Channel Myanmar

Addam Bramich

Head Count (2023) 5.0
Head Count (2023) Head Count (2023) ===============Thriller ရုပ်ရှင်ကောင်းကောင်း ကြည့်ချင်သူတွေအတွက် ဒီကားလေးက သင့်တော်ပါတယ်။ အကယ်၍ သင့်ခေါင်းကို သေနတ်နဲ့ အချိန်ခံထားရပြီး သင့်အသက်က သေနတ်ထဲမှာပါတဲ့ ကျည်ဆန်အရေအတွက်ပေါ် မူတည် နေတယ်။ အဲလိုအခြေအနေမျိုးကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ကတ် ဟာ ထောင်ကျနေစဉ်မှာပဲ အခွင့်အရေးကောင်းတစ်ခုကြောင့် ရဲကားနဲ့ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ သတိလစ်သွားခဲ့ပြီး ပြန်သတိရလာတဲ့အချိန်မှာ လူတစ်ယောက်က သူ့ခေါင်းကို သူ့သေနတ်နဲ့ပဲ ချိန်ထားနေခဲ့ပါတယ်။ သူ ဘာကြောင့် ဒီလိုအခြေအနေမျိုးဖြစ်သွားလဲ၊ သေ နတ်နဲ့ ချိန်ထားတဲ့သူကရော ဘယ်သူလဲ၊ သေနတ်ထဲမှာ ကျည်တောင့် ဘယ် နှစ်တောင့်ကျန်နေလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့် ရမှာပါ။ အများကြီးညွှန်းမနေတော့ဘဲ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ အချိန် ကုန်ရကျိုးနပ်မယ်လို့ထင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.13 GB) / (403 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Leonard Lin Encoder..........SWM
movie

Head Count (2023)

2023
Poker Face (2022) 5.3
Poker Face (2022)  ဒီရုပ်ရှင်ကတော့ မင်းသားကြီး ရပ်ဆဲခရိုး ကိုယ်တိုင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ လီယံဟမ်းဆွာ့လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ အမျိုးအစားကတော့ Mystery, Thriller အမျိုးအစားပါပဲ။ဂျိတ်၊ ပေါလ်၊ အဲလက်၊ ဒရူး စတဲ့ သူငယ်ချင်းတွေဟာ ငယ်စဉ်ကတည်းက ပိုကာဖဲကစားနည်းမျိုးစုံကို ဝါသနာပါတဲ့လူတွေပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ ဂျိတ်ဟာ ကမ္ဘာ့ပထမဆုံး ပိုကာအင်တာနက်စနစ်ကို တီထွင်ခဲ့တဲ့အတွက် သန်းကြွယ်သူဌေးဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဂျိတ်ဟာ သူရဲ့မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေကို ပြန်ဖိတ်ခေါ်ပြီး ပိုကာတစ်ပွဲ ကစားဖို့ စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ ပိုကာညဟာ သာမန်မဟုတ်ဘဲ အလှည့်အပြောင်းတွေ ပဟေဠိတွေဖြစ်လာတဲ့အခါ...File size…(1.89GB)  / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:34:00 Genre...Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. ...
movie

Poker Face (2022)

A Boy Called Sailboat ( 2018 ) 7.8
A Boy Called Sailboat ( 2018 ) A Boy Called Sailboat(2018) IMDb....7.8....Rotten...85% ဆေးလ်ဘုတ်တို့မိသားစုဟာ နေထိုင်မှုပုံစံအရ မပြည့်စုံဘူးလို့ပြောရမယ်...နေတာကလည်းမြို့ပြင်မှာဖြစ်ပြီး အိမ်လေးလဲမပြိုအောင် ဒေါက်တိုင်တစ်တိုင်ကိုတစ်ဘက်ကထောက် တစ်ဘက်ကကြိုးနဲ့ ကျားကန်ထားရလေရဲ့.... ဆေးလ်ဘုတ်ဆိုတာ အသက်(၇)နှစ်ခန့်အရွယ် ကောင်ကလေးတစ်ယောက်ပါ...သူ့အဖေနဲ့ အမေဟာ သူ့ကိုသိပ်ချစ်ကြတယ်....မိသားစုဝင်(၃)ဦးပေါ့..... ဒီကားက အဓိကဇာတ်ဆောင်ဟာ ဆေးလ်ဘုတ်ဆိုတဲ့ကောင်လေးပါ....သူရဲ့နောက်ခံစကားပြောသံနဲ့လေးနဲ့ တစ်ကားလုံးကိုပြီးဆုံးစေတယ်...သူ့ကြည့်ရတာ သူ့ရဲ့အဘွားကိုအတော်ချစ်တဲ့ပုံပဲ... ဘာလို့လဲဆိုတော့ အကြောင်းအရာတိုင်းဟာ သူ့အဘွားရဲ့ သွန်သင်မှုတွေကနေမြစ်ဖျားခံလာလို့ပါပဲ... ဥပမာ..."ကျွန်တော့်အဖွားကပြောတယ်...မြေးလေးရှာဖွေမှုမလုပ်တဲ့အချိန်မျိုးမှာမှ အရးအကြီးဆုံးအရာကိုတွေ့တတ်တယ်တဲ့... တစ်ချို့အရာတွေဖြစ်လာတာက တခြားသောအရာတွေ ဆက်စပ်ဖြစ်လာနိုင်ဖို့ပါတဲ့..." ဒီကောင်လေးဟာ အဖွားရဲ့ ပြောဆိုမှုတွေနဲ့ လောကကြီးကို သုံးသပ်နေဟန်ပါပဲ.. ကျွန်တော်တို့ဟာ ဆေးလ်ဘုတ်ရဲ့နောက်ခံစကားပြောသံနဲ့အတွေးတွေနောက်ကိုလိုက်ရင်း တစ်ချို့သောအကြောင်းအရာလေးတွေကို ဖမ်းဆုပ်မိနေလိမ့်မယ်.. ဒီကားက တစ်ချို့သောသူတွေအတွက် ဘာကြီးမှန်းမသိဘူးဆိုပြီးဖြစ်သွားပါလိမ့်မယ်.. ဒါပေမယ့် တစ်ချို့သောသူတွေအတွက် ရိုးစင်းပြီးနက်နဲတဲ့ ကဗျာတစ်ပုဒ်နဲ့တူပါလိမ့်မယ်... ခံစားကြည့်လိုက်ပါဦးလို့ပဲပြောပါရစေ.....  File Size : (810 MB) and (317 MB) Quality :WEB-DL 720p, Format…mp4 Duration…01:32:00 Genre : Comedy, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Phyo Pyae  
movie


2018