Channel Myanmar

Aaliyah

Romeo Must Die (2000) 6.1
Romeo Must Die (2000) Romeo Must Die(2000)_______IMDb - 6.1/10  တော်တော်များများကြည့်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ်.... တရုတ်Action ဇာတ်လမ်းပေါင်းများစွာ ရှိပါတယ်...သူတို့အားသန်ရာ ကိုယ်ခံပညာတွေနဲ့ သရုပ်ဖော်ကြပေမဲ့ ဂျက်လီကားတွေကိုပိုနှစ်သက်မိတယ်... သူ့အက်ရှင်ခန်းတွေက လှတယ် သေသပ်တယ်..သတ်ဖြတ်ခန်းတွေဆိုရင်တောင်မှ ရက်စက်ကြမ်းကြုတ်တဲ့ဟာမျိုးပါတာရှားတယ်...ဂျက်လီတတ်တဲ့ကိုယ်ခံပညာတွေလေ့လာကြည့်တော့ Wushu,Chinese Martial Artနဲ့Baguazhangဖြစ်ပါတယ်...Wushuနဲ့ Martial Artကို ကြားဖူးပေမဲ့ Baguazhangကိုတော့ နည်းနည်းစိမ်းနေတယ် U tube မှာ Baguazhang fight techniques လို့ရိုက်ရှာကြည့်တော့ videoလေးတွေတင်ထားတယ်....ဒါကိုကြည့်လိုက်မှ ဂျက်လီရဲ့အက်ရှင်ခန်းတွေဒါ့ကြောင့်လန်းတာကိုးလို့ မှတ်ချက်ချမိတယ်...Bagua ကိုယ်ခံပညာကအရမ်းကိုလှတယ် တုန့်ပြန်တိုက်ခိုက်ပုံတွေက ကကြိုးကကွက်တွေဆင်နေသလားထင်ရလောက်အောင်လှနေပေမဲ့ ရန်သူကိုမြေပြင်ပေါ် အသာလေးလှဲသိပ်နိုင်လောက်အောင်စွမ်းအားကြီးတာသွားတွေ့ရတယ်...တိပ်ခွေခေတ်တုန်းက ကြည့်ခဲ့ရပြီး ကျွန်တော့လို အကြည်လေးနဲ့ခံစားချင်သူတွေအတွက်တင်ပေးလိုက်ပါတယ် ပိုစတာကြည့်ရုံနဲ့ဇာတ်လမ်းကိုသိကြမှာဖြစ်လို့ အညွှန်းမရေးတော့ပါဘူး မကြည့်ကြသေးဘူးဆိုရင်လည်း နီးစပ်ရာမေးပြီး ကောင်းမယ်ထင်ရင်ဒေါင်းကြည့်ကြပေါ့ဗျာ  File Size…(907MB) Quality… 720p Format…mp4 Duration…01:55:00 Subtitle by Kyaw Lwin Tun Encoder...Phyo Pyaeနမူနာကြည့်ရန်
movie

Romeo Must Die (2000)

2000