Channel Myanmar

Aaron Yoo

Killing Gunther (2017) 5.0
Killing Gunther (2017)  နာမည်ကြီး အာနိုးမင်းသားလို့ လူသိများကြတဲ့မင်းသားကြီး“Arnold Schwarzenegger” ပါဝင်သရုပ်ဆောင်ထားတဲ့ Killing Gunther ဆိုတဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ မင်းသားကြီးအာနိုးက တလောကလုံးကလေးစားပြီးကြောက်ရတဲ့ အရည်အချင်းရှိတဲ့ကြေးစားလူသတ်သမား “ဂါးသာ”နေရာကနေသရုပ်ဆောင်ထားပါတယ် တဖက်မှာတော့ “ဘလိတ်” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားကလည်း ကြေးစားလောကရဲ့ထိပ်တန်းဖြစ်ချင်တာကြောင့်ဂါးသာကိုရှင်းပစ်ဖို့ အစီအစဉ်ဆွဲပါတော့တယ်သူသိသမျှ လက်စွမ်းရှိတဲ့ကြေးစားလူသတ်သမားတွေ လုပ်ကြံရေးသမားတွေကိုဆက်သွယ်ပြီး အဖွဲ့ထောင်ကာ ဂါးသာကို သတ်ပစ်ဖို့ကြိုးစားခဲ့တဲ့နောက်ပိုင်းမှာတော့ဂါးသာအသတ်ခံလိုက်ရမလား ဒါမှမဟုတ် ကြေးစားလောကမှာရှိတဲ့သူ့ရဲ့ဂုဏ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကို အက်ရှင်အကွက်တွေအပြင်ဟာသလေးပါ နှောထားလို့ စိတ်အပန်းပြေစေမှာတော့ အမှန်ပါပဲ.. File size…2.07GB / 1.35GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action, Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn
movie

Killing Gunther (2017)

10 Years (2011) 6.1
10 Years (2011) အထက်တန်းကျောင်းနဲ့ပက်သက်ပြီး အမှတ်တရများတဲ့သူတွေကိုမှ Nostalgia feelingမျိုးပေးနိုင်တဲ့ Friendshipအသားပေး slice of life ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို၁၀နှစ်ကြာဝေးကွာသွားတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ ပြန်တွေ့ကြတဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲအခိုက်အတန့်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတယ်။ ဇာတ်လမ်းထဲမှာ ဂျိတ်က သူ့ရဲ့ရည်းစားနဲ့အတူ မွေးရပ်မြေက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ပြန်လာခဲ့တယ်။ ကျန်တဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကာလီနဲ့ဆမ်တို့လင်မယား၊ တက်သစ်စအဆိုတော်ရီးဗ်၊ မာတီနဲ့အေဂျေတို့နဲ့အတူ တခြားသရုပ်ဆောင်များစွာပါဝင်ပါတယ်။ ကျောင်းသားဟောင်းပါတီပွဲကို သွားကြရင်း good old daysတွေအတိုင်း ပျော်ကြတာ ကဲကြတာတွေနဲ့ ကျောင်းတုန်းကတွဲခဲ့တဲ့ex နဲ့ပြန်တွေ့တဲ့သူကတွေ့ ၊ high school loveကိုမမေ့နိုင်တဲ့သူကမမေ့နိုင်၊ prom queenကို ပြန်ကြောင်ကြတဲ့သူတွေကကြောင်နဲ့ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲmomentတွေမှာ မတူညီတဲ့ဘဝအတွေ့အကြုံတွေ အချိန်နဲ့အမျှပြောင်းလဲသွားတဲ့အခြေအနေတွေခံစားချက်တွေအပြင်၊ ဘယ်လောက်အချိန်တွေကြာကြာမပြောင်းလဲတဲ့အရာတွေကိုပါ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။  File size…(1.6 GB)/(832 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

