Channel Myanmar

Adam Cheng

Fantasy Mission Force (1983)
Fantasy Mission Force (1983)   သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချန်းပါဝင်တဲ့ ဒီဇာတ်ကားကတော့ ဂျပန်မဲ့ တရုတ်စစ်တွင်းကာလကို နောက်ခံပြုထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။တိုက်ပွဲတစ်ပွဲမှာ ဂျပန်တွေက တရုတ်ဘက်က ခေါင်းဆောင် ၄ ယောက်ကို ဖမ်းခေါ်သွားခဲ့တယ်။ ဒီသတင်းပြန့်သွားရင် တပ်သားတွေ စိတ်ဓာတ်ကျကုန်မှာစိုးလို့ဆိုပြီး အဖွဲ့သစ်တစ်ဖွဲ့ ဖွဲ့ပြီး ၄ ရက်အတွင်း ခေါင်းဆောင်တွေကို ပြန်ခေါ်လာခိုင်းတယ်။ အဲ့အဖွဲ့မှာဆိုရင်တော့ သူခိုးလောင်စွန်း၊ ထွက်ပြေးချန်ပီယံ၊ ကလိမ်ကကျစ်သမားနဲ့ သူ့ရည်းစားဟောင်း၊ လက်ဝှေ့သမားနဲ့ သူ့ပါတနာတွေ ပါတယ်။ ပိုက်ဆံရမယ်ဆို ဘာမဆို လုပ်မယ်ဆိုတဲ့ အဖွဲ့တွေပေါ့။ပရမ်းပတာ အဖွဲ့ဖြစ်တဲ့ သူတို့တွေ အလွဲလွဲအချော်ချော်တွေကြားထဲက မစ်ရှင်ကို ဘယ်လို ကျေပွန်အောင် ဆောင်ရွက်ကြမလဲ ဟာသနှောပြီး ကြည့်ရမဲ့ Comedy, Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့တွေ တကယ်ပဲ မစ်ရှင်ကို အောင်မြင်နိုင်ပါ့မလား၊ ကိစ္စက သူတို့ထင်ခဲ့သလို ရိုးရှင်းမနေခဲ့မှန်း သိလိုက်ရတဲ့အချိန်မှာ တကယ့် final boss က ...
movie

Fantasy Mission Force (1983)

The Legend II ( 1993 ) 6.9
The Legend II ( 1993 ) ဒီတစ်ခေါက်မှာလဲ မင်းသားကြီးဂျက်လီပါဝင်တဲ့ သိုင်းအက်ရှင်ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။မန်ချူးနဲ့ ဂျပန်တွေကျူးကျော်မှုခံရတဲ့အချိန်မှာ တော်ဝင်မျိုးဆက်ရင်သွေးကို ပန်းနီဂိုဏ်းရဲ့အကူအညီနဲ့ ဂျပန်ကိုပို့ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့ မင်းအလောင်းအလျာဟာ ပန်းနီဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်လာပြီး ဘုန်းကြီးတစ်ပါးက သူ့ကို ဧကရာဇ်ဖြစ်ကြောင်း သူ့ဘေးမှာ သစ္စာဖောက်တစ်ယောက်နဲ့ကယ်မယ့်သူ တစ်ယောက်ရှိကြောင်း ဗေဒင်ဟောခဲ့ပါတယ်။ဘုန်းတော်ကြီးရဲ့ဟောပြောချက်မှန်မလားမှားမလားတော့ ရုပ်ရှင်မှာပဲစီးမျောခံစားကြည့်ပါ။ သိုင်းအက်ရှင်တင်မကပဲဟာသနဲ့ မင်းသမီးချောတွေကြောင့်ကြည့်ရတန်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Comedy Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK
movie

The Legend II ( 1993 )

