Exit print mode Print Data A+ A- Undo all

Can You See Us?(2022)

Drama
Can You See Us?(2022)Can You See Us?(2022)

Synopsis:

 

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့ပေမဲ့ Netflix ကိုတော့ လောလောလတ်လတ်ကမှ ရောက်ရှိလာတဲ့ “Can you see us” ဆိုတဲ့ Drama ဇာတ်ကားလေးပါပဲ။ IMDB 7.5/10 ရရှိထားတဲ့ ဒီဇာတ်ကားဟာဆိုရင်တော့ Netflix ရဲ့ ပထမဆုံး ဇမ်ဘီးယားနိုင်ငံ(အာဖရိက)က full-length ဇာတ်ကားတစ်ကားဖြစ်လာခဲ့ပါတယ်။ မတူကွဲပြားခြင်းဆိုတာက ကြောက်စရာ၊ လန့်စရာ၊ အထင်သေးရှုံ့ချစရာမဟုတ်ပေမဲ့ လူသားဆိုတာမျိုးက ကိုယ်နဲ့မတူကွဲပြားရင် ကြောက်လန့်တတ်ကြတဲ့ သဘာဝမျိုးမဟုတ်လား.. မတူညီတဲ့ပုံစံရှိတဲ့သူတွေကိုဆိုရင် သူတို့နဲ့ကွဲပြားတာမို့ ရှုံ့ချဆက်ဆံတာမျိုး၊ အထင်သေးအနိုင်ကျင့်တာမျိုး လုပ်တတ်ကြတဲ့ လူသားတွေရဲ့ထုံးစံကြောင့် သူများနဲ့မတူတဲ့ပုံစံနဲ့ မွေးဖွားလာခဲ့သူ ကလေးငယ်လေးကတော့ မွေးဖွားလာကတည်းက အဖေအရင်းရဲ့ စွန်ပစ်ခြင်းကိုခံရပြီး လောကဓံရဲ့ရိုက်နှက်မှုတွေကို ခါးသီးစွာ ခံစားခဲ့ရပါတော့တယ်။

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ မွေးရာပါ albinism ရောဂါဖြစ်နေတဲ့ albino ကလေးငယ်လေး ဂျိုးဇက်ဖ်ဟာ လူမည်း အဖေ အမေက မွေးဖွားခဲ့ပေမဲ့ အသားအရောင်ကအစ တစ်ကိုယ်လုံးအမွေးအမျှင်တွေအထိ ဖြူဖွေးနေခဲ့တာမို့ အထင်လွဲစရာ ရှုံ့ချစရာဖြစ်ခဲ့ရပါတယ်။ (albinism ဆိုတာက မျိုးရိုးကြောင့်ဖြစ်တဲ့ မွေးရာပါအသားအရောင်ဖြူဖွေးတဲ့ ရောဂါတစ်မျိုးပါ.. အသားအရောင်ကို ဖြစ်ပေါ်စေတဲ့ မယ်လနင်ဆိုတဲ့ရောင်ခြယ် ချို့တဲ့မှုကြောင့် အညို၊ အမည်းစတဲ့ အရောင်တွေမပါဘဲ အသားအရောင်နဲ့ အမွေးအမျှင်တွေဟာ အဖြူသက်သက်ဖြစ်သွားခဲ့တာပါ။ မြန်မာနိုင်ငံမှာလည်း အရင်တုန်းက ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ အဆိုတော်ဘိုဖြူဟာဆိုရင်လည်း albino တစ်ဦးဖြစ်ပြီး ဆံပင်၊ မျက်ခုံးနဲ့ မျက်တောင်မွှေးတွေကအစ အဲဒီလိုဖြူဖွေးနေခဲ့တာမို့ နာမည်က ဘိုဖြူဖြစ်နေခဲ့တာလို့ ဆိုပါတယ်) လူမည်းအဖေ အမေက မွေးပါရက်နဲ့ လူဖြူလေးထွက်လာတာမို့ ယောက်ျားရဲ့အပြစ်တင်၊ နာကျည်းတာကိုခံခဲ့ရပြီး အစွန့်ပစ်ခဲ့ရတဲ့ ဂျိုးဆက်ဖ်ရဲ့အမေဟာ ဂျိုးဆက်ဖ်လေးကို ခေါ်ပြီး ဘယ်သွားရမှန်းမသိဖြစ်နေချိန်မှာ ကံကောင်းထောက်မစွာနဲ့ ကယ်တင်ရှင်ပေါ်ပြီး ဘဝအားကိုးရာ ရခဲ့ကြပါတယ်။ ဂျိုးဆက်ဖ်လေးက အသက်အရွယ်ကြီးရင့်လာပေမဲ့လည်း အပြင်လည်းမထွက်ရ၊ ဘယ်မှလည်း မသွားရဘဲ အိမ်ထဲမှာပဲ နေနေခဲ့ရတာမို့ ရွယ်တူကလေးတွေနဲ့ အပြင်ထွက် ကစားဖို့ကြံရာကနေ အိမ်နီးနားချင်းကလေးတွေက သူ့ကို မွာဘီလို့ခေါ်တဲ့ ရွံစရာသတ္တဝါကြီးအဖြစ်ရှံ့ချပြီး ဝိုင်းဝန်းအနိုင်ကျင့်ခဲ့ကြပါတော့တယ်။