10 Years (2011)

Disturbia (2007) 6.8
Disturbia (2007)  မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကိုစပိုင်လုပ်နေရင်းထူးဆန်းတာတွေကြုံလာဖူးလား.... ဒီဇာတ်လမ်းလေးမှာတော့ ကေးလ်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ  စာသင်ခန်းထဲမှာဆရာကိုလက်သီးနဲ့ထိုးမိလို့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးကျပြီး အိမ်ထဲမှာပဲ၃ လ လောက်အောင်းရမဲ့ကိန်းဆိုက်လာပါတော့တယ်။အပြင်ထွက်လည် သူငယ်ချင်းတွေနဲ့ပျော်တတ်တဲ့အရွယ်မှာအိမ်ထဲပိတ်မိနေလို့ ကေးလ်တစ်ယောက် မှန်ဘီလူးတစ်လက်နဲ့ပတ်ဝန်းကျင်ကအိမ်တွေကို တစ်နေကုန်စောင့်ကြည့်ပါတော့တယ်။သူကြည့်တဲ့အထဲမှာ သူ့အိမ်ဘေးကိုပြောင်းလာတဲ့ မိသားစုထဲကသူနဲ့ရွယ်တူကောင်မလေးကိုတော့ ပိုအချိန်ပေးဖြစ်တာပေါ့။အဲ့အချိန်မှာ ဆံပင်အနီရောင်ကောင်မလေးတွေကို ပြန်ပေးဆွဲသတ်ဖြတ်မှုကလဲ သတင်းထွက်လာတဲ့အချိန် သူတို့အိမ်ဘေးကလူရဲ့နေထိုင်ပုံကလဲ မသင်္ကာစရာတွေဖြစ်လာချိန်မှာတော့စပ်စုတတ်တဲ့ ကောင်လေးဘယ်လိုဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။မင်းသားကတော့ Transformers ကားထဲက မင်းသားဖြစ်ပြီးသူနဲ့တွဲတဲ့မင်းသမီးတိုင်းကတကယ့်ကို အချောအလှတွေဆိုတာတော့ပြောစရာမလိုလောက်ဘူးထင်ပါတယ်။Crime, Drama,Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDBမှာလဲ မှတ်ချက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…2.13GB / 858MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ..... Drama , Mystery , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Disturbia (2007)

Gamer (2009) 5.7
Gamer (2009) Gamer (2009) ===================== အင်မတန်ချမ်းသာပြီး နာမည်ကြီးရုံသာမက အာဏာပါကြီးလွန်းတဲ့ ကန်ကာဆယ် ဆိုတဲ့ လူတစ်ယောက်ဟာ စိတ်ကိုထိန်းချုပ်ရတဲ့ဂိမ်းတစ်ခုကို တီထွင်ခဲ့ပြီး လူတွေပါ၀င်ကစားလာဖို့ ဆွဲဆောင်ခဲ့ပါတယ်။ ဒီဂိမ်းဟာ သာမာန်ဂိမ်းမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို ကစားသမားကထိန်းချုပ်လို့ရတဲ့ဂိမ်းမျိုးဖြစ်ပါတယ်။ အထိန်းချုပ်ခံတဲ့သူက ပိုက်ဆံရမှာဖြစ်ပြီး ကစားတဲ့သူက ပိုက်ဆံပေးပြီး ကစားရတာပါ။ ဒါထက်အဆင့်မြင့်သွားတဲ့ စလေယာစ် ဆိုတဲ့ ဂိမ်းမှာတော့ သေဒဏ်ကျပြီးသားလူတွေဟာ သူတို့စိတ်ကိုထိန်းချုပ်ခံထားရပြီးတော့ အချင်းချင်းပစ်သတ်နေတဲ့ကြားကနေ အသက်ရှင်ဖို့ကြိုးစားရတာပါ။ အဆင့်၃၀လုံးအောင်တဲ့သူက သေဒဏ်ကနေလွတ်ကင်းပြီး အိမ်ကိုပြန်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာကတော့ ဂျွန်ကေဘယ်ဆိုတဲ့ လူဖြစ်ပါတယ်။ ဂျွန်ကေဘယ် ကို ဆိုင်မွန်ဆိုတဲ့ကစားသမားက ထိန်းချုပ်ကစားနေတာဖြစ်ပြီး သူတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အဆင့်အားလုံးကိုရော အောင်မြင်အောင်ကျော်ဖြတ်နိုင်မလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီကားရဲ့ တချို့အသုံးအနှုန်းလေးတွေကြမ်းပေမယ့် ဇာတ်ကားကိုက science fiction action အမျိုးအစားဖြစ်တာမို့ စိတ်ကူးယဉ်ဆန်ပြီး ကြမ်းတာမှကြိုက်တဲ့ကိုယ့်လူတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ညွှန်းလိုက်ပါရစေ။ File size…6.2GB/ 2.26GB / 1.12GB Quality…4k HEVC Bluray / 1080p BluRa Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jaka
movie

Gamer (2009)

2009
4K HEVC
Kid Cannabis (2014) 6.4
Kid Cannabis (2014) Kid Cannabis (2014)~ IMDb - 6.4/10, Rotten Tomatoes - 71% ~လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ...? သေချာပါတယ်... မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ ...
movie

Kid Cannabis (2014)

2014