Saving General Yang (2013) 6.4
Saving General Yang (2013) IMDb Rating(6.4)ရန်အိမ်တော်ဆိုတာနဲ့ တစုန့်ခေတ်က အရဲရင့်ဆုံးစစ်သူကြီးအဖြစ် လျောင်နိုင်ငံရဲ့ကျူးကျော်မှု‌တွေကိုတွန်းလှန်ခဲ့တဲ့စစ်သူကြီး "ရန်ရဲ့"ကို တော်တော်များများ သိကြမှာပါ။ နှစ်ပေါင်းများစွာ တစုန့်ပြည်အတွက် သက်စွန့်ဆံဖျားအစေခံရင်း အလုပ်အကျွေးပြုခဲ့တဲ့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲအကြောင်းကို ဒီရုပ်ရှင်မှာလိုက်ပါစီးမျောခံစားလိုက်ပါ။ဇာတ်လမ်းအကျဉ်း............တစုန့်ပြည်ကိုကာကွယ်ရင်း လွန်ခဲ့သော ဆယ်နှစ်က သူအနိုင်တိုက်ခဲ့တဲ့ လျောင်စစ်တပ်ရဲ့ ဗိုလ်ချုပ်သားနဲ့ပြန်ရင်ဆိုင်ရတဲ့အခါ... စစ်ပွဲက သာမန်စစ်ပွဲနဲ့မတူတော့ဘဲ ရန်ငြိုးတွေကို အပြတ်ရှင်းကြမယ့်စစ်ပွဲဖြစ်နေတဲ့အခါ... ထောင်ချောက်မိပြီး ဝံပုလွေတောင်ခံတပ်မှာ ပိတ်မိနေတဲ့စစ်သူကြီးကိုကယ်တင်မယ့် သူ့သား၇‌ ယောက်... သူတော်စဉ်ကြီးရဲ့ သား ၇ ယောက်သွားပြီး ၆ယောက်ပြန်လာမယ် လို့ထွက်ပေါ်လာတဲ့ကောလဟာလ... တကယ့်အဖြစ်အပျက်နဲ့ဘာတွေလွဲမှာလဲ။ တကယ်တမ်းမှာ ဘယ်သူတွေအသက်ရှင်မှာလဲဆိုတာကို သမိုင်းဖြစ်ရပ်မှန်တွေနဲ့ ချိတ်ဆက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဟောင်ကောင်ဒါရိုက်တာ Ronny Yu ရဲ့လက်ရာဖြစ်သလို အစအဆုံးဆွဲဆောင်မှုရှိရှိနဲ့တင်ဆက်ထားနိုင်ပါတယ်။CGI မကြိုက်တဲ့မိတ်ဆွေတွေအတွက် ကြည့်ရတန်မယ့်ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.8 GB)/(1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lwin Htoo Aung
movie

Saving General Yang (2013)

The Legend (1993) 7.2
The Legend (1993) fong sai yukဂျက်လီရဲ့ဟောင်းနေပေမဲ့ကောင်းနေဆဲဇတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်rating ကလည်းအလန်းကြီးဆိုတော့အထွေးအထူးပြောစရာမလိုတော့ပါဘူးဇတ်လမ်းကတော့တရုတ်ပြည်ကိုမန်ချူးတွေကျူးကျော်စဉ်ကတရုတ်တော်လှန်းရေးသမားတွေဟာမန်ချူးတွေကိုရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ပါတယ်အဲဒီထဲမှာမြို့မျက်နှာဖုံးဖြစ်တဲ့ဖွန်စိုင်ယုရဲ့အဖေလည်းအပါအဝင်ပါပဲမန်ချူးတပ်တွေဖွန်စိုင်ယုရဲ့အဖေအကြောင်းသိသွားတဲ့အခါမှာအဖေကိုအထိအခိုက်မခံနိုင်တဲ့ဖွန်စိုင်ယုတစ်ယောက်အဖေကိုဘယ်လိုကာကွယ်မလဲတော်လှန်ရေးသမားစာရင်းတွေကိုကောမပေါက်ကြားအောင်လူငယ်လေးဖွန်စိုင်ယုဘယ်လိုကာကွယ်မလဲစိတ်ဝင်တစ်စားစောင့်ကြည့်ရမှာပါဖွန်စိုင်ယုအဖြစ်ဂျက်လီကအကောင်းဆုံးသရုပ်ဆောင်ထားပြီးမန်ချူးဘက်တော်သားအဖြစ်တရုတ်နာမည်ကျော်မင်းသားvincent zhaoကအကောင်းဆုံးသရုပ်ဆောင်ထားပါတယ်ဒီဇတ်ကားလေးဟာကြာပြီဆိုပေမဲ့အကောင်းဆုံးဘလူးရေးကွာလတီကိုရှာကြံဒေါင်းပြီးပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်ဂျက်လီရဲ့အကောင်းဆုံးကွန်ဖူးအက်ရှင်တွေနဲ့အတူအားလုံးအကြိုက်တွေ့ကြမှာပါစိတ်မကောင်းစရာတစ်ခုကဒီဇတ်ကားဟာအပိုင်း၂အဖြစ်နောက်ထပ်တစ်ကားထပ်ထွက်ခဲ့ပေမဲ့ဘလူးရေးကွာလတီကတော့ကျွန်တော်လည်းရှာမတွေ့ပါဘူးအဲဒါကြောင့်အပိုင်း၂ကတော့ထပ်တင်ဖို့မသေချာပါဘူးကြိုက်တဲ့သူများရင်တော့တင်ဖို့ကြိုးစားသွားမှာပါလောလောဆယ်တော့ဒီကားလေးနဲ့အတူသိုင်းလောကကိုခဏလောက်အလည်သွားလိုက်ကြပါစို့လို့ပဲQty - 720p BlurayDuration - 1hr 50minSubtitle - MyanmarTranslator - Soe HtweEncoder - Kyaw Ye Aung
movie

The Legend (1993)

1993