Channel Myanmar

Adelino Filho

The Last Hangover (2018) 6.6
The Last Hangover (2018) The Last Supper နောက်ဆုံးညစာလို့ ကြားရင် ဘာကိုပြေးမြင်မိပါလဲ .. သေချာပေါက်တော့ ၁၅ ရာစုရဲ့ နာမည်ကျော်ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီဆွဲခဲ့တဲ့ ယေရှုခရစ်နဲ့ နောက်လိုက်တမန်တော် ၁၂ ပါးတို့ရဲ့ နောက်ဆုံးညစာစားပွဲပုံကို သတိရမိမှာပါပဲ.. ကားစင်တင်ခြင်းမခံရမီ တစ်ရက်အလိုမှာ ယေရှုရှင်ဟာ သူ့ရဲ့ နောက်လိုက်တမန်တော်တွေနဲ့အတူ စားခဲ့တဲ့ နောက်ဆုံးညစာစားပွဲဟာ လေးနက်မှု ဆွေးမြေ့မှုတွေနဲ့ ပြည့်နေပါတယ်.. ၀ိုင်ခွက်နဲ့ ပါမုန့်ဟာ ယနေ့တိုင် ခရစ်ယာန်တို့ရဲ့ `ပွဲတော်´စားတယ်ဆိုတဲ့ ဓလေ့အနေနဲ့ လတစ်လရဲ့ ပထမဆုံး တနင်္ဂနွေတိုင်းမှာ ဘုရားကျောင်းတွေမှာ မြင်တွေ့ရမြဲပါ.. ဒီ The Last Hangover ဆိုတာကရော ဘာအကြောင်းများပါလဲ.. ဒီကားရဲ့ အစကိုတော့ အရက်နာကျပြီး တစ်ယောက်တစ်ပေါက် နိုးလာကြတဲ့ တမန်တော်တွေရဲ့ နောက်ဆုံးညစာစားပွဲအပြီး နောက်တစ်မနက် မြင်ကွင်းနဲ့ စဖွင့်ထားပါတယ်.. ၄၄ မိနစ်သာ ကြာတဲ့ ဒီကားလေးဟာ တစ်ချို့တွေကို ဒေါသထွက်စေနိုင်ပါလိမ့်မယ်.. ဒါပေမယ့် အမြင်သစ်နဲ့ ရယ်မောချင်သပဆိုရင်တော့ funny twist လေးတွေပါတဲ့ ဒီကားလေးကို ညွှန်းပါရစေ..။ အချိန် ၄၄ မိနစ်ဟာ အမြင်သစ်တစ်ခုတွက် တန်ပါတယ်..။ Translated ...
movie

The Last Hangover (2018)

2018