Channel Myanmar

Adam Moryto

The Baker (2022) 5.9
The Baker (2022) Hellboy ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Ron Perlmanရဲ့ 2022ထွက် အက်ရှင် ဇာတ်ကားဖြစ်ပါတယ်။ ​ဇာတ်လမ်းက မုန့်ဖုတ်သမားကြီးဆီကို သူနဲ့စကားမပြော အဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ သူ့သားက တစ်ရက်မှာရောက်လာပြီး သူ့​ကလေးကို ခဏကြည့်ပေးထားဖို့တောင်းဆိုလာပါတယ်။သူ့မှာ မြေးမလေး ရှိနေမှန်းတောင်မသိနေခဲ့တဲ့ မုန့်ဖုတ်သမားကြီးက စကားလုံးဝမပြောတဲ့ မြေးမလေးကို ကြည့်ထားပေးလိုက်ပါတယ်။ သားဖြစ်သူက မူးယစ်ဂိုဏ်းတစ်ခုနဲ့ ပတ်သတ်မိပြီး ပျောက်ဆုံးသွားတဲ့အခါမှာ သားဖြစ်သူကိုလည်း ရေဆုံးမိုးဆုံး လိုက်ရှာရင်း မြေးမလေးကိုလည်း အန္တရာယ်ကလည်း ကာကွယ်ပေးရင်းနဲ့ ဘယ်လိုသံယောဇဥ်ဖြစ်သွားမလဲကြည့်ရမှာပါ။ အက်ရှင်ခန်းတွေလည်း များစွာပါဝင်ပြီး family ကြည့်လို့လည်းသင့်တော်ပါတယ်။ဇာတ်လမ်းလေးကပဲ ဆွဲခေါ်သွားမှာဆိုတော့ အများကြီးညွှန်းနေစရာမလိုလောက်ဘူးထင်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun 
movie

The Baker (2022)

The Retirement Plan (2023) 5.2
The Retirement Plan (2023) The Retirement Plan (2023)~ Rotten Tomatoes - 60% ~မင်းသားကြီး Nicolas Cage လို့ ပြောလိုက်ရင်တော့ မသိတဲ့သူက မရှိသလောက်ပါပဲ။ ဒီတစ်ခေါက် ဇာတ်ကားမှာတော့ နစ်ကိုလပ်ကေ့ဂ်အပြင် သူ့ရဲ့ ဘော်ဒါရင်းတစ်ယောက်လည်းဖြစ်သလို "Hellboy" ကားတွေနဲ့ လူသိများခဲ့တဲ့ မင်းသားကြီး Ron Perlman လည်း တွဲဖက်အနေနဲ့ တဖန်ပြန်လည်ပါဝင်လာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ အက်ရှ်လေဆိုတဲ့ အမျိုးသမီးဇာတ်ဆောင်ရဲ့ မိသားစုအပေါ်အခြေခံပြီးရိုက်ကူးထားတာပါ။ အက်ရှ်လေရဲ့ အမျိုးသား ဂျင်မီက လူမိုက်အဖွဲ့ထဲဝင်ထားတဲ့ လျှို့ဝှက်သတင်းပေးတစ်ယောက်ပေါ့။ ဒါပေမဲ့ တစ်နေ့မှာ ဂျင်မီက အထက်အမိန့်နဲ့ သူ့အလုပ်က ထိပ်တန်းလျှို့ဝှက်ချက်တွေပါနေတဲ့ ဟာ့ဒရိုက်တစ်ခုကို ခိုးလာခဲ့ပါတယ်။ ဂျင်မီရဲ့ ဒုစရိုက်အဖွဲ့အစည်းက ခေါင်းဆောင်ဖြစ်တဲ့ ဒွန်နီက ဂျင်မီတို့မိသားစုကို လိုက်ဖမ်းတော့ ဂျင်မီတို့ခဗျာ ထွက်ပြေးရရှာတာပေါ့။ ဒါပေမဲ့ ဂျင်မီရဲ့သမီးဖြစ်သူ ဆာရာကပဲ သူတို့အဘိုးနေတဲ့နေရာကို လေယာဉ်နဲ့လွတ်သွားရှာပါတယ်။ လွတ်သွားတဲ့နေရာကတော့ ...
movie

The Retirement Plan (2023)

2023
Delia’s Gone (2022) 4.4
Delia’s Gone (2022) Delia's Gone (2022)ငယ်စဉ်က မြစ်ထဲပြုတ်ကျခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်ထိခိုက်ခဲ့ရတဲ့လူးဝစ်စ်တစ်ယောက်မှာ ခင်တွယ်စရာဆိုလို့ အစ်မဖြစ်သူဒေလီယာတစ်ယောက်ပဲရှိပါတယ်။ပြောင်းလဲမှုကိုမနှစ်သက်တဲ့လူးဝစ်စ်ကို ဒေလီယာက အလုပ်အတွက် အိမ်ပြောင်းမယ့်အကြောင်းကို ထုတ်ပြောလာချိန်မှာတော့ မောင်နှမနှစ်ယောက် ကတောက်ကဆဖြစ်ပြီး ဒေလီယာတစ်ယောက် လူးဝစ်စ်ကို လှည့်ပတ်ပြောဆိုလို့ အိမ်ကနေခိုးထွက်သွားပါတယ် ။ အဲဒီညက လူးဝစ်စ်လည်း မူးရင်သွေးဆိုးတတ်တာကိုမေ့ပြီး အရက်သောက်မိသွားပါတယ်။ ပြောင်းလဲမှုကို မနှစ်သက်တဲ့ လူးဝစ်စ်အတွက်တော့ အဲဒီညလေးက ကြမ္မာဆိုးငင်တဲ့ညလေးဖြစ်ခဲ့တဲ့အခါ...နောက်တစ်ရက်နိုးလာချိန်မှာ အစ်မဖြစ်သူအလောင်းနဲ့အတူ လက်မှာသွေးတွေပေကျံရင်း နိုးထလာတဲ့လူးဝစ်စ်တစ်ယောက် အစ်မကိုသတ်တဲ့လူအဖြစ် ထောင်ကျသွားတဲ့အချိန်မှာ လူသတ်သမားအဖြစ်ခံယူရင်း ကိုယ့်ကိုယ်ကို ပိတ်‌လှောင်ပြီး ၇ နှစ်တာကြာမြင့်ခဲ့ပါတယ်။ ဒီအချိန်မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ စတက်ကာကိုးလ်ဆိုတဲ့ဧည့်သည်နဲ့ သူနဲ့အတူပါလာတဲ့ ဒေလီယာသေဆုံးမှုနဲ့ပတ်သတ်တဲ့သဲလွန်စ ပေါ်ထွက်လာချိန်မှာတော့ ဒေလီယာရဲ့‌ သေဆုံးမှုနောက်ကွယ်က ခါးသီးတဲ့အမှန်တရားကို လူးဝစ်စ်တစ်ယောက် ဘယ်လိုရှာဖွေမလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါစို့လား။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Chirst ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p | 480p File size…1.16GB | 633MB | 284MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle ...
movie

Delia’s Gone (2022)

2022