Channel Myanmar

Adam Brody

American Fiction (2023) 7.8
American Fiction (2023) American Fiction (2023)~ IMDb - 7.8/10, RT - 94%, Meta - 81% ~Poverty Porn ဆိုတဲ့ စကားလုံးကို တော်တော်များများ ရင်းနှီးပြီးလောက်ပြီ။ စာနဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံနဲ့ပဲဖြစ်ဖြစ် ရုပ်ရှင်နဲ့ပဲဖြစ်ဖြစ် ချို့တဲ့လူတွေ ချို့တဲ့နေတဲ့အခြေအနေတွေကို ဖော်ပြပြီး လူတွေရဲ့ ကရုဏာကိုရယူပြီး တစ်စိတ်တစ်ဒေသဖြစ်စေ အပြည့်အဝဖြစ်စေ ကိုယ်ကျိုးအတွက် အသုံးချတာမျိုးပေါ့။ ဒီရုပ်ရှင်က အဲဒါနဲ့ခပ်ဆင်ဆင် Black Trauma Porn နဲ့ ဆက်စပ်ပြီး အမေရိကန်အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကို သရော်ထားတဲ့ ရုပ်ရှင်။ Black Trauma Porn ဆိုတာက လူမဲတွေရဲ့ရုန်းကန်ရမှုတွေ ကျွန်ပြုခံရမှုတွေ ခွဲခြားခံရမှုတွေကို ပြပြီး စာနာမှုယူပြီး အပေါ်ကနည်းအတိုင်း အမြတ်ထုတ်တာမျိုးပဲ။ ရုပ်ရှင်ထဲက ဇာတ်ကောင်ကတော့ ဖန်တီးတဲ့လူတွေအပြင် ဒါတွေကို အရသာခံတတ်တဲ့လူတွေကိုပါ သရော်ထားတယ်။ တကယ်စာနာတာနဲ့ ဒီအခြေအနေကို အရသာခံတာရဲ့ကြားက ...
movie

American Fiction (2023)

2023
4K HEVC
River Wild (2023) 5.4
River Wild (2023)  IMDb RATING - 5.4/10 အခုပရိတ်သတ်ကြီးအတွက် thriller ဆန်ဆန်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အလုပ်ပိတ်ရက်မှာ အစ်ကိုဖြစ်သူဆီကို အလည်ရောက်လာခဲ့တဲ့ Joey နဲ့အတူ မြစ်ကြောင်းခရီးစဉ်လေးတစ်ခုသွားဖို့အတွက် စီစဉ်ခဲ့ကြပါတယ် အဲဒီခရီးစဉ်မှာ သူတို့နဲ့အတူလိုက်ပါလာတဲ့ Trevor က တကယ်တမ်းတော့ ရာဇဝတ်သားတစ်ယောက်ဖြစ်နေပြီး တခြားနိုင်ငံတစ်ခုကို နယ်စပ်ကနေထွက်ပြေးဖို့ တိုးတိုးတိတ်တိတ် ကြံစည်နေခဲ့တာကို သူတို့ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး အခြေအနေမှန်ကို သိသွားတဲ့အချိန်မှာတော့ Trevor က သူတို့အားလုံးကိုရန်ပြုခဲ့ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အထိ ပြုမူလာပါတော့တယ် သူလွတ်မြောက်ဖို့အတွက် အားလုံးကို ဓားစာခံအဖြစ်အသုံးချပြီးဆွဲခေါ်လာခဲ့ပေမဲ့ လမ်းခရီးမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေကြောင့် အခြေအနေတွေက အားလုံးရှုပ်ထွေးသွားခဲ့ပါတယ် ဒီအန္တရာယ်ကနေ Joey တို့ ဘယ်သူတွေ လွတ်မြောက်ပြီးအသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကို ဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Mystery, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

River Wild (2023)

Shazam! Fury of the Gods (2023) 6.5
Shazam! Fury of the Gods (2023) Shazam! Fury of the Gods (2023)ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။ စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။ မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, ...
movie

Shazam! Fury of the Gods (2023)

