Channel Myanmar

Abigail Cowen

Witch Hunt (2021) 4.7
Witch Hunt (2021) Witch Hunt (2021) ===============စုန်းမတွေ တကယ်ရှိပြီး စုန်းအတတ်တွေကို တရားဥပဒေအရ တားမြစ်ထားတဲ့ မော်ဒန်အမေရိကခေတ်မှာ စုန်းမလေး ၂ ယောက်ကို ဝှက်ထားပေးတဲ့မိသားစု တစ်စုအကြောင်း ရိုက်ပြထားတာပါ။ကလယ်ရာ့မှာ အမေဖြစ်သူ မာသာရယ်၊ အမြွှာမောင်လေး ၂ ယောက် ရယ် ရှိပါတယ်။ ကလယ်ရာတို့အိမ်က အမေရိကန် နယ်စပ်ကိုဖြတ်ပြီး မက္ကဆီကိုဘက်ကို သွားမယ့် စုန်းတွေကို တစ်ညတာ တည်းခိုခွင့်ပေးတဲ့ အိမ်ပါ။ တစ်ရက်တော့ သူတို့အိမ်ကို စုန်း ညီအစ်မနှစ်ယောက် ရောက် လာပါတယ်။ ဖြစ်ချင်တော့ စုန်းတွေကို မက္ကဆီကိုဘက် ပို့ပေးတဲ့သူကို စုံထောက်က ဖမ်းမိသွားပြီး စုန်းညီအစ်မနှစ်ယောက် ကလယ်ရာတို့အိမ်မှာ သောင်တင်ဖို့ ဖြစ်လာပါတော့တယ်။စုန်းအတတ်ကို ရာဇဝတ်မှုလို ရှုမြင်ကြတဲ့အသိုင်းအဝိုင်းကြားထဲမှာ အဲဒီညီအစ်မကို ကလယ်ရာတို့ သေချာဝှက်ထားနိုင်ပါ့မလား။ ကလယ်ရာတို့ မိသားစုကရော စုန်းတွေနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ဆိုတာကို ဒီကား လေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်)File Size..........(1.03 GB) / (438 MB) / (246 MB) Quality............WEB-RIP 1080p ...
movie

Witch Hunt (2021)

2021
Redeeming Love (2022)
Redeeming Love (2022) ရှင် ကျွန်မကို ဘာလို့ဒီ​​လောက်ချစ်ရတာလဲကျွန်မက အငယ်အ​နှောင်းရဲ့ သမီးတစ်​​ယောက်၊ ​လူ့​လောကထဲ ​ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်က​နေ အ​ပြောခံရသူပါ၊ အ​မေကလည်း မျိုးရိုး​ကောင်းမဟုတ်သလို ​လောကဓံလှိုင်းတံပိုး ကြား ကာလသား​ရောဂါနဲ့ ဆုံးခဲ့ရသူပါ။ ကျွန်မဆိုတာကလည်း မိခင်​သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်​​"ဆိုတဲ့ နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်း​တော့တဲ့ မိန်းက​လေးတစ်​ယောက်ကို ဘာလို့ဒီ​လောက်ထိချစ်ရတာလဲရှင် ကျွန်မရဲ့အတိတ်အ​ကြောင်း တစ်ဝက်​လောက်သိရင်​​​တောင် စွန့်ခွာထွက်​ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကို​​တောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သ​ဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်​ထောင်ဖွား ​ယောကျ်ားသား​တွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာ​ကြောင့် ကျွန်မကို ဒီ​လောက်ထိ လက်ထပ်ချင်​နေရတာလဲကျွန်မဆိုတာ ကိုယ့်ခံစားချက်ကို​ဘေးချိတ်ပြီး ဝမ်း​ရေးအတွက် ဒီအလုပ်ကို လုပ်​နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အ​တွေးထဲ​တောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုး​ကောင်းသားတစ်​ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းက​​လေး​တွေ လက်ချိုး​ရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ​ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်​ထောင်မှုရဲ့အ​ဝေး ကျွန်မအမြဲထွက်​ပြေး​နေမိမှာပါ၊ ဒါဆိုလည်း ရှင်ကျွန်မကို ချစ်​နေ ဦးမှာလား..... မိုက်ကယ်အနာဂတ်မှာ ဘာဆက်ဖြစ်မလဲ​​တော့ ဇာတ်ဆရာအလိုကျ​ပေါ့ ==========================================မင်းကိုဘာလို့ ဒီ​လောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူးကိုယ်က လယ်သမားတစ်​ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ ...
movie

Redeeming Love (2022)

I Still Believe (2020) 6.4
I Still Believe (2020) IMDB 6.2 နဲ့ RT မှာ 46%ရထားတဲ့ လူငယ်ဂီတအချစ်ကားလေးလို့ ပြောရမယ်။Drama ကားကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတကားပဲ။တခုကြိုပြောစရာရှိတာက ဒါက ခရစ်ယာန်ယုံကြည်မှုကိုအသားပေးထားတဲ့ဇာတ်ကားလေးမလို့ သူတို့ဆိုတဲ့သီချင်းတွေသူတို့ရဲ့ရေဒီယိုထုတ်လွှင့်တဲ့နေရာတွေကလည်းခရစ်ယာန်အသိုင်းအဝိုင်းတွေပဲဖြစ်တယ်ဆိုတာကိုပါ။နောက်တခုပြောစရာရှိတာက ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာပါ။ကောလိပ်တက်ဖို့ ပြင်ဆင်ပြီးသွားတော့မယ့်သားကိုလိုက်ပို့နေတဲ့ချစ်စရာကောင်းတဲ့မိသားစုလေးတခု။ကောလိပ်သွားမယ့်သားကလည်း ဂီတမှာ ဝါသနာပါပြီး ထူးချွန်တဲ့သူတယောက်။သူကောလိပ်ရောက်တဲ့အခါမှာတော့ နဂိုကတည်းက သူအားကျရတဲ့အဆိုတော်ဆိုတဲ့ပွဲကိုသွားမိတ်ဆက်ရင်း ခင်မင်ခဲ့တယ်။နောက်ပြီး အဲဒီပွဲမှာပဲ ကောင်မလေးတယောက်ကိုမြင်ပြီး သဘောကျသွားခဲ့တယ်။အဲဒီကောင်မလေးကိုလည်း စကားသွားပြောရင်းနောက်ရက်မှာ​တော့ သူ့ကို အဲဒီကောင်မလေးက ညနေကျရင် တွေ့ဖို့ပြောခဲ့တယ်။သူလည်း တွေ့ဖို့သွားခဲ့ပေမယ့် သူထင်သလိုမဟုတ်ပဲမထင်ထားတဲ့သူတယောက်ကိုပါ တွေ့ခဲ့တယ်။နောက်ပိုင်းမှာတော့ အကြောင်းတခုကြောင့် သူတို့တွဲနေပေမယ့်ဘယ်သူ့ကိုမှ ပေးမသိခဲ့ကြဘူး။အဲဒီကိစ္စနဲ့ပဲ ပြဿနာတွေတက်ကြပြီးသူလည်း ခရစ်စမတ် အချိန်နဲ့ဆိုတော့ အိမ်ပြန်လာခဲ့တယ်။အိမ်ပြန်ရောက်တဲ့ညမှာပဲ ...
movie

I Still Believe (2020)