Exit print mode Print Data A+ A- Undo all

C.O.R.N: A Field of Screams (2021)

C.O.R.N: A Field of Screams (2021)

Synopsis:

အသစ်ထွက်လာတဲ့ Field of Screams တစ်ကားတင်ဆက်လိုက်ပါတယ်။

Horror/Thriller လူသတ်ကားတွေထဲမှာ Field of Screams ဇာတ်ကားတွေကလဲ နာမည်ကြီးပါတယ်။
Horror ဆိုရင် ကြမ်းကြမ်းရမ်းရမ်းသွေးထွက်သံယိုမှ ကြိုက်တတ်တဲ့သူတွေရှိသလို
အသည်းတယားယားအူယားယားနဲ့တောက်လျှောက်ကြည့်ရမယ့်ကားမျိုးကိုမှအကြိုက်တွေ့တတ်တဲ့သူဆိုပြီးရှိတတ်ကြပါတယ်။

ဒီဇာတ်ကား‌‌လေးကဒုတိယအမျိုးအစားဗျ။
ဒီတိုင်းကြီးလျှောက်ပြီးဘာအကြောင်းအရင်းမှမရှိ သတ်ပဲသတ်နေတာမျိုးမဟုတ်ဘဲ
တစ်မြို့လုံးကလူတွေကို‌ဖယောင်းရုပ်ပြောင်းပစ်လိုက်တဲ့ horror ကားလို အသည်းတယားယားအူတယားယားဇာတ်ကွက်မျိုးဗျ။
ဘာအမျိုးအစားပဲဖြစ်ဖြစ်တောက်လျှောက်မနားတမ်းသည်းထိတ်ရင်ဖိုကြည့်ရမှာကတော့အမှန်ပါပဲ။

ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်‌ဆိုရင်

တီရာနဲ့ကယ်ရီတို့မောင်နှမနှစ်ယောက် သူတို့ရဲ့ပထွေးဖြစ်သူနဲ့အတူခရီးတစ်ခုကို ကားနဲ့အတူထွက်လာကြတယ်ပေါ့။
ဟိုဖက်ပြောင်းခင်း ဒီဖက်ပြောင်းခင်း ဘယ်နေရာကြည့်ကြည့်ကားလမ်းဘေးတစ်ဖက်တစ်ချက်မှာ
ပြောင်းခင်းတွေချည်းပဲမြင်နေရတဲ့နေရာမှာကားက ဘီးပေါက်ပါလေရော။
အပိုဘီးကလည်းခရီးမစခင်တုန်းကမလိုလောက်ဘူးထင်လို့မစစ်ထားတဲ့အခါ
သုံးမရဖြစ်သွားတဲ့အတွက် သူတို့ရဲ့ပထွေးဖြစ်သူက အကူအညီလိုက်ပတ်ရှာရတယ်ပေါ့၊
အဲနားကလယ်သမားတွေဆီမှာလည်းမရတဲ့အခါ နောက်တစ်မြို့ကိုသွားဖို့ပြင်ပြီး
သူတို့မောင်နှမနှစ်ယောက်တည်းကို ကားထဲမှာညအိပ်ခိုင်းလိုက်တည်းက
အချိန်တည်းကစပြီး ဇာတ်ရှိန်ဘယ်လိုတက်လာမယ်၊
ဘယ်လိုသည်းထိတ်ရင်ဖိုဖို့ကောင်းပြီး ဘယ်လောက်အသည်းတယားယားအူတယားယားကြည့်ရမယ်ဆိုတာကိုတော့
ဇာတ်ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ပေးထားတာပါ။)

 

File size…(800 MB)
Quality….WEB-DL  720p
Format…mp4
Duration….01:42:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by San Thu Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။