naing

Encoded by Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Bodied
Director
Joseph Kahn
Stars
Amanda Valenti, Anthony Michael Hall, Calum Worthy, Debra Wilson, Faithe Herman, Jackie Long, Jonathan Park, Rory Uphold, Shoniqua Shandai, Walter Perez
Release Date
02 Nov 2018
Rated
N/A
Runtime
120 min
Awards
5 wins.
Country
USA
Popularity
6.082
Status
Released
ID IMDb.com
tt5883570
IMDB Rating
7.6
IMDB votes
554
ID Themoviedb.org
431491
TMDb Rating
7.5
TMDb votes
13