Channel Myanmar

Adan Canto

Agent Game (2022)
Agent Game (2022) Agent Game (2022)မင်းသားကြီး Mel Gibson ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက မကြာခင်ကမှထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားသစ်ပါ။Catagory ကတော့ Agent Game ဆိုတဲ့နာမည်အတိုင်းပဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ စပိုင်တွေ၊အေးဂျင့်တွေ နှစ်ကျပ်ကွက်ရိုက်တာတွေ စတဲ့တွေးစရာအပိုင်းတွေနဲ့အတူ ပစ်ခတ်ဖောက်ခွဲဝုန်းဒိုင်းကြဲတဲ့အက်ရှင်ခန်းတွေ ဝေဝေဆာဆာနဲ့ကြည့်ရှုရမှာပါ။ရာထူးကြီးကြီးအမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်ကလျှို့ဝှက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဟာ စစ်ပြန်တွေ၊လူမိုက်တွေ၊ ဂန်းစတားတွေထဲကအလားအလာရှိတဲ့လူမျိုးတွေကိုရှာဖွေစုဆောင်းပြီး နိုင်ငံအဆင့်ရှိတဲ့လျှို့ဝှက်မစ်ရှင်တွေကိုပေးလေ့ရှိပါတယ်။ တရားဝင်စစ်တပ်ကိုမသုံးပဲအဲလိုကြေးစားတွေကိုငှားရတဲ့အကြောင်းရင်းကတော့ သူတို့လိုလက်မရွံ့တဲ့လူမျိုးတွေ သေမထူးနေမထူးတွေကိုပဲ လက်မှာသွေးစွန်းခံစေပြီး အစိုးရနာမည်ကိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်။Runtime တစ်နာရီခွဲကြာမြင့်ပြီးတော့ အဆုံးသတ်သွားတဲ့ပုံစံအရ Sequel လာနိုင်တယ်လို့လည်းထင်ရသလို ဆက်မရိုက်လည်းရတဲ့ပုံစံမျိုးလေးပြသွားပါတယ်။ ပြီးပြည့်စုံတဲ့အက်ရှင်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းမှာလိုအပ်ချက်လေးတွေရှိရင်တောင် သရုပ်ဆောင်နဲ့ဇာတ်ညွှန်းပိုင်း တော်တော်လေးအားစိုက်ထားတာသိသာပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။ File size…(1.1 GB)/(450 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:30:o9 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo
movie

Agent Game (2022)

Bruised (2020) 5.2
Bruised (2020) Bruised (2020)============လူတွေဟာ တစ်ခါတစ်လေမှာ ကိုယ်ကိုယ်တိုင်က ဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုမှီခိုအားကိုးတဲ့လူတွေကြောင့် လူစွမ်းကောင်းဖြစ်မှန်းမသိဖြစ်ခဲ့ရပါတယ်တဲ့။ရုပ်ရှင်မင်းသမီးတစ်ဖြစ်လဲ ဒါရိုက်တာ ဟယ်လီဘယ်ရီ ရိုက်ကူးထားပြီး သူကိုယ်တိုင် သရုပ်ဆောင်ထားသောအမျိုးသမီးလက်ဝှေ့ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြီးကြီးမားမားရှုံးနိမ့်ခဲ့ရလို့ ကြိုးဝိုင်းကိုကျောခိုင်းခဲ့တဲ့အမျိုးသမီးလက်ဝှေ့ကျော် ဂျက်ကီဂျက်စတစ်တစ်ယောက် အရှုံးသမားဘဝနဲ့ ရုန်းရင်းကန်ရင်း တစ်နေ့မှာမမျှော်လင့်ပဲမြေအောက်တိုက်ခိုက်ပွဲတစ်ခုကိုရောက်သွားခဲ့ပြီးတော့ မခံချင်စိတ်နဲ့ လက်စွမ်းပြခဲ့မိပါတယ်။အဲဒီနောက်မှာတော့ အိမ်ပြန်လာရင်းနဲ့ ကလေးတစ်ယောက်ကို မွေးမြူဖို့ဖြစ်လာတဲ့အခါမှာတော့ ကိုယ့်ရင်သွေးအတွက်ကိုယ်ကြောက်တဲ့ ကြိုးဝိုင်းကိုပြန်လည် မျက်နှာ ချင်းဆိုင်ဖို့ ကြိုးစားခဲ့တာကို ရိုက်ကူးပုံဖော်ထားပါတယ်။ဒီကားလေးဟာ အမျိုးသမီးတွေရဲ့ မိခင်မေတ္တာနဲ့ လုပ်နိုင်စွမ်းတွေကို အသားပေးရိုက်ကူးပြသထားတာမို့လို့ စိတ်ခွန်အားဖြစ်စေမယ့် ကားတစ်ကားဆိုလည်း မမှားတာမို့ လက်ဝှေ့ကြိုက်သူများ၊ Surviving Motivation လိုအပ်နေသူများအတွက် ကြည့်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB )Quality – ...
movie

Bruised (2020)

2020