Channel Myanmar

Adipati Dolken

Why Do You Love Me (2023) 5.8
Why Do You Love Me (2023) Why Do You Love Me (2023) "ဘာလို့ချစ်တာလဲ"IMDb - 5.8/10လူ့အခွင့်အရေးဆိုတာ လူတိုင်းရဖို့ထိုက်တန်တယ်ဆိုရင် မသန်စွမ်းတဲ့သူတွေမှာလည်း အိမ်ထောင်ရေးသုခဆိုတဲ့အရာကိုရဖို့ ထိုက်တန်တယ်မဟုတ်ဘူးလားတဲ့။ ဒီအတွေးကို ပထမဆုံးချပြရင်း အကောင်အထည်‌ဖော်ခဲ့တဲ့သူကတော့ Asta Anthony Philpotဆိုတဲ့ အမေရိကန်နိုင်ငံသားproducerပေါ့။ ကိုယ်တိုင် physical disabilityရှိသူတစ်ယောက်အနေနဲ့ မသန်စွမ်းတွေအတွက်လည်း အခကြေးငွေပေးပြီး ပျော်ပါးတဲ့ဝန်ဆောင်မှုမျိုးရသင့်တယ်လို့ ချပြခဲ့သူပေါ့။ Asta Philpotကို အကြောင်းပြုလို့ Come as you areတို့ Hasta La Vista တို့လို ရုပ်ရှင်တွေရိုက်ဖြစ်သွားပြီး အခုတစ်ခါတင်ဆက်ပေးမှာကတော့ Hasta La Vista ရဲ့ အင်ဒိုremakeလေးပါ။နိစ္စဓူဝ ကိစ္စအဝဝကို မိဘကိုအားကိုးရင်းနေရတဲ့ မသန်စွမ်း ၃ ယောက်ဖြစ်တဲ့ ဒန်တွန် ဘာစ်ကာရာနဲ့ မီကိုတို့အတွက်တော့ ချစ်သူဆိုတဲ့အရာက မူးလို့တောင်ရှူစရာမရှိပါဘူး။ ဒီပုံစံအတိုင်း အမေအဖေတွေနဲ့ ဆက်နေနေရင်တော့ နှစ်တစ်ထောင်အက်ဖ်အေဘဝက ကျွတ်ဖို့လွတ်ဖို့ကလည်းမရှိတဲ့ လူပျိုစစ်စစ် ရေမရောဘဝနဲ့ ...
movie

Why Do You Love Me (2023)

2023
Senzano Savana (2023)
Senzano Savana (2023) Senzano Savana (2021)ဒီတစ်ခါမှာတော့ Crime, Drama အမျိုးအစား အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကား တင်ဆက်ပေးပါ့မယ်။ Senzano က ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာ မိခင်နဲ့အတူတူ ကမ်းခြေမှာ အခြေချနေထိုင်ပြီး ကြေးစားအလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။သူက ကြေးစားဘဝမှာ ကျင်လည်နေပေမယ့် သူ့ရည်းစားဟောင်း Savana ကို စိတ်ထဲမှာ အမြဲရှိနေပြီးတော့ တစ်နေ့ သူတို့ပြန်တွေ့တဲ့အချိန်မှာ Savana က သားလေးတစ်ယောက်နဲ့ Single Mother ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ Senzano ရဲ့ သူဌေးက နောက်ဆုံးအလုပ်အနေနဲ့ ပိုက်ဆံနှစ်ဆပေးပြီး လူတစ်ယောက်ကို သတ်ပေးဖို့ပြောတဲ့အခါမှာ သတ်ပေးရမယ့်သူက သူ့ရည်းစားဟောင်း Savana ဖြစ်နေတာကို သိလိုက်ရပါတယ်။ သံယောဇဉ်လက်ကျန်တွေရှိနေတဲ့ ရည်းစားဟောင်းနှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama Quality…. 1080p | 720p File size… 748MB | 310MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar ...
movie

Senzano Savana (2023)

