Channel Myanmar

Abdul Quadir Amin

Ek Ladki Ko Dekha Toh Aisa Laga(2019) 5.5
Ek Ladki Ko Dekha Toh Aisa Laga(2019)  Ek Ladki Ko Dekha Toh Aisa Laga (2019)=========================နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်များ IMDb - 5.5/ 10 Rotten Tomatoes - 73% Times of India - 3.5/5ဒီဇာတ်ကားကိုဒေါင်းထားတာအတော်လေးကြာပြီ IMDb နည်းနေတာနဲ့ မကြည့်ဖြစ်တာဒါပေမဲ့ တဖက်ကပြန်ကြည့်လိုက်တော့ Rotten 73% ဆိုတော့ကြည့်လိုက်တာ underrattedကားကောင်းတစ်ကားလို့ပဲဆိုရမယ် ကျွန်တော်ကြည့်ဖူးသလောက် အိန္ဒိယကားတွေထဲမှာဒီလိုဇာတ်လမ်းမျိုးရှားပါတယ် ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းသလို ဇာတ်ညွှန်း၊ စကားလုံးတွေကလည်းဘာအပိုအလိုမှမရှိဘဲ သိပ်ပြည့်စုံလှတယ် ကခုန်တာတွေသိပ်မပါဘဲ တေးသီချင်းကို လိုသလောက်ပဲသုံးသွားတာအဓိကနောက်ခံတေးဂီတလေးဆို သိပ်လှလွန်းတယ် သရုပ်ဆောင်တွေကလည်း ထွေထွေထူးထူးပြောစရာမလိုတဲ့အမှန်အကန်တွေချည်းပဲ ဆိုနမ်ဆိုရင် ဒီဇာတ်ရုပ်နဲ့သိပ်လိုက်လွန်းပေတယ် ဘယ်သူမှအိုဗာဖြစ်မသွားဘူးဇာတ်လမ်းလေးပြောရရင် ကားနာမည်နဲ့ပဲစရမယ် ... "မိန်းကလေးတစ်ယောက်ကိုတွေ့တဲ့အခါ ဟောဒီလိုခံစားရလေတယ်"ခံစားဖူးကြလားဗျ မိန်းကလေးတစ်ယောက်ကိုမြင်လိုက်လို့ ထူးထူးခြားခြားခံစားသွားရတာ အဲ့ဒိလိုခံစားမှုမျိုးဖြစ်သွားသူကတော့ဆာဟေး(လ်) မစ်ရ်ဇာဆိုတဲ့ ဇာတ်ညွှန်းရေးဆရာလေး ဆာဟေးလ် မစ်ရ်ဇာ - ရုပ်ရှင်ထုပ်လုပ်သူ သူဌေးကြီးရဲ့တစ်ဦးတည်းသောသား အဖက်ဖက်ကပြည့်စုံပေမယ့် ...
movie

Ek Ladki Ko Dekha Toh Aisa Laga(2019)

2019
Romeo Akbar Walter(2019) 6.6
Romeo Akbar Walter(2019) Romeo Akbar Walter(2019) စပိုင်ဇာတ်ကား ချစ်သူများအတွက် အိန္ဒိယဇာတ်ကား Romeo Akbar Walter (2019) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ပါကစ္စတန်နိုင်ငံကနေ အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ခွဲထွက်တဲ့ကာလက အကြောင်းအရာကို ရိုက်ကူးထားတာပါ။ ဖခင်ဖြစ်သူကို အားကျစိတ်နဲ့ စစ်ထဲကိုဝင်ပြီး စစ်တက္ကသိုလ်မှာ ထူးချွန်ခဲ့ပေမဲ့ ဖခင်ဆုံးပါးသွား တဲ့အခါ အမေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်ကထွက်ခဲ့ရတဲ့ ဘဏ်စာရေးလေး ရိုမီရိုအလီတစ်ယောက် တစ်နေ့မှာ နိုင်ငံအတွက် တာဝန်ထမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတကာထောက်လှမ်းရေး(RAW) က ပါကစ္စတန်ကို စပိုင်အဖြစ်နဲ့စေလွှတ်တာပဲဖြစ်ပါတ ယ်။ သူက တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပေမဲ့ RAW က အရေးကြုံလာတဲ့အခါမှာ သူ့ကို ပစ်ပယ်ထားလိုက်ကြပါတ ယ်။ အဲဒီအချိန်မှာ သူ အသက်ရှင်နိုင်အောင်ဘာတွေလုပ်လဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။ IMDB Rating ကတော့ 6.6 ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  demon ပဲဖြစ်ပါတယ်...  File Size : (1 GB) and ...
movie

