Channel Myanmar

Report error

Carrie (2013)
IMDb – 5.9/10_____Rotten – 50%

 

 

ပြီးခဲ့တဲ့ လတွေက ကျနော် Stephen King ဝတ္တုတွေကို ရုပ်ရှင်ရိုက်ထားတဲ့ စာရင်းကို စလေ့လာခဲ့တယ်

အဲ့ဒီထဲကနေ တကယ်ကောင်းတဲ့ ရုပ်ရှင်ကားတစ်ချို့ကို ဘာသာပြန်ပြီး CM ကနေ ပြန်တင်ဆက်ပေးဖို့ စိတ်ကူးခဲ့ပါတယ်

အဲ့ဒီထဲမှာ Carrie လဲ အပါအဝင်ပါပဲ Carrie ရဲ့ အကြောင်းကရော ဘယ်လိုများလဲ ရုပ်ရှင်ကို ခဏ ကြည့်ရအောင်…

———————————————————-

တိတ်ဆိတ်တဲ့ ညတစ်ခုမှာ မာဂရက်ဝှိုက် ဟာ ကိုယ်ဝန်အရင့်မာကြီးကနေ ရေမွှာပေါက်ပြီး သူ့အိပ်ခန်းထဲက ကုတင်ပေါ်မှာ

ကလေးကို ခက်ခက်ခဲခဲ မွေးထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်..

ဘာလို့ သူမ ဆေးရုံမသွားတာလဲ တစ်ယောက်ထဲ မွေးဖွားဖို့ ကြိုးစားတာလဲ ?

ကလေးဟာ တော်ရုံနဲ့ ထွက်မလာပါဘူး မာဂရက် ကို အကြီးမားဆုံးသော နာကျင်မှုတွေပဲ ပေးနေပါတယ်

မယ်တော်မေရီ ကိုပဲ သူမ တမ်းတ ဆုတောင်းနေရပါတယ်..

ဒီလိုနဲ့ ကလေးကို ခက်ခက်ခဲခဲ မွေးနိုင်ခဲ့တယ် ကလေးကို လှမ်းကြည့်လိုက်ပြီး သူမ ဘေးနားက ကတ်ကြေးချွန်ကိုဆွဲပြီး

ကလေးကို ထိုးသတ်ဖို့ လုပ်တယ် ဒါပေမယ့် သူမ ရင်သွေးလေး ဆိုတဲ့အတွေးနဲ့ ခတ္တခဏ ငိုင်သွားပြီး ကလေးကို ပွေ့ချီလိုက်တယ်

မကောင်းဆိုးဝါး လို့လဲ သူမ ပါးစပ်က ရေရွတ်တယ် သူမ မသတ်ရက်ခဲ့ဘူး…

ကလေးက မိန်းကလေး ဖြစ်ပြီး ကယ်ရီဝှိုက် လို့ အမည်ကင်ပွန်းတပ်ခဲ့တယ်...

 

 

ကယ်ရီဝှိုက် အရွယ်ရောက်လာတော့ သူမ မှာ အပေါင်းအသင်း သူငယ်ချင်းမရှိခဲ့ဘူး အဲ့ဒါကလဲ သူမ အမေကြောင့်ပါပဲ

မသိတဲ့ သူစိမ်းတွေနဲ့ အပေါင်းအသင်း လုပ်ဖို့ မပေးခဲ့ဘူး သူမ အမေရဲ့ ရှုးကြောင်ကြောင် ပုံစံကြောင့် သူမ ကိုလဲ နောက်ကွယ်မှာ

အတင်းပြော နှိမ်စရာ ကောင်မလေး တစ်ယောက် အဖြစ် ရောက်ရှိစေခဲ့တယ်…

ဒီလိုနဲ့ တစ်ယောက်ထဲ နေလာခဲ့တဲ့ ကယ်ရီဝှိုက် ဟာ တစ်ရက်မှာတော့ အားကစား အတန်းပြီးတုန်း ရေချိုးတဲ့ အခါ

ပထမဆုံး အပျိုစင်ဖြစ်မယ့် ရာသီသွေး လာခဲ့ပါတယ် သွေးတွေကို မြင်ပြီး ထိတ်လန့်ခါ ဝတ်လစ်စလစ် ဖြင့် အတန်းထဲက

မိန်းကလေး သူငယ်ချင်းတွေကို အကူအညီတောင်းပေမယ့် အားလုံးက လှောင်ပြောင်ရယ်မောနေခဲ့ပြီး တစ်ချို့က လက်ကိုင်ဖုန်းများဖြင့်

ထိုအဖြစ်အပျက်ကို ဗီဒီယို ရိုက်ကူးနေခဲ့တယ်…

သူမ ထိတ်လန့်နေတဲ့အချိန် မီးများ မှိတ်တုတ် မှိတ်တုတ် ဖြစ်ကာ ဗြောင်းဆန်လာတဲ့ အတွက် အားကစားဆရာမ ဖြစ်သူက

ဝင်ရောက်လာပြီး အခြေအနေကို ထိန်းသိမ်းပေးခဲ့တယ် ကယ်ရီဝှိုက်ရဲ့ အစွမ်းတွေကိုတော့ သတိမထားလိုက်မိကြပါဘူး

ကျောင်းကို လာခေါ်တဲ့ ကယ်ရီဝှိုက် ရဲ့ မိခင် မာဂရက် ကတော့ အိမ်ပြန်ရောက်တဲ့ အခါ အဲ့ဒီမကောင်းဆိုးဝါး အစွမ်းတွေ ထက်မဝင်အောင်

ဘုရားခန်းထဲ သော့ပိတ်ထားခဲ့ပါတယ် ကယ်ရီဝှိုက် ကြောက်လန့်ပြီး အကူအညီတောင်းပေမယ့် အပြစ်သာ တွင်တွင် ဝန်ခံခိုင်းပြီး

ပြစ်ထားခဲ့ပါတော့တယ် ကယ်ရီဝှိုက် ဟာ မကောင်းဆိုးဝါး နဲ့ အတူ မွေးဖွားခဲ့တာလား စွမ်းအားရှင် တစ်ယောက်လား ဆိုတာကိုတော့

ဆက်လက်ကြည့်ရှုကြပါရန်…

 

 

Thit San Khant

File size – (723 MB)

Quality – BluRay Rip 720P

Format – MP4

Duration – 1h 40m

Subtitle – Myanmar Subtitle

Encoder – Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လဲရသလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။

Carrie (2013)
Carrie (2013)
Carrie (2013)
Carrie (2013)


No downloads available

Genres



Related movies