Bayi Ajaib(2023) 6.6
Bayi Ajaib(2023) Bayi Ajaib(2023)**************ကိုဆင်တစ်ယောက် မြစ်ထဲမှာ ရွေကျင်ရင်း ရွှေတုံးကြီးကြီးရပြီးနောက် သူဌေးဖြစ်သွားပါတယ်။ ငွေကြေးပြည့်စုံပြီဆိုတော့ ဇနီးဖြစ်သူလာရာနဲ့ ရွာမှာပဲအခြေချကာ ရွာကောင်းကျိုးပဲ သယ်ပိုးဖို့ကြံပါတော့တယ်။ ဇနီးသည်လေးကလည်း ကိုယ်လေးလက်ဝန် နေ့စေ့လစေ့မီးဖွားခါနီးကြီးပါ။ တစ်နေ့ ဇနီးသည်ဟာ မီးနေသည်ပြပြီးပြန်အလာ လမ်းမှာ ခွေးလိုက်ဆွဲတာနဲ့ ပြေးရင်းပြေးရင်း တောနက်ထဲရောက်မှန်းမသိရောက်သွားပါတယ်။ ရောက်သွားတဲ့နေရာမှာ လူတစ်ယောက်ရဲ့ အုတ်ဂူရှိနေပြီး အချိန်က လကြတ်ည။ လကြတ်ညမှာ ကလေးတွေနဲ့မိန်းမတွေ အပြင်မထွက်ရပါဘူး၊ နတ်ဆိုးဖမ်းစားတတ်လို့ပါ။ အခုတော့ ကိုယ်ဝန်ဆောင်တစ်ယောက် လကြတ်ည အုတ်ဂူတစ်ခုဘေးမှာ....။ ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလိုရိုက်ကွင်းရိုက်ကွက်၊သရုပ်ဆောင်မှုတွေလည်း ခပ်ပေါ့ပေါ့မဟုတ်တဲ့အတွက် Horror ကြိုက်သူများမြည်းစမ်းကြည့်သင့်ပါကြောင်း...File Size :(1.6GB) and (652MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Bayi Ajaib(2023)

Perfect Strangers (2022) 7.5
Perfect Strangers (2022) Perfect Strangers(2022)လကြတ်ချိန်ဟာ နေနဲ့လတို့ကြားက တင်းမာမှု အပြင်းထန်ဆုံးအချိန်ဖြစ်ပြီး လူသားတွေကို စိတ်ကယောက်ကယက်ဖြစ်စေတယ်ဆိုပြီး အဆိုရှိပါတယ်။အဲဒီလို စိတ်ကယောက်ကယက်ဖြစ်စေတဲ့ လကြတ်ညတစ်ညမှာ မိတ်ဆွေသူငယ်ချင်း (၇) ယောက် ညစာအတူစားကြဖို့ စုမိကြပါတယ်။အန်ဒရီကိုနဲ့အီဗာတို့က သူတို့ရဲ့ အိမ်အသစ်ကြီးမှာ အိမ်တက်ပွဲအထိမ်းအမှတ်အနေနဲ့ ညစာဖိတ်ကျွေးတာပါ။ ညစာစားပွဲမှာ အိမ်ရှင် လင်မယားနဲ့အတူ ညားခါစ စုံတွဲ အန်ဂျာ့စ်နဲ့ကီရှာ၊ ကလေးနှစ်ယောက်ရနေပြီ ဖြစ်တဲ့ ဝစ်နူနဲ့အီမဲလ်ဒါ၊ ရည်စားရထားတာ မကြာသေးတဲ့ တိုမို ဆိုပြီး စုစုပေါင်း (၇) ယောက် ပါဝင်ပါတယ်။ပေါင်းလာတာ ကြာပြီဖြစ်တဲ့ အကြောင်းသိတွေ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း အိမ်ကြီးရှင် အီဗာက ဂိမ်းတစ်ခု ကစားကြဖို့ ပြောလိုက်ရာကနေ ဇာတ်လမ်းက စ,ပါတယ်။သူပြောတဲ့ ဂိမ်းက ဖုန်းတွေအားလုံးကို စားပွဲပေါ်မှာ တင်ထားပြီး ဝင်လာသမျှ မက်ဆေ့ဂျ်တွေ၊ ဖုန်းကောလ်တွေ၊ အီးမေးလ်တွေကို အတူတူဝိုင်းဖတ်ကြဖို့ပါ။ဆော့ရင်လည်း မကောင်း၊ မဆော့ပြန်ရင်လဲ အထင်လွဲခံရမှာစိုးတာနဲ့ အဲဒီဂိမ်းကို ဆော့ကြရင်းကနေ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာပြီး ပြဿနာတွေက သပွတ်အူလို ရှုပ်ထွေးကုန်ပါတော့တယ်။လူတွေရဲ့ လူသိမခံနိုင်တဲ့ ...
movie