2023
4K HEVC
Cop Out(2010) 5.7
Cop Out(2010) Cop Out 2010=========== ဂျင်မီနဲ့ ပေါလ်တို့က နယူးယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေပါသူတို့အတူတူ အလုပ်လုပ်ခဲတ့ာ ကိုးနှစ်ရှိပါပြီ စုံစမ်းရင်းနဲ့အမှားလုပ်မိတာကြောင့် တာဝန်က လစာမပေးဘဲ ရပ်နားခံလိုက်ရပါတယ်ဂျင်မီရဲ့ သမီးလေး အေဗာကလည်း ခြောက်လအတွင်းမှာလက်ထပ်တော့မယ် ဂျင်မီတစ်ယောက် တစ်ဦးတည်းသောသမီးလေးမင်္ဂလာဆောင်အတွက် ပိုက်ဆံပေးဖို့ မတတ်နိုင်ပါဘူးဂျင်မီအတွက် တစ်ခုတည်းသော အားကိုးစရာက သူ့အဖေထားခဲ့တဲ့အန်ဒီပက်ဖ်ကိုရဲ့ ရှားပါး ဘေ့စ်ဘောကတ်လေးပါ သူနှမြောပေမဲ့ရောင်းရပါတော့မယ် ကံဆိုးနေတဲ့ ဂျင်မီ ဘေ့စ်ဘောကတ်သွားရောင်းရင်း ဆိုင်ကို ဓားပြတိုက်ခံရပါတော့တယ် ဓားပြတိုက်သွားတဲ့ဆေးသမားက ကတ်ကို ဆေးဝယ်ဖို့ ရောင်းလိုက်ပါပြီ ဒီလိုနဲ့ ဂျင်မီနဲ့ပေါလ် နယူးယော့ခ် မူးယစ်ရာဇာပို့ဘွိုင်းနဲ့ ပတ်သက်မိပါတော့တယ်စုံထောက် ဂျင်မီနဲ့ ပေါလ်ရဲ့ ဘေ့စ်ဘောကတ်ပြန်ရှာမဲ့ စွန့်စားခန်းကြီးအဆင်ပြေပါ့မလား ဘယ်လိုတွေလွဲကြဦးမလဲဆိုတာကိုတော.. (အညွှန်းနဲ့ ဘာသာပြန်တော့ Phu Myat Thwe ပဲ ဖြစ်ပါတယ်)File size…1.51GB / 578MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ..... Horror , ...
movie

Cop Out(2010)

My Father’s Dragon (2022) 7.0
My Father’s Dragon (2022) My Father's Dragon (2022) ==================== IMDb Rating - 7.0/10Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်‌ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ...
movie

My Father’s Dragon (2022)

2022
Welcome to the Jungle (2013) 5.5
Welcome to the Jungle (2013)  တစ်ချိန်တုန်းက တမ်းတမ်းစွဲကြိုက်ခဲ့ရတဲ့ အက်ရှင်မင်းသားကြီးဗန်ဒိန်းရဲ့ Adventure , Comedy ကားဟောင်းလေးကို ပြန်ခံစားကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားက (၂၀၁၃) ခုနှစ်ကထွကခဲ့တာ အခုဆိုရင် (၁၀)နှစ်ပြည့်ခါနီးနေပြီဆိုတော့ တော်တော်လေးကြာပြီလို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကုမ္ပဏီတွင်းအသင်းဖွဲ့နဲ့လုပ်ကိုင်တတ်အောင်လို့ ကျွန်းတစ်ကျွန်းပေါ်ခရီးထွက်လာခဲ့ကြရတဲ့ ကုမ္ပဏီအဖွဲ့သားတွေရဲ့ခရီးစဉ်က မထင်မှတ်တာတွေဖြစ်ပြီး ကျွန်းပေါ်မှာသောင်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုသောင်တင်နေတဲ့အဖွဲ့သားတွေကို အများကငကြောက် ငကြောင်လို့မှတ်ယူနေတဲ့ Chrisကကယ်တင်မလား...Chris ဆီကအိုင်ဒီယာကိုခိုးသွားတဲ့ အထက်လူကြီးPhilကပဲ ဦးဆောင်မလား..ကျွန်းပေါ်မှာ သူတို့ဘယ်လို ရှင်သန်လွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ကြည့်ရမယ့် ဟာသအက်ရှင်စွန့်စားခန်းဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Chit Tee ပါ )File Size__(1.6GB) / (900MB) Quality__Bluray_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Welcome to the Jungle (2013)

Scream (2022)
Scream (2022) Scream ရုပ်ရှင်တွေဟာ ကမ္ဘာကျော် ဖရန်ချိုက်စ် ရုပ်ရှင်တွဲ‌တွေပဲမို့ အများစု သိပြီးသားဖြစ်မှာပါ။ အခုနောက်ဆုံးထွက်တဲ့ ရုပ်ရှင်က Scream-5 တော့ rating 7 အထိ ရထားတာပြီး အတော်ကြည့်လို့ကောင်းပါတယ်။ ခုနောက်ပိုင်း ရုပ်ရှင်တွဲပေါင်းစုံရဲ့ နောက်ဆက်တွဲတွေက ကြည့်ရတာ စိတ်ပျက်ရတာ များနေတဲ့အချိန်မှာ Scream ကတော့ တမူထူးခြားအောင်ပြသွားပါတယ်။ ဒီကားက လူသတ်ဟော်ရာကားဖြစ်သလို စုံထောက်လို လျို့ဝှက်ဆန်းကျယ်လိုလို ဟာသလိုလိုလေးတွေလည်းပါပါသေးတယ်။ ဟောလိဝုရဲ့ ရုပ်ရှင်အတွဲလိုက်ကြီးတွေကိုတောင် လှောင်သွားပါသေးတယ်. Scream-1 ဟာ အရမ်းကောင်းခဲ့ပေမဲ့ Scream 2,3,4 က သိပ်ခြေရာမနင်းနိုင်တာကိုလည်း ပြန်လှောင်ထားသလိုပါပဲ။ အရင်ရုပ်ရှင်တွေရဲ့ မူလဒါရိုက်တာက ဆုံးပါးသွားပြီဖြစ်လို့ ဒီကားကတော့ ဒါရိုက်တာအသစ်ရဲ့လက်ရာအသစ်ပါပဲ။ ဒါ့အပြင် သရုပ်ဆောင် လူငယ်အသစ်ကောင်းကောင်းတွေကို မူလရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ သေချာပေါင်းစပ်ထားပြီး ဇာတ်လမ်းကိုလည်း ဆန်းသစ်ထားတာမို့ rating ကောင်းရနေတာဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ဘူး စပရိုက်များများဖြစ်အောင်လို့ပါ။ ကြည့်ကြည့်လိုက်ပါ ...
movie

