Exit print mode Print Data A+ A- Undo all

Buffalo ’66 (1998)

Billy Brown just got out of jail. Now he’s going to serve some real time. He’s going home.
Buffalo ’66 (1998)Buffalo ’66 (1998)

Synopsis:

Buffalo ’66 (1998)

~ IMDb – 7.4/10, Rotten Tomatoes – 76% ~

အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။

ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်‌နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။

ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင်ပဲရေးသားထားပြီး သူကိုယ်တိုင်ပဲသရုပ်ဆောင်ထားတာပါ။ သူ့ကို Mainstream ပေါ် တင်ပေးခဲ့တဲ့ကားဆိုရင်လည်း မမှားပါဘူး။

မင်းသမီးဆိုရင်လည်း ကြည့်ရှုသူတွေနဲ့မစိမ်းတဲ့ ၁၉၉၁ ခုထွက် The Addams Family ထဲက မူလလက်ဟောင်း ဗုဒ္ဓဟူးမလေးပါ။ သူရဲ့ပျိုမျစ်လတ်ဆတ်တဲ့အလှရယ် ညှို့ငင်တတ်တဲ့မျက်၀န်းနက်နက်လေးတွေရယ် ဘိုးလင်းရုံမှာကတဲ့ Tap Dance အခန်းလေးတွေက ဒီဇာတ်ကားလေးကို အသက်၀င်စေတဲ့ သွေးကြောလေးတွေပါပဲ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။

(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.4GB, 960MB
Quality – 1080p, 720p
IMDb Rating – 7.4/10
Format – mp4
Duration – 1H 50Min
Genre – Comedy, Drama, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by Soe Thiri Swe
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Vincent Gallo
Stars
Alex Karras, Anjelica Huston, Anthony Mydcarz, Ben Gazzara, Bob Wahl, Carl Marchi, Christina Ricci, Dominic Telesco, Jack Claxton, Jack Hunter, Jamie King, Jan-Michael Vincent, Janel King, Joey Giambra, John Rummel, John Sansone, Julius Digennaro, Kevin Corrigan, Kevin Pollak, Kim Krah, Manny Fried, Michael Maciejewski, Mickey Rourke, Norma Gelose, Penny Wolfgang, Rosanna Arquette, Terry Braunstein, Vincent Gallo
Release Date
1998
Rated
R
Runtime
1h 50m
Awards
6 wins & 11 nominations
Country
United States, Canada
Budget
USD $1 500 000,00
Revenue
USD $2 375 097,00
Popularity
15.35
Status
Released
ID IMDb.com
tt0118789
IMDB Rating
7.4
IMDB votes
58000
ID Themoviedb.org
9464
TMDb Rating
7.1
TMDb votes
766