Romeo Akbar Walter(2019)

2019
Photograph(2019) 6.8
Photograph(2019) Photograph(2019)IMDb....6.8ဒီကုလားကားဟာ သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ကားတကားဖြစ်ပြီးတော့The Lunch box ရုပ်ရှင်ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Ritesh Batra ရို်က်ကူးထားတာပါရုပ်ရှင်ဟာ ဟင်ဒီကားတွေထုံးစံဖြစ်တဲ့ အကတွေ အဆိုတွေ မပါပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားတဲ့ old-school style drama flim အမျိုးအစားပါ ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်အကအဆိုတွေကို တွေ့ရမှာ မဟုတ်ပါဘူး...မွန်ဘိုင်းမြို့ ပင်လယ်ဆိ်ပ်ကမ်းအဝင် မြို့ဦးမုဒ်ဝမှာ ဓာတ်ပုံဆရာအဖြစ် အသက်မွေးတဲ့ ရာဖေး (Nawazuddin Siddiqui ) ရှိပါတယ် တနေ့မှာတော့ မယ်လိုနီ(Sanya Malhotra) ဆိုတဲ့အမျိုးသမီးလေးတယောက်ဟာ သူ့ဆီမှာ ဓာတ်ပုံရိုက်ပြီး ပုံထုတ်ပေးနေတုန်းမှာပဲ မယ်လိုနီ့အမေက လှမ်းခေါ်တော့ ကောင်မလေးဟာ သူ့အမေ့ဆီထွက်သွားမိပြီး ဓာတ်ပုံဖိုးရှင်းဖို့မေ့နေခဲ့တယ်ရာဖေးရဲ့ရွာမှာ ရာဖေးအဖွားကျန်နေခဲ့ပြီး အဲဒီအဖွားက သူ့မြေးကို မိန်းမယူဖို့ တဆူဆူတပူပူပေါ့ ဒါကြောင့် နားအေးပြီးရော အဖွားဆီကို သူကောင်မလေးတယောက် ရနေပြီဆိုတဲ့အကြောင်း စာရေးပြီးသူ့ဆီကျန်နေခဲ့တဲ့ မယ်လိုနီ့ဓာတ်ပုံကို ထည့်ပေးလိုက်ပါတော့တယ်....အလွယ်နည်းနဲ့ဖြေရှင်းလိုက်ပေမယ့် သူဟာ အဖွားကိုလျော့တွက်ခဲ့ပုံပါပဲ...အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဒီဇာတ်ကားဟာ ရုပ်ရှင်တကားကြည့်ရတာထက် စာအုပ်တအုပ်ဖတ်ရတာနဲ့ ပိုတူကောင်းတူနိုင်ပါတယ် ဇာတ်လမ်းနာမည်ဟာ photograph ဆိုတဲ့ ရိုရိုးရှင်းရှင်းနာမည်လေးအတိုင်းပဲ ဇာတ်လမ်းဟာလည်းရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ လူသဘာဝလေးတွေကို သေချာလေး set up လုပ် ...
movie

Photograph(2019)