Scream (2022)

Scream 4 (2011) 6.1
Scream 4 (2011) Scream 4 2011 ===========ဒီကားကတော့ scream 3 ထွက်ပြီး ၁၁ နှစ်ကြာမှ ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ထွက်လာတာဖြစ်လို့ တိုးတက်လာတဲ့ နည်းပညာတွေ ရုပ်ရှင်ပညာတွေကို ကောင်းကောင်းအသုံးချထားပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကားထက်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဆက်ထားပုံကတော့ သရဲမျက်နှာလူသတ်သမားနဲ့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၀ နှစ်ကျော်ကြာသွားပါပြီ။ အဲဒီအချိန်မှာ ဆစ်ဒနေက အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရေးစာအုပ်တစ်အုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ထုတ်ဝေတဲ့အခါ book tour လုပ်တော့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖြစ်လာပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆစ်နေဒန် ပြန်ရောက်လာတာကြောင့် သရဲမျက်နှာလည်း ပြန်ပေါ်လာပါတယ်။ IMDB 6.1 ရထားပြီး tomatometer 60% ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080p IMDb Rating__6.1/10 Format__mp4 Duration__1h 51min Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Htet Wai ...
movie

Scream 4 (2011)

2011
Jennifer’s Body (2009) 5.3
Jennifer’s Body (2009) ဒီဇာတ်ကားကတော့ မင်းသမီး မီဂန်ဖောက်ရဲ့ နာမည်ကြီး Horror ဇာတ်ကားပါ...Megan Fox အပြင် Amanda Seyfried လဲပါပါသေးတယ်...Horror ကားကောင်းလေးတစ်ကားဖြစ်တာနဲ့အညီ ကြည့်ရတာလည်း တော်တော့်ကိုကောင်းတဲ့ကားလေးကားလေးတစ်ကားလို့ဆိုထိုက်တယ်ဗျ။ ၂၀၀၉ ခုနှစ်ရဲ့ အချောလေးနှစ်ယောက် သူပြိုင်ကိုယ်ပြိုင်ဇာတ်ကောင်စရိုက်ယှဉ်ပြိုင်မှုတွေကလည်း နင်လား ငါလားနဲ့ကိုကြည့်ရတာအရသာတွေ့လှသလို မျက်စိပသာဒလည်းတော်တော်ဖြစ်တယ်ပေါ့လေ။ဂျနီဖာဟာတစ်‌ကျောင်းလုံးရဲ့အချစ်တော်အချောလေးဗျ။ အချောလေးဆိုတဲ့အတိုင်း အထက်‌တန်းကျောင်းပထမနှစ်လောက်တည်းကစပြီး ဘာညာကိစ္စနဲ့ပက်သက်လို့အတွေ့အကြုံရှိဖူးတယ်ပေါ့လေ။ပင်တိုင်ရည်းစားလေးရှိပေမဲ့ တစ်ခါတလေသဘောကျတဲ့ကောင်ချောလေးတွေတွေ့ရင် ကောက်ကောက်စားတတ်တဲ့ကောင်မလေးပေါ့။နိဒီကတော့ ဂျနီဖာရဲ့အချစ်ဆုံးသူငယ်ချင်းမလေးပေါ့ဗျာ။ ငယ်ငယ်တည်းကခင်လာကြတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့စရိုက်တွေကတော့ ဆန့်ကျင်ဖက်တွေပါ.. တစ်ယောက်က တစ်ကျောင်းလုံးရဲ့အလှပဂေးဖြစ်သလို ခေတ်ရှေ့ကိုနှစ်ဆလောက်ပြေးနေတဲ့သူ ၊ တစ်ယောက်ကတော့စာကြမ်းပိုးဗိုင်းကောင်းကျောက်ဖိ လူမသိသူမသိလေးဆိုတော့ ဇာတ်ကောင်ပိုင်းအရဆို ဆန့်ကျင်ဖက်နှစ်‌ယောက်ကသူငယ်ချင်းတွေဖြစ်နေတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းစတာကတော့ သူတို့ရဲ့နယ်မြို့လေး‌ဆီကိုမြို့ကြီးပြကြီးကရော့ခ်ဂီတတီးဝိုင်းအဖွဲ့ရောက်လာတဲ့အခါ ခေါင်းဆောင်အဆိုတော် ကောင်ချောလေးပါမှန်း သိလိုက်တဲ့ဂျနီဖာက တစ်စခန်းထရာက စပါတယ်...သူစခန်းထတာမှာ အဖော်ပါဖို့ နိဒီကိုပါခေါ်ပြီး ရှိုးပွဲသွားကြရင်း ဘယ်လိုကြောက်မက်ဖွယ်အဖြစ်အပျက်တွေကြုံကြရမလဲဆိုတာ.....။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်နဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားပါတယ်။)  File size…(1.8 GB) / (999 MB)/ (500 MB) Quality…BluRay Unrated 1080p/720p/480p Format…mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Jennifer’s Body (2009)

