Channel Myanmar

Adam Neill

The Salvation (2014) 6.7
The Salvation (2014)  classic westernကားကောင်းကောင်းကြည့်ချင်တယ်...actionခန်း သေနတ်ပစ်ခန်းကောင်းကောင်းတွေလည်းပါရမယ်..ဇာတ်လမ်းကလည်း Drama Thrillerလေးမှဆိုရင် ဒီကားကိုကြည့်ဖြစ်အောင်ကြည့်ပါဗျာ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ခပ်အေးအေးနဲ့ ဇာတ်ရုပ်နဲ့လိုက်ဖက်လွန်းပါတယ်...။Danish မင်းသားကြီး Mads Mikkelsenရဲ့ သရုပ်ဆောင်ဟန်တွေကိုဒီမှာမြင်တွေ့ရဦးမယ့်အပြင် မင်းသားကြီး Mikael Persbrandtကလည်းအားဖြည့်ပါဝင်ထားပါတယ်...။မင်းသမီးEva Greenဆိုရင် တစ်ကားလုံးစကားတစ်ခွန်းမှမပြောဘဲလူကြမ်းမကြီးအသွင်နဲ့ သရုပ်ဆောင်ပြသွားပါ‌သေးတယ်...။စကားများများမပြောဘဲ ရိုက်ကွင်းရိုက်ကွက်နဲ့ ဇာတ်အိမ်ထဲမျှောပြီးခံစားရမယ့်ကားမျိုးပါ...။ဇာတ်ကြောင်းကလည်းရိုးရိုးရှင်းရှင်းပါပဲ...သားနဲ့ဇနီးက ဗီလိန်တွေသတ်ဖြတ်တာကိုခံလိုက်ရလို့ တုန့်ပြန်လက်စားချေတဲ့ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်ဗျ...။  File size…1.44GB / 671MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Salvation (2014)

Starship Troopers 3: Marauder (2008) 5.0
Starship Troopers 3: Marauder (2008) 2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေကစစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာသူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာကစစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့ကဌာနချုပ်ကိုပြန်သွားကြပါတယ်...ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီးကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကိုကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား...ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင် File size…  2.4 GB /  1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni
movie

Starship Troopers 3: Marauder (2008)

2008
Jungle Beat: The Movie (2020) 5.6
Jungle Beat: The Movie (2020) Jungle Beat: The Movie (2020)=======================IMDb Rating - 5.6/10#Unicodeဒီတစ်ခါတော့ ကလေးတွေ အကြိုက်ကာတွန်းကားလေး တင်ဆက်ပေးပါမယ်။ ကလေးတွေအတွက် တင်ဆက်ပေးနေတဲ့ချစ်စရာ ကောင်းတဲ့ တောကောင်လေးတွေရဲ့ ရယ်စရာလေးများကို သဘာဝအငွေ့အသက်နဲ့ ဖန်တီးထားတဲ့ AnimationSeries - Jungle Beat ရဲ့ Jungle Beat: The Movie ဖြစ်ပါတယ်။ Series တွေထဲမှာတော့ တိရစ္ဆာန်လေးတွေက စကားမပြောနိုင်ပေမဲ့ ဒီ Movie ထဲမှာတော့ စကားပြောနိုင်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဂြိုလ်သားလေးတစ်​ယောက် သူတို့နေတဲ့တောထဲကို ရောက်လာလို့ပါပဲ။ သူတို့တွေ တခြားကမ္ဘာကလာတဲ့ သူငယ်ချင်းကိုတွေ့ပြီး အထီးကျန်နေတဲ့၊ အိမ်ကိုလွမ်းနေတဲ့ သူတို့ရဲ့သူငယ်ချင်းကို အိမ်ပြန်နိုင်အောင် သူတို့တွေ ကူညီပေးတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းလေးက ချစ်စရာလေးပါပဲ။ ဒီကားလေးဟာ IMDb Rating 5.6/10 ရထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut ...
movie

Jungle Beat: The Movie (2020)

2020