2019
Manmarziyaan ( 2018 ) 7.0
Manmarziyaan ( 2018 ) ဘောလီဝုဒ် ဒါရိုက်တာတွေထဲမှာ ဘယ်သူနဲ့မှမတူဘဲတမူထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ချပြလေ့ရှိတဲ့Anurag Kashyap ရဲ့နောက်ဆုံးထွက် တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Gangs of Wasseypur,Ugly, Sacred Gmaes တို့လိုနာမည်ကျော်ဇာတ်ကား၊ဇာတ်လမ်းတွဲတွေရဲ့ ဖန်တီးရှင်ကြီးလည်း ဖြစ်ပါတယ်ဒီဇာတ်ကားမှာလည်း အချစ်ဇာတ်ကို ဘောလီဝုဒ်ရဲ့ဖန်တရာဇာတ်တွေနဲ့ မတူဘဲ အသစ်တစ်မျိုး ချပြထားပါတယ်Love, Sex & Marriage စတာတွေကို ခပ်ဆန်းဆန်းလေးတင်ဆက်ထားပါတယ်ဇာတ်လမ်းလေးကတော့ မိသားစုတွေမသိအောင်ရည်းစားခိုးထားနေတဲ့ ရူမီ့တစ်ယောက် အိမ်ကလူတွေအခန်းထဲမှာ ဘဲနဲ့ ပက်ပင်းမိသွားပါတယ် ဒီအချိန်မှာရည်စားထားတာကနေ လက်ထပ်ထိမ်းမြားရတော့မယ့်အခြေအနေကို ဖြစ်လာပါပြီ အိမ်ကပေးစားတဲ့သူမယူချင်ရင်သူ့ကောင်လေးကို လာတောင်းရမ်းခိုင်းပေမယ့် ရူမိ့ရည်းစားဗစ်ကီကတော့ တလွဲတချော်လုပ်လို့ ပေးစားတဲ့သူနဲ့ပဲယူလိုက်ရပါတော့တယ် အခုမှ ဇာတ်လမ်းစပါတော့တယ်ရူမီ၊ ဗစ်ကီနဲ့ ရော်ဘီတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုဆက်လက်ခံစားလိုက်ကြပါတော့ ခင်ဗျာ ဘာသာပြန်နဲ့အညွန်းကတော့ ကို ဇော်ထူးပဲဖြစ်ပါတယ် Translated By Zaw HtooEncoded By LK
movie

Manmarziyaan ( 2018 )

2018
Mulk (2018) 6.1
Mulk (2018) File Size : (1.20 GB) and (550 MB) Quality : HDRip 720p Running Time : 2hr 20min Format : Mp4အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ အသက် ၆၅ နှစ်အရွယ် မူရာဒ် အလီ မိုဟမ္မဒ် အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်ပြီးပတ်ဝန်းကျင်မှာ လူလေးစားကြည်ညိုရတဲ့ ရှေ့နေတစ်ယောက်လူတိုုင်းနဲ့ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ထားသူဂြိုဟ်ဆိုးဝင်ချင်တော့ သူနဲ့ တစ်အိမ်တည်းနေ သူ့အုပ်ထိန််အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ...
movie

Mulk (2018)