Ready or Not (2019) 7.1
Ready or Not (2019) ချမ်းသာပြီး လျို့ဝှတ်တက်တဲ့ မိသားစု တစ်ခု ရှိတယ် သူတို့ဟာ ဂိမ်းမင်းမျိုးဆက် လို့ ခေါ်ခံရပြီး ဂိမ်းကစားနည်းတွေကို ထုတ်လုပ်သူတွေဖြစ်ပါတယ် သူတို့ရဲ့ ကြီးကျယ်ခန်းနားတဲ့ နန်းတော်လို စံအိမ်ကြီးမှာ နေပြီး မျက်နှာတွေကတော့ တစ်ခုခုကို အလိုမကျတဲ့သူတွေလိုပေါ့ အဲ့ဒီအိမ်ကြီးမှာ အငယ်ဆုံးသားဖြစ်သူ အဲလစ်ကတော့ တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ကောင်မလေးကို လက်ထပ်ယူဖို့ အိမ်ကိုခေါ်လာခဲ့ပါတော့တယ် ဒီမိသားစု အကြောင်း ဘာမှ မသိပဲ မောင့် တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်လာခဲ့တဲ့ ဂရေ့စ် ကတော့ ဒီမိသားစု နဲ့ အသားကျသွားဖို့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားမယ်လို့ အဆုံးစွန်ထိ တွေးပြီးသားပါ အားလုံးအဆင်ပြေပြေ ဖြစ်ခဲ့ပါတယ် မင်္ဂလာဆောင်တဲ့ ညမှာပဲ ဒီမိသားစု ဟာ အစဉ်အလာ တစ်ခုကို ထိန်းသိမ်းထားပြိး ဂိမ်း တစ်ခုကို ကစားရမှာ ဖြစ်ပါတယ်... မိသားစု ထဲ လူအသစ်ဝင်လာရင် ဒီမိသားစု နဲ့ ထိုက်တန်လား ဆိုတာ ဆုံးဖြတ်ကြဖို့ အတွက် သတို့သမီးက ပုန်းရမှာ ဖြစ်ပြီး မိသားစု များက လိုက်ရှာရမှာပါ ဒီလို တူတူပုန်းတမ်း ကစားနည်းကို ...
movie

Ready or Not (2019)

2019
HEVC 1080p 5.1
Promising Young Woman (2020) 7.4
Promising Young Woman (2020) Promising Young Woman အညွှန်းကတ်စီ ရဲ့ဘဝမှာ အရာရာတိုင်းက ထင်ထားသလို မဟုတ်ပါဘူးသူမဟာ လှသလောက် ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကကျစ်လည်း ကျပါတယ်သူမဟာ ညဘက်ရောက်ရင် ကလပ်မှာ ယောက်ျားတွေကိုအမူးလွန်ချင်ယောင်ဆောင်ပြီး လှည့်ဖြားတတ်တဲ့ မိန်းမတစ်ယောက်ပါတစ်ချိန်က အရမ်းစာတော်တဲ့ ဆေးကျောင်းသူလေးက ဒီလိုဘဝမျိုးကို ဘယ်လိုများ ရောက်လာတာလဲ?တစ်ချိန်က စိတ်ဒဏ်ရာဖြစ်စေခဲ့တဲ့ အဖြစ်ဆိုးကို သူရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလားPromising Young Woman 2020 ဟာ 92% tomatometer ရထားပြီးIMDB score 7.4 ရထားတဲ့ ထိတ်လန့်သဲဖို ကားကောင်းတစ်ကားပဲဖြစ်ပါတယ်အပြင်ပန်းမှာ အချစ်ဟာသကားယောင် ဆောင်ထားပေမယ့်လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာအကြောင်းနက်နက်နဲနဲ ရိုက်ကူးပြထားတဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် Translated by : Htet Wai LwinEncoded by : YKQuality : 720 p WEBSCRFile Size : 1.2GbDuraion .1h 53minSubtitle ...
movie

Promising Young Woman (2020)