Perfect Strangers (2022)

2022
Akhirat: A Love Story (2021)
Akhirat: A Love Story (2021) Akhirat : A Love Story (2021)ဒီတစ်ခါမှာတော့ ကြည်နူးဆွတ်ပျံ့ဖွယ် အင်ဒိုနီးရှား ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့ Mentari ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခရစ်ယာန်ဘာသာကို အလေးအနက်ထား ကိုးကွယ်တဲ့ မိသားစုက Timar ဆိုတဲ့ ကောင်လေးတစ်ယောက်တို့ ဘာကန့်သတ်ချက်မှ မရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချစ်ကျွမ်းဝင်မိခဲ့ကြပါတယ်ဘာသာတရားကို အလေးအနက်ထားကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို လှလှပပ ပုံဖော်နိုင်ကြပါ့မလားကိုယ့်ရဲ့ အိပ်မက် မိသားစု အရာအားလုံး နဲ့ ချစ်ခြင်းမေတ္တာ ဒီနှစ်ခုထဲက တစ်ခုကိုရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲချစ်ခြင်းမေတ္တာကို ဘက်ပေါင်းစုံကနေ လှလှပပလေး ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ လွမ်းမောဖွယ်ရာ ကြည့်ရှူခံစားနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Drama, Fantasy, Romance Quality….WEB-DL 1080p and 720p and 360p File size…1.57GB and ...
movie

Akhirat: A Love Story (2021)

2021
Photocopier (2022) 7.5
Photocopier (2022) အရှေ့တောင်အာရှရုပ်ရှင်လောကမှာ ထိုင်းရုပ်ရှင်တွေ ဦးဆောင်နေတာများပေမယ့် 2021 ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ ဆုနဲ့ ရှားရှားပါးပါး IMDB 7.5 လောက်ရထားတဲ့ အင်ဒိုနီးရှား လူငယ် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဆာရန်နီဆိုတဲ့ ကောင်မလေးက နွမ်းပါးတဲ့မိသားစုကဖြစ်ပြီး ကွန်ပြူတာသိပ္ပံကို စကောလားရှစ်ပညာသင်ကြေးနဲ့တက်ရောက်ရမယ့် သူဖြစ်ပါတယ် သူက မာတာဟာရီဆိုတဲ့ ကျောင်းတွင်းပြဇာတ်အဖွဲ့ရဲ့ ဝက်ဆိုဒ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေ နည်းပညာပံ့ပိုးသူပါ... တစ်နေ့သူတို့ပြဇာတ်အဖွဲ့ကျောင်းကပွဲမှာ ဆုရပြီး ဂျပန်ကိုအာရှ တက္ကသိုလ်ပြဇာတ်ပြိုင်ပွဲ စေလွှတ်ခံရတာကြောင့် အဖွဲ့ဝင်တွေအားလုံး ပျော်မဆုံးဖြစ်နေကြပါတယ်...ဒါကိုအောင်ပွဲခံတဲ့အနေနဲ့ ပြဇာတ်ရေးဆရာ ရာမာရဲ့အိမ်မှာ အောင်ပွဲခံ ပါတီလုပ်ကြပြီး ဆာရန်နီလည်း မိဘတွေ မသွားခိုင်းတဲ့ကြားက အတင်းသွားခဲ့ပါတယ်...သူတစ်ညလုံးကဲခဲ့ပြီးနောက်နေ့ မှာတော့ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲမသိနိုင်တော့ပါဘူး ပိုဆိုးတာက သူပါတီမှာကဲပြီး အမြင်မတော်တဲ့ပုံတွေကို တစ်ယောက်ယောက်က အွန်လိုင်းမှာတင်သွားပါတယ်...ဒီသတင်းကို စကောလားရှစ်ဘုတ်အဖွဲ့လည်းသိပြီး ဆုကိုပယ်ချလိုက်တဲ့အပြင် အိမ်ပေါ်ကပါ နှင်ချခံလိုက်ရပါတယ်.. ဆာရန်နီတစ်ယောက် သူတစ်ညတာ သတိလွတ်သွားတာကြောင့် ရုတ်တရက်အားလုံးဆုံးရှုံးသွားတာကို ဘယ်လိုအဖတ်ပြန်ဆယ်မလဲ နောက်ကွယ်က သူပုံတွေတင်လိုက်တဲ့သူက‌ရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ လူငယ်ဆန်ဆန် ‌ဖြစ်တတ်တဲ့အမှားပေါင်းများစွာကို အာရှအငွေ့အသက်ဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်( ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) File ...
movie