2018
Gold (2018) 7.9
Gold (2018) Gold (သို့မဟုတ် ) အိပ်မက်အဟောင်းအအို အား တူးဖော်ခြင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~ကျွန်တော် မှတ်မိပါသေးတယ်။ကျွန်တော့်အိပ်မက်ကို စတင်ဖြစ်စေခဲ့တဲ့1936 ခုနှစ်တုန်းကပေါ့ ။" ဘာလင်မြေပေါ်မှာ ဂျာမဏီကိုအနိုင်ယူပြီးသကာလ အိုလံပစ်ရွှေတံဆိပ်တွေနဲ့ ကျွန်တော်တို့ အိန္ဒိယဟော်ကီအသင်းသားတွေ။ဒီအချိန်မှာ ယူနီယံဂျက်အလံကြီးကဖျတ်ဖျတ်လွင့်ရင်း မလွတ်လပ်သေးတဲ့အိန္ဒိယနိုင်ငံကို လှောင်ရယ်နေခဲ့တယ်။ဒီအခြေအနေဟာ ဗြိတိသျှအိန္ဒိယလို့ခေါ်ဝေါ်ခံရတဲ့ ကျွန်တော်တို့အတွက်တော့ ကြီးမြတ်တဲ့ အောင်မြင်မှုအပြည့်အ၀ မဟုတ်ခဲ့ရပါဘူး "ဒီမှာတင် ဂျူနီယာမန်နေဂျာ ဖြစ်တဲ့ ကျွန်တော် Tupan Das နဲ့ ဟောကီအသင်းသားတွေဟာအိပ်မက်တစ်ခု ကို အတူတကွ မက်ခဲ့ကြတယ်။ဒါဟာ လွတ်လပ်တဲ့ အိန္ဒိယနိုင်ငံအဖြစ်နဲ့ အိုလံပစ်ရွှေတံဆိပ်ကို ပြန်ယူပြမယ်။ပြီးရင် င်ြမ်သက်အနေအထားနဲ့ ဇာတိမာန် သီချင်းကို ဆိုကြမယ်။ ရင်ဘတ်ထဲက သုံးရောင်ခြယ် နိုင်ငံတော်အလံကို လွှင့်ထူမယ်။ဒါပေမယ့်ဗျာ။ ကမ္ဘာ့စစ်တွေကြောင့် အိုလံပစ် ကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းလိုက်ကြတယ်။ ဒီတော့ ကျွန်တော်ဟာ စိတ်လေရတယ်။ ကျွန်တော် အရက်တွေချည်း ဖိသောက်တယ်။ မိန်းမရဲ့လက်ဝတ်လက်စား တွေပါမကျန် ခိုးရောင်းပြီး ...
movie

Gold (2018)

2018
Dil Dhadakne Do (2015) 6.9
Dil Dhadakne Do (2015) ဒီဇာတ်ကားမှာ နာမည်ကြီး Bollywood မင်းသမီး(၂) ယောက်ဖြစ်တဲ့ Priyanka Chopra နဲ့ PK ဇာတ်ကားထဲက မင်းသမီး Anushka Sharma တို့အပြင် သရုပ်ဆောင်တော်တော်များများတို့ ပါဝင်ထားပါတယ်။ အချစ် ၊ အမုန်း ၊ စီးပွားရေး ၊ လူမှုရေး ၊ မိသားစုမေတ္တာ နဲ့ လူ့သဘော သဘာဝတို့ကို ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီဇာတ်ကားထဲက ဒိုင်ယာလော့ခ်တချို့နဲ့ပဲညွှန်းပေးလိုက်ပါတယ်။ "ခင်ဗျား တစ်ယောက်ယောက်ကိုချစ်နေရင် သူ့ကို လွတ်လပ်အောင်နေပေးလိုက်ပါ..... လွတ်လပ်မှုဆိုတာ ခက်ခဲတယ်...အမြဲတမ်းလဲ အကောင်းဆုံးပဲ...နှလုံးသားတိုင်းကို ခုန်ခိုင်းပါ.... နေရာလေးသေးနေပေမယ့် ချစ်ခြင်းက ပြည့်စုံနေရင် ဘာတွေလိုအပ်နေဦးမှာလဲ" လူသားတွေအတွက် အလိုအပ်ဆုံးက ချစ်ခြင်းမေတ္တာဆိုတာ မြင်ရမှာဖြစ်ပါတယ်။ IMDB Rating (6.8/10) ရရှိထားတဲ့ Drama, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။ File size...(995MB) Quality...HDRip 720p Format...mp4 Duration....02:53:51 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aungနမူနာကြည့်ရန်
movie

Dil Dhadakne Do (2015)

2015