2020
The Oranges (2011) 5.8
The Oranges (2011) The Oranges (2011)CM ပရိသတ်တို့ရဲ့အချစ်တော် ဒေါက်တာဂွစာကြီး ဟောက်စ်ကို နောက်ကာရိုက်တာတစ်မျိုးနဲ့ မြင်ရမယ့်ကားလေးပါဇာတ်လမ်းအကျဥ်းကတော့ နယူးဂျာဆီပြည်နယ်က Orange ဆိုတဲ့မြို့နယ်လေးမှာနေထိုင်တဲ့သိပ်ကိုခင်မင်ကြတဲ့ အိမ်နီးချင်းမိသားစုနှစ်စုရှိပါတယ်မိသားစုနှစ်စုက သမီးဖြစ်သူ နီနာနဲ့ ဗန်နက်ဆာတို့ဆိုလည်း ငယ်ငယ်ကအရမ်းခင်ခဲ့ကြပြီးအထက်တန်းရောက်မှ နီနာကဗန်နက်ဆာ့ကိုပလစ်ပြီး ကျောင်းကအလန်းဇယားကောင်မလေးအဖွဲ့နဲ့သွားပေါင်းခဲ့တာပါနီနာဆိုတဲ့ကောင်မလေးက မိဘအပေါ်လည်း ဂျစ်ကန်ကန်နဲ့ ကလန်ကဆန်လုပ်၊ ကောင်လေးတွေလည်းထည်လဲတွဲပြီးသူ့အသက်၂၄နှစ်အရွယ်မှာ မိဘသဘောမတူတဲ့အီသန်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ဖို့လုပ်ပြီးအီသန်ကသူ့အပေါ်သစ္စာဖောက်သွားမှ မိဘအိမ်ပြန်လာတာပါအိမ်ပြန်ရောက်တော့လည်း နီနာဆိုတဲ့ အမွှေစိန်လေးက အငြိမ်မနေပါဘူးသူ့ရဲ့ဂြိုဟ်မွှေချက်က ဗန်နက်ဆာ့အဖေနဲ့အမေဖြစ်တဲ့ ဒေးဗစ်နဲ့ပေ့ချ်ကို ပြတ်စဲမလိုဖြစ်စေပြီး ဒေးဗစ်နဲ့ သူ့အဖေဖြစ်သူတယ်ရီကြားကခင်မင်မှုကိုလည်းပျက်မလိုဖြစ်စေခဲ့တာဆိုတော့ ဘယ်လိုတွေဂြိုဟ်မွှေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦးစာကြွင်း - ဒီထဲမှာ ဒေါက်တာဟောက်စ်ရဲ့ကာရိုက်တာက ဟောက်စ်လိုမျိုး ဇွတ်တရွတ်နိုင်တယ်လို့ပြောလို့ရပေမယ့် ဟောက်စ်လိုခေါင်းမာတဲ့လူကြီးမဟုတ်ဘဲ သိပ်ကိုသဘောမနောကောင်း လိုက်လျောတတ်တဲ့လူကြီးအဖြစ် တွေ့ကြရမှာပါအပေါ်မှာပြောခဲ့တဲ့ဇာတ်ကောင်တွေထဲက ဘယ်သူဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်  Translated by MTAEncoded by YKFile Size : 1.58GB and 791MBQuality : 1080p Blu-Ray H264 ...
movie

The Oranges (2011)

The Kid Detective(2020) 7.0
The Kid Detective(2020) The Kid Detective(2020)IMDb...7.0အေ့လို့ခေါ်တဲ့ ကောင်လေးက အသက် ၁၂ အရွယ်ကနေ စပြီး ကလေးစုံထောက်အဖြစ် အလုပ်စလုပ်ခဲ့တယ်။ထက်မြတ်တဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့် အမှုတွေကို ဖော်ပေးနိုင်ခဲ့တဲ့အတွက် သူ့မြို့လေးမှာသူဟာ အရမ်းကို နာမည်ကြီးလာခဲ့တယ်....မြို့လယ်ခေါင်မှာ ရုံးခန်းလေး ဖွင့်နိုင်တဲ့အထိ သူက အောင်မြင်ခဲ့တယ်။ အမှုအပ်တဲ့သူတွေများလာသလိုသူကိုယ်တိုင်လည်းအတွေ့အကြုံတွေများလာတဲ့အတွက် တော်ရုံအမှုဆို အချိန်တိုအတွင်းဖြေရှင်းနိုင်လေ့ရှိတယ်....နောက်ပိုင်း သူ့ရုံးခန်းလေးအတွက် အတွင်းရေးမှူးမလေးအဖြစ် သူ့သူငယ်ချင်း ဂရေစီကိုတောင်  အလုပ်ခန့်ထားပါသေးတယ်...အဲ့ဒီနောက်မှာတော့ သူ့အောင်မြင်မှုတွေနဲ့ သူ့ဘဝကို ဟိုးအောက်ဆုံးဆွဲချသွားစေတဲ့ဖြစ်ရပ်တစ်ခုရောက်လာခဲ့တယ်..အဲ့ဒါက သူ့ သူငယ်ချင်းမလေး ဂရေစီ ပြန်ပေးဆွဲခံရပြီး  သူဘယ်လောက်ပဲကြိုးစား ကြိုးစားပြန်မတွေ့တော့တဲ့အဖြစ်ကြောင် ့စိတ်ဓာတ်တွေအကြီးအကျယ်ကျခဲ့တဲ့အပြင် သူ့ကိုလည်းအားလုံးက ဖယ်ကျဉ်လာကြတယ်...နောက်ဆုံးမှာတော့ သူ့နာမည်ကိုပြန်အဖတ်ဆယ် ခက်ခဲလွန်းတဲ့အမှုကြီးတစ်ခုကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ်...သူအောင်မြင်မလားဆိုတာကိုတော့.......စိတ်ဝင်စားစရာမှုခင်စုံထောက်ကားတွေသဘောကျတဲ့သူတွေအတွက်ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်....   File Size :(930 MB) and (380 MB) Quality :WEB-DL 720p Format…mp4 Duration…01:40:00 Genre :  Comedy, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Kid Detective(2020)