Photocopier (2022)

#FriendButMarried 2 (2020) 7.8
#FriendButMarried 2 (2020) Friend But Married 1 မှာ ဒစ်တိုနဲ့အာယုတို့ Friendzoneထဲကထွက်ပြီးတစ်ခါတည်းလက်ထပ်ပြီး နောက် သူတို့လင်မယားဘဝကိုပုံဖော်ရိုက်ကူးထားတာပါ သူငယ်ချင်းဘဝက ချစ်သူလင်မယားတွေဖြစ်လာတော့ အခက်ခဲလေးတွေရှိပါတယ် သူငယ်ချင်းလိုပေါပြီးနေမိတာ တစ်ယောက်နဲ့တစ်ယောက် အားပြိုင််မိတဲ့အခါလေး တွေပေါ့ ဇာတ်လမ်းအကျဥ်းကတော့ သမားရိုးကျပါပဲ ဒစ်တိုနဲ့အာယုတို့လက်ထပ်လိုက်တယ် အာယုကလေးရ သွားတယ် ဒါလေါက်ပါပဲ Family affair ကိုအသားပေးရိုက်ထားတာမို့ plot က simple ဖြစ်တာပါ ဒါပေမယ့် ဒီ Friend But Married နှစ်ကားလုံးကိုကြည့်ပြီးရင်တော့ ကျိန်းသေပေါက် mesg တစ်ခုခုကျန်ကိုကျန်မှာပါ ရည်းစားမထားဖူးတဲ့သူတွေသိလိမ့်မယ် ရည်းစားထားလိုက်ရင် အမှန်ကန်Ro ရမယ် အပျော်ကြီးပျော်ရမယ် တစ်ယောက်နဲ့တစ်ယောက်ချစ်ကြင်နာပြီးပျော်ပျော်ကြီးနေရမယ် အဲ့လိုထင်ရင်သင်လုံးဝheavy မှားနေပြီလို့ ဒီကားကပုံဖော်ပေးထားပါတယ် ချစ်သူဘဝမှာလဲချစ်သူဘဝအလျောက် ဒီ relationship လေးတစ်ခုတည်မြဲဖို့ ဘယ်လောက်ရုန်းကန်ရတာတွေ ဘယ်လိုခွင့်လွှတ်မှုနားလည်မှုတွေ ထားရတာတွေဘယ်လောက်စိတ်ပင်ပန်းရ တာတွေကို Friend But Married 1 မှာပုံဖော်ထားပြီး နောက်ပိုင်းလင်မယားဖြစ်သွားရင်လဲ ကိုယ်မွေးမယ့် ကလေးအတွက် စိတ်ပူရတာတွေ ကိုယ့်မိန်းမရဲ့ကိုယ်ဝန်ဆောင်ချိန်ဟော်မုန်း အပြောင်းအလဲကြောင့် စိတ်အပြောင်းလဲဖြစ်တာတွေကို ဘယ်လောက်သည်းခံရတာတွေပါပါတယ် ဒါကြောင့်ဒီနှစ်ကားလုံးကိုကြည့်ပြီးရင် မိတ်ဆွေတို့အနေနဲ့ Relationship တစ်ခုတည်ဆောက်တာရဲ့ အတိမ်အနက်ကိုကောင်းကောင်းကြီး သိသွားမယ်လို့ပြောချင်ပါတယ် အင်ဒိုကါးပေမယ့်အထင်မစမောလိုက်ပါနဲ့ IMDb မယ်rating ကောင်းသလို indonesian cast လေးတွေကလဲအလန်းတွေမို့ ကြည့်ရတာရှယ်တန်ပါတယ်ဗျာ   File Size - 1.1 gb Quality - web-dl 1080p Subtitle -  burmese Translator - Hein ...
movie

