Exit print mode Print Data A+ A- Undo all

Caged (2021)

Caged (2021)Caged (2021)

Synopsis:

Caged (2021)

============

IMDb Rating – 4.9/10

အသစ်ထွက်တဲ့ Drama, Horror, Thriller ဇာတ်ကားပါ။ ကျွန်တော်တို့အခေါ်တော့ Psycho ကားလို့ပြောလို့ရတာပေါ့။ ဖောက်ပြန်တဲ့ ဇနီးကိုသတ်တဲ့အမှုနဲ့ ထောင်ကျခံနေရချိန်မှာ တိုက်ပိတ်ခံထားရတဲ့ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ရိတ် ရဲ့ တိုက်ပိတ်ခံရခြင်းအတွေ့အကြုံကို တွေ့ရပါလိမ့်မယ်။ အလုံပိတ်ခန်းထဲမှာ နေရတာ ဘာခက်တာလဲလို့သိချင်ရင် ဒါကိုကြည့်လိုက်ပါ။ သူကတော့ ရက် ၁၀၀ ကျော်နေသွားတဲ့အကြောင်းကို ပြသွားပါတယ်။ တစ်ယောက်တည်း တသီးတခြားနေရင်း ထင်ယောင်ထင်မှားဖြစ်ရပ်တွေနဲ့ တာဝန်ကျအရာရှိရဲ့ နှိပ်စက်မှုတွေကို ကြုံတွေ့ပြီးတဲ့နောက်မှာ ဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်မလား ဒါမှမဟုတ် တိုက်ပိတ်ခံထားရသူ ဦးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်သွားခဲ့တဲ့အတိုင်း ရူးရင်ရူး မရူးရင်သေဆိုတဲ့ အခြေအနေကို ရောက်သွားမှာလား။ ထင်ယောင်ထင်မှားဖြစ်ရပ်တွေ မဟုတ်ဘဲနဲ့ သူတို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ တစ်နည်းအားဖြင့် သတ်ခဲ့တဲ့သူတွေက ပြန်လည်ခြောက်လှန့်တတ်တယ်ဆိုတဲ့ သီးခြားချုပ်ဆောင်ရဲ့ ပါးစပ်ပြောရာဇဝင်အတိုင်း သူသတ်ခဲ့တဲ့ ဒါမှမဟုတ် သူသတ်ခဲ့ပါတယ်လို့ စွပ်စွဲခံထားရတဲ့ သူ့ရဲ့ဇနီးက လာရောက်ခြောက်လှန့်နေတာလား။ နံရံပေါ်မှာထင်နေတဲ့ အရာလေးက ရေကွက်လေးပဲလား။ တစ်ယောက်ယောက်ရဲ့မျက်နှာလား။ သူက သူ့မိန်းမကို တကယ်သတ်ခဲ့တာလား။ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ အချက်အလက်တွေကို အခြေခံရိုက်ထားတာဖြစ်ပါတယ်။ သူ့တိုက်ပိတ်ခံထားရတဲ့အခြေအနေနဲ့ သူ့အမှုဖြစ်ခဲ့တဲ့အကြောင်းအရာကို ရောပြီးရိုက်ပြသွားတာက စိတ်ဝင်စားစရာကောင်းပါတယ်။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ d3mon ပဲဖြစ်ပါတယ်။)

 

Quality – 1080p, 720p WebRip

Duration – 1h 21min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Drama, Horror, Thriller

Source : 1080p.WebRip

Translator – d3mon

Encoder – SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Aaron Fjellman
Stars
Angela Sarafyan, Chris Blasman, Edi Gathegi, James Jagger, Melora Hardin, Robert R. Shafer, Tony Amendola
Popularity
44.057
Status
Released
ID IMDb.com
tt6173712
IMDB Rating
4.9
IMDB votes
1214
ID Themoviedb.org
777620
TMDb Rating
10
TMDb votes
1