Jay and Silent Bob Reboot (2019) 5.9
Jay and Silent Bob Reboot (2019) Jay နဲ့ Silent Bob ဆိုတာကတော့ အပြင်မှာတကယ်ရှိတဲ့ဆေးသမား ၂ ယောက်ကို အခြေပြုပြီး Kevin Smith ကဖန်တီးထားခဲ့တဲ့ဇာတ်ကောင်တွေပါသူတို့ကို Bluntman နဲ့ Chronic လို့လည်းသိထားကြပါတယ်...ဒီ Reboot မတိုင်ခင် သူတို့ Universe အတိုင်းဇာတ်ကားပေါင်းများစွာထွက်ရှိထားပါသေးတယ်...ဒီ Reboot ထဲမှာတော့ တကယ့်အပြင်က Jay နဲ့ Bob တို့တစ်တွေသူတို့နာမည်တွေကိုလုယူပြီး ရုပ်ရှင်ရိုက်မယ့်Kevin Smith ကိုတားကြမှာဖြစ်ပါတယ် ​Comedy ရသအပြည့်အဝနဲ့ အတူChris Hemsworth, Ben Affleck, Matt Damon နဲ့နောက်ဆုံး Stan Lee ပါ Cameo အဖြစ်ပါဝင်ထားကြတာမို့လို့ကြည့်ကောင်းပါတယ်လို့ လက်တို့လိုက်ရင်းစကားအသုံးအနှုန်းကြမ်းတာလေးတော့သတိပြုစေချင်ပါတယ်လို့... File Size : ( ...
movie

Jay and Silent Bob Reboot (2019)

Shazam! (2019) 7.5
Shazam! (2019) ဒီဟီးရိုးကတော့ မှော်အစွမ်းကို အခြေခံထားတာပါပဲ။ Shazam လို့အော်လိုက်ရင် 14 နှစ်သားကောင်လေးအဖြစ်ငးကနေလူကြီးအရွယ် စူပါဟီးရိုးအဖြစ် ပြောင်းလဲသွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မှော်ဆရာအဖွဲ့ကြီးတစ်ခုရဲ့ နောက်ဆုံးကျန်တဲ့ မှော်ဆရာဟာကမ္ဘာကြီးကို နတ်ဆိုး ၇ ပါးရန်ကနေ ကာကွယ်ထားရပါတယ်။ သူ့ရဲ့အစွမ်းတွေ အားနည်းလာချိန်မှာတော့ သူ့နေရာကိုဆက်ခံဖို့ စိတ်ထားကောင်းမွန်တဲ့ လူတစ်ယောက်ကို ရှာဖွေရပါတော့တယ်။ဒီဟီးရိုးကတော့ Justice League သာ ဆက်ထွက်ခဲ့ရင် ပါလာနိုင်တာမို့ သူ့ရဲ့ မူလဇစ်မြစ်ကို ဒီကားမှာ သေချာတွေ့ရမှာပါ။(Littleneo ဘာသာပြန်သည်)File Size : (2.50 GB) , (1.20 GB) and (600 MB) Quality : Blu-Ray (1080p 5.1,720p,480p) Running Time : 2hr 12min Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle ...
movie

Shazam! (2019)