#FriendButMarried 2 (2020)

2020
#FriendButMarried (2018) 7.3
#FriendButMarried (2018) Friend But Married ဆိုတဲ့ကားလေးက သူ့နာမည်လေးအတိုင်းပါပဲ သူငယ်ချင်းတော့သူငယ်ချင်း ဒါပေမယ့် လက်ထပ်မိသွားတယ်ပေါ့ သူ့နာမည်မှာတင် အဓိပ္ပါယ်ကပါနေပြီးသားပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ဒစ်တိုဆိုတဲ့ကောင်လေးဟာ ကလေးဘဝတည်းက တီဗီကမိသားစု ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင်လေး အာယုကိုချစ်ကြိုက်မိပါတယ် အာယု ကသူ့စိတ်ကူးထဲကနတ်သမီးလေးပေါ့ အာယုကိုအပြင်မှာလဲတွေ့ရလိမ့်မယ်သူမထင်ခဲ့ပါဘူး ဖြစ်ချင်တော့ ကံကောင်းတဲ့တစ်ရက်မှာ အာယုဟာ သူတက်တဲ့ကျောင်းကိုမှဆိုက်ဆိုက်မြိုက်မြိုက်လာတက်ပါတော့တယ် ဖြစ်ချင်တော့ အတန်းထဲမှာခုံလွတ်နေတာလဲ ဒစ်တို့ဘေးမှာပဲရှိတော့ သူ့ဘေးမှာဝင်ထိုင်ဖို့ခွင့်တောင်းတယ် ဒီလိုနဲ့ အရမ်းချစ်တဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ် ဒီကားမှာထူးခြားချက်က အခြား Friendship ကားတွေလို အချိန်အကြာကြီးသူငယ်ချင်းဖြစ်လာပီးမှအရောင်ပြောင်းသွားကြတာမဟုတ်ပဲ ဒစ်တို့ဖက်ကအစောကြီး ကတည်းကအာယုကိုကြိတ်crush နေတာပါ ဒီလို့နဲ့ BFF ကြီးအဖြစ် ၁၃နှစ်တောင် Friendzone ထဲအထည့်ခံရတဲ့ ဒစ်တို သူဘယ်လိုရုန်းထွက်သွားလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ IMDb မှာလဲ rating မဆိုးဘူး cast တွေကလဲအကုန်ချောချောလှလှလေး နောက်ပြီးအိုဗာမတင်းတဲ့ romantic moment လေးတွေပါလို့ ကြည့်ရတာတစ်မျိုးအရသာရှိပါတယ် အင်ဒို ကားတွေလဲမခေတော့ပါဘူး နောက်ပြီး Crazy Little Thing Called Love ထဲကလိုမင်းသားနဲ့မင်းသမီး ညားသွားကြတာနဲ့တင် အဆုံးမသတ်ပဲ သူ့ရဲ့ sequel Friend But Married 2 ဆိုပြီး 2020 မှာထပ်ထွက်ထားလို့ တစ်ဆက်တည်း သူတို့နှစ်ယောက်ရဲ့နောက်ပိုင်းဇာတ်လမ်းတွေကိုပါကြည့်ရဦးမှာပါ    File Size -  1.1 gb Quality - web-dl ...
movie

#FriendButMarried (2018)

2018