“သူတို့က မင်းကို နားမလည်ဘူးလို့ပြောတယ်ဆိုတာက မင်းကို ကြောက်လို့ပဲ.. မင်းကို သူတို့ ကြောက်နေပြီဆိုရင် မင်းကို ဖျက်ဆီးဖို့ နည်းလမ်းရှာကြတော့တာပဲ..” ဆိုတဲ့ ဒုတိယဖေဖေရဲ့ စကားကို စွဲမြဲစွာမှတ်သားရင်း ငါနဲ့မတူ ငါ့ရန်သူလုပ်တတ်တဲ့ လူတွေကို နားလည်ပေးဖို့ ကြိုးစားခဲ့ရှာတဲ့ ဂျိုးဇက်ဖ်လေးဟာ တစ်နေ့မှာတော့ သူ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲသွားအောင်လုပ်ပေးမဲ့ အများက အရူးလို့ သတ်မှတ်ကြသူ လူထွားကြီးတစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ အဲဒီလူထွားကြီးရဲ့ သင်ကြားပေးမှုနဲ့ ပညာအသစ်တစ်ခုကို သင်ကြားရင်း လူတွေနဲ့ ဆက်သွယ် ပြောဆိုဖို့ ကြိုးစားခဲ့ရာက နောက်ပိုင်းမှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားသွားမလဲ၊ သူ့ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတိုင်းကို သူ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ကြံကြံခံ ရင်ဆိုင်ခဲ့မလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ကြပါဦးနော်။ (အကြိမ် ၁၀၀ လဲကျချင်လဲကျပါစေ.. ပြန်ထတဲ့အကြိမ်အရေအတွက်က လဲကျတဲ့ အကြိမ်ထက် တစ်ခါပိုဖို့ပဲ လိုတယ်ဆိုတဲ့အတိုင်း အကြိမ် ၁၀၀ လဲကျပေမဲ့ ၁၀၁ ကြိမ်ပြန်ထခဲ့သူ ဂျိုးဇက်ဖ်လေးကတော့ လက်တွေ့ဘဝမှာ သူတို့နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်လို့နေခဲ့ပါပြီ။

“ဘယ်သူကမှ အမုန်းတရားနဲ့မွေးဖွားလာတာ မဟုတ်ဘူး.. အမုန်းတရားအဖြစ် အသင်ကြားခံခဲ့ရလို့သာ” ဆိုတဲ့အတိုင်း မိဘတွေရဲ့ သွန်သင်မှုကလည်း သားသမီးတွေအပေါ် လွှမ်းမိုးမှုရှိတာမို့ မတူကွဲပြားတာဟာ (မတူကွဲပြားတယ်ဆိုတာ လူဖြူနဲ့ လူမည်း၊ ချမ်းသာသူနဲ့ ဆင်းရဲသူ၊ အရပ်ရှည်သူနဲ့ အရပ်ပုသူ၊ ပိန်တဲ့သူနဲ့ ဝတဲ့သူ စသဖြင့် အကုန်လုံးအကျုံးဝင်တာမို့ လူသားအချင်းချင်းလို့သာ မြင်ပြီး)ကဲ့ရဲ့ နှိမ့်ချစရာမဟုတ်ကြောင်း ကိုယ့်ရဲ့သားသမီးတွေကို ဆုံးမပေးနိုင်ဖို့ရာကလည်း မိဘတွေရဲ့ တာဝန်သာဖြစ်ပါတယ်။ တကယ်တမ်း ချို့တဲ့သူက အသားအရောင် မယ်လနင်ရောင်ခြယ် ကင်းမဲ့တဲ့ ဂျိုးဇက်ဖ်လေးမဟုတ်ဘဲ ငါနဲ့မတူ ငါ့ရန်သူလုပ်တတ်ကြတဲ့ စိတ်ဓာတ်ချို့တဲ့ကြသူ လူသားတွေသာ ဖြစ်ကြောင်း ဂျိုးဇက်ဖ်က လက်တွေ့လုပ်ရပ်နဲ့ သက်သေပြခဲ့တာမို့ ပရိသတ်ကြီးကလည်း ဒီဇာတ်ကားလေးကိုကြည့်ပြီး အားနေ ကိုယ့်အတင်းတုပ် ရှုံ့ချနေကြတဲ့ တခြားလူတွေကို ဂရုမစိုက်ဘဲ ဂျိုးဇက်ဖ်လေးလို ဇွဲမလျှော့တမ်း ကြိုးစားရင်း ချေပြီးရင်း ချေနိုင်ကြပါစေလို့…) (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)

File size…(1.3 GB)/(750 MB)

Quality….Webrip 1080p / 720p
Format…mp4
Duration….01:50:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
12.968
Status
Released
ID IMDb.com
1170367
IMDB Rating
7.4
ID Themoviedb.org
1170367
TMDb Rating
5
TMDb votes
1