2019
The Ring (2002) 7.1
The Ring (2002) Rotten Tomatoes ... 71%The Ring အဝန်းအဝိုင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။ ဖုန်းမြည်သံလို့လည်းအဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်ကားနဲ့ ဆက်စပ်ကြည့်ရင် ဒီအဓိပ္ပါယ်နှစ်ခုလုံးကိုတွေ့ရမှာပါ။ ဒီသေမင်းတမာန် ဗီဒီယိုတိပ်ခွေ ဇာတ်လမ်းကို ကြည့်ဖူးသူတွေများမယ်ထင်ပါတယ်။အဲဒါကြောင့် အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ ဒီဇာတ်ကားလေးကို Ring ဆိုတဲ့ ဂျပန် ဇာတ်လမ်းတစ်ခုက ကျောရိုးယူပြီးရိုက်ထားပေမယ့်တစ်ဝက်လောက် အကြောင်းအရာမတူပါဘူး။ ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် မင်းသမီးနဲ့မင်းသားတို့က ဒီဇာတ်ကားကိုဟားစရာဖြစ်မယ်လို့ ထင်ထားခဲ့ကြပေမယ့် အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ သရဲမလေး ဆာမာရာနေရာက သရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင် Daveigh Chaseဆိုရင် သူ့ကိုယ်သူပြန်မကြည့်ရဲတဲ့အထိကြောက်မိပါတယ်တဲ့။ ဒီဇာတ်ကားလေးကို ပြန်လည်ခံစားချင်သူတွေ အရင်ကအရမ်းလန့်ခဲ့ဖူးတာလေးတွေကိုပြန်သတိရချင်သူတွေအတွက် ပြန်တင်ဆက်လိုက်ရပါတယ်ဗျာ။ဒီကားလေးက Rating မြင့်တဲ့ Horror, Mysteryဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 950 MB) and ( 430 MB) Quality__BR-Rip 720p IMDb Rating__7.1/10 Format__mp4 Duration__01:55:18 Type__Horror , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by Naing Aung Latt
movie

The Ring (2002)

2002
Thank You for Smoking (2005) 7.6
Thank You for Smoking (2005) Rotten Romatoes - 86%ဆေးလိပ်သောက်တာ မကောင်းဘူး။ ဆေးလိပ်သောက်တတ်သူတွေ အတော်များများနားခါးကြမယ့်စကားပါ။ အဲဒါကိုဘယ်သူပြောတာလဲ။ အဲဒါကယုံကြည်ရတဲ့နေရာကအချက်အလက်လား။ သောက်ဖူးလား။ တကယ်သောက်တဲ့သူတွေအဲလိုဖြစ်တာမြင်ဖူးလား စတဲ့ အချက်အလက်တွေနဲ့ ပြန်ပြီးဘလိုင်းကြီးဆေးလိပ်သောက်တာ မကောင်းဘူးပြောတဲ့သူကို ပြန်ရှင်းခိုင်းလိုက်ပါ။လေ့လာချက်တစ်ခုအရ စာသားတစ်ခုရဲ့အရှေ့မှာ လေ့လာချက်တစ်ခုအရ ဒါမှမဟုတ်သိပ္ပံနည်းကျပြောပြချက်အရ ဆိုတာကို တပ်ပြီးပြောရင် ပိုပြီးယုံချင်တတ်ကြပါတယ်တဲ့။ဒီဇာတ်ကားမှာကလည်း အဓိကဇာတ်ဆောင်က သိပ္ပံနည်းကျအချက်အလက်တွေကိုသုံးပြီး ဆေးလိပ်ဘက်ကနေ ပြန်လည်တိုက်ခိုက်သွားတာကို မြင်တွေ့ရမှာပါ။အမှန်တရားဆိုတာ ကိုယ်မြင်တဲ့အမြင်ပေါ်မူတည်တယ်ဆိုတဲ့ အချက်ကိုသုံးပြီးနေရာပြောင်းပြသွားတာတွေက အရမ်းကို လှပါတယ်။လူတော်တော်များများက အရမ်းအန္တရာယ်များပါတယ်ဆိုတဲ့ ဆေးလိပ်ကို ပညာသားပါပါနဲ့နေ့စဉ်သုံးပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ချင်စိတ်ပေါက်သွားနိုင်အောင် စကားလုံးတွေကအရမ်းလန်းပါတယ်။IMDB Rating 7.6 ထိရရရှိထားပြီး Satire,Comedy အမျိုးအစား ဇာတ်ကားတစ်ကားပါ။ဟားနေရင်း တွေးချင်ရင်တော့ ကြည့်လိုက်ကြပါဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 350 MB) and ( 850 MB) Quality__BR-Rip 720p IMDb Rating__7.6/10 Format__mp4 Duration__01:32:07 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by ...
movie

Thank You for Smoking (2005)

2005
Seeking a Friend for the End of the World(2012) 6.7
Seeking a Friend for the End of the World(2012) Seeking a Friend for the End of the World(2012)IMDb....6.7၃ပတ်အတွင်းမှာကမ္ဘာကြီးကဂြိုလ်ဆိုင်တစ်ခုနဲ့တိုက်မိပြီး ကမ္ဘာပျက်တော့မယ်တဲ့ နောက်ဆုံးအချိန်လိုဖြစ်နေတဲ့ (၃)ပတ်မှာ ခင်ဗျားဆိုရင်ရောဘာတွေဆက်လုပ်မိမှာပါလိမ့်.... Dodgeဆိုတဲ့အာမခံဝန်ထမ်းတစ်ယောက်အတွက် အဲ့ဒီသ တင်းကြေငြာ ကု ိကြားလိုက်ရတော့ ခဏတာ သွေးပျက်သွားတယ် တိုက်တိုက် ဆိုင် အဲ့ဒီအချိန်မှာ သူ့မိန်းမကလည်းထားသွားခဲ့တယ်.... ဒါပေမယ့်သူ့ဘဝကိုသူပုံမှန်ဆက်သွားဖို့ကြိုးစားတယ် ... Pennyဆိုတဲ့ကောင်မလေး သူ့မိသားစုဆီသွားဖို့ နောက်ဆုံးလေယာဉ်ကိုလွတ်သွားတယ်...ကမ္ဘာကြီးကလည်း(၃)ပတ်အတွင်း ပျက်သုန်းသွားနိုင်သတဲ့... သူတို့၂ယောက်ကအိမ်နီးချင်းတွေ... (၃)ပတ်ဆိုသောကာလလေးမှာ သူတို့(၂)ယောက်ဟာ ဘယ်လိုဖြတ်သန်းကြမလဲ.... ... ဒီကားထဲကဟာသမင်းသားကြီးး Steve Carell  နဲ့ မင်းသမီးချော Keira Knightleyကိုတော့ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်... ဟာသဟန်တွေနဲ့ ဘဝနေနည်းတစ်ချို့ကိုအချိန်ကိုက်ပြသွားတဲ့ကားလေးမို့ ကြည့်လိုက်ပါဦးလို့.........ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ်JtheKoala ဖြစ်ပါတယ်..File Size : (869 MB) and (335 MB) Quality : Blu-Ray 720p Format…mp4 Duration…01:41:00 Genre : Adventure, Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by ...
movie

Seeking a Friend for the End of the World(2012)

CHiPS (2017) 6.0
CHiPS (2017) ကဲအခုနှစ်2017 ကမှထွက်ထားတဲ့Comedy/Actionကားလေးပါဗျာ။မင်းသားကိုတချက်ကြည့်လိုက်တာနဲ့သိလောက်မှာပါ။ဂျွန်ဘိတ်ကာနဲ့ပေါ့ခ်ျရီလိုဆိုတဲ့သူနှစ်ယောက်ဟာကာလီဖိုးနီးယားအမြန်လမ်းရဲတပ်ဖွဲ့ကိုတူတူအသစ်ဝင်လာကြတဲ့သူတွေပါ။ဒါပေမယ့်ဝင်လာရတဲ့အကြောင်းအရင်းတွေကတော့မတူကြပါဘူး။ဂျွန်ဘိတ်ကာကအရင်ကဆိုင်ကယ်ပြိုင်ပွဲမောင်းတဲ့သူပါ။အတိတ်ကရွှေရောင်နေ့ရက်တွေမှေးမှိန်သွားပြီးတဲ့နောက်အိမ်ထောင်ရေးပြန်လည်အဆင်ပြေစေဖို့ရဲဝင်လုပ်တာပါ။ပေါ့ခ်ျရီကတော့FBIအထူးစုံထောက်ဖြစ်ပြီးအဲဒီအမြန်လမ်းရဲတပ်ဖွဲ့ရဲ့အမှုတခုကိုဖြေရှင်းဖို့အသွင်ယူပြီးရောက်လာခဲ့တာပါ။နှစ်ယောက်လုံးတူတူရောက်လာကြပြီးပူးတွဲတာဝန်ပေးခံလိုက်ရတဲ့အခါမှာတော့ပေါ့ခ်ျရဲ့ကြောင်တောင်တောင်အကျင့်တွေဘိတ်ကာရဲ့အူအူပုံစံတွေအတွေးအခေါ်တွေကြောင့်ဘယ်လိုတွေပေါက်ကရဖြစ်ကြမလဲ။တယောက်ကအခုမှရဲလုပ်မယ့်သူ၊တယောက်ကအတွေ့အကြုံရှိတဲ့သူဘယ်လိုတွေအဆီအငေါ်မတည့်ဖြစ်ကြမလဲ။သူတို့နှစ်ယောက်ဘယ်လိုကတောက်ကဆတ်တွေဖြစ်ပြီးရယ်စရာတွေလုပ်ပြမလဲ။အမှုကရောဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ဗျာ။အားလပ်ချိန်ကိုအားရပါးရရယ်လိုက်မောလိုက်အပန်းဖြေလိုက်ကြရအောင်ဗျာ။[မင်းသားကတော့ပေါက်ကရလုပ်မယ့်မင်းသားဆိုတာသိမှာပါ:P]။ပြောတာလေးတွေကနည်းနည်းတော့ဆဲတာလေး18+တွေပါပါမယ်။မိသားစုနဲ့မကြည့်သင့်ပါဘူး။(ဘာသာပြန်သူကတော့ The Fridays ဖြစ်ပါတယ်)File Size : 750 MB/400 MB Quality : Bluray 720p Running Time : 1hr 40minutes Format : Mp4 Genre : Action, Comedy, Crime Translator : The Fridays Encoder :Thanhtike Zaw
movie

CHiPS (2017)

2017