Channel Myanmar

Adrian Dunbar

Hideaways (2011) 6.1
Hideaways (2011)  လူတော်တော်များများမှာ မိသားစုကနေဆက်ခံထားရတဲ့အမွေတွေရှိပါတယ်။ဥပမာ မိဘမှာဆီးချိုရှိရင်သားသမီးမှာလိုက်ရှိတာတို့ မိဘဆီကရောဂါတစ်ခုခုအမွေရထားတာမျိုးပေါ့။ဒါပေမယ့်အခုတင်ဆက်ပေးမဲ့ IMDb Rating 6.1 ရရှိထားတဲ့Hideaways ဆိုတဲ့ဇာတ်ကားထဲကဖာလွန်ဆိုတဲ့မိသားစုရဲ့အမွေကတော့ထူးခြားပါတယ်။ဘယ်လိုထူးခြားတာလဲဆိုတော့သူတို့ဆီမှာသားယောက်ျားလေးတွေမွေးရင် တခြားသူတွေထက်သာလွန်ထူးကဲတဲ့စွမ်းရည်တွေကိုဆက်ခံရလို့ပါပဲ။ ဒါပေမယ့်စွမ်းရည်ဆိုလို့ မိုက်တာပေါ့ ဘာညာဆိုပြီးမတွေးလိုက်ပါနဲ့။လိင်ဆက်ဆံရင် မျက်လုံးကန်းသွားတဲ့စွမ်းရည်တို့ စိတ်လှုပ်ရှားပြီးကြောက်လာရင် အနီးအနားကစက်ပစ္စည်းတွေပျက်သွားတဲ့စွမ်းရည်တို့လိုမျိုး ကြောင်တောင်တောင်ကြီးတွေဖြစ်ပါတယ်။အခုသူတို့မျိုးဆက်ထဲကနောက်ဆုံးသားယောက်ျားလေးဖြစ်တဲ့ဂျိမ်းစ်မှာလည်း ကြောင်တောင်တောင်စွမ်းရည်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ သူကြောက်လာရင်သူ့နားမှာရှိတဲ့အပင်တွေကအစလူတွေအဆုံး အကုန်လုံးသေဆုံးကြရတာဖြစ်ပြီး အဲ့ဒီစွမ်းရည်ကြောင့်ပဲမိဘမဲ့ဘ၀ကိုရောက်ရှိပြီး မိဘမဲ့ဂေဟာကိုရောက်ခဲ့ရပါတယ်။ဒါပေမယ့်မိဘမဲ့ဂေဟာမှာလည်း အဲ့လိုထပ်ဖြစ်ပြီးနောက်ပိုင်းထွက်ပြေးသွားခဲ့ပြီးဂျိမ်းစ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာကင်ဆာရောဂါဖြစ်နေပြီး ဆေးရုံကနေထွက်ပြေးလာတဲ့ မေဆိုတဲ့ကောင်မလေးနဲ့ဂျိမ်းစ်နဲ့တွေ့ဆုံခဲ့တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမဲ့ ဒရာမာ စိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.78 GB / 851 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Hideaways (2011)

My Left Foot: The Story of Christy Brown (1989) 7.8
My Left Foot: The Story of Christy Brown (1989)  ခရစ်စတီဘရောင်းဟာ မွေးကတည်းက မသန်စွမ်းလေးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းနှိမ်တာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။မိသားစုတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုရင်ဆိုင်ပြီး မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း ခရစ်စတီ ဘရောင်းတစ်ယောက်ဝါသနာပါရာ ပန်းချီကိုရေးဆွဲဖြစ်လာတယ်။စကားပြောတတ်အောင် သင်ပေးတဲ့ ဆရာဝန်မလေး အယ်လင်က သူဝါသနာပါရာတွေကို တတ်နိုင်သမျှ ကူညီပေးရာကနေ မိသားစုငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ အယ်လင်‌ကြောင့် ကဗျာစာပေတွေကိုချစ်မြတ်နိုးသွားပြီး အယ်လင့်ကိုပါချစ်မိသွားရာက ဖွင့်ပြောလိုက်တဲ့အခါ အယ်လင်မှာ လက်ထပ်တော့မဲ့သူဆိုတာ သိလိုက်ရပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် My Left Foot ဆိုတဲ့ ဝတ္ထု အပေါ်အခြေခံရိုက်ကူးထားပြီး ဆုပေါင်း ၁၁ခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ Christmas တိုင်းကြည့်ခဲ့တဲ့ Home alone ဇာတ်လမ်းထဲမှ ‌ခိုအစာကျွေးတဲ့အမျိုးသမီးလို့သိကြတဲ့ Brenda Frickerဟာ ခရစ်စတီဘရောင်းရဲ့ အမေနေရာအဖြစ် ပါဝင်ထားပါတယ်။ File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, ...
movie

My Left Foot: The Story of Christy Brown (1989)

Emily (2022) 6.9
Emily (2022) Emily (2022)~ IMDb - 6.9/10, Rotten Tomatoes - 86% ~"လေထန်ကုန်း" ဆိုတဲ့ စကားလုံးက မြန်မာစာဖတ်ပရိသတ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ စကားလုံးပေါ့။ အဲဒီ လေထန်ကုန်းဆိုတဲ့ စကားလုံးကိုမြင်ရင် ခင်ဗျား ဘာကိုအရင်ပြေးမြင်မလဲတော့မသိဘူး။ အမ်မလီဘရွန်တီရဲ့ ဂန္ထဝင်၀တ္တု Wuthering Heights ကိုလား၊ ဒါမှမဟုတ် လေထန်ကုန်းလို့ခေါ်တဲ့ မြန်မာစာရေးဆရာတွေ ကြုံကြဆုံကြတဲ့ လက်ဖက်ရည်ဆိုင်ကလေးကိုလား။ ဒုတိယဟာက ဒီမှာ ပို Iconic ဖြစ်ပေမဲ့ ဒုတိယဟာကိုသိတဲ့ ဒီကလူတွေဟာ ပထမဟာကိုလည်း ကောင်းကောင်းသိကြမှာပါပဲ။ ၁၈၄၇မှာ ပုံနှိပ်ခဲ့တဲ့ အမ်မလီဘရွန်တီရဲ့ Wuthering Heights ကို ကျော်လှိုင်ဦးက "လေထန်ကုန်း"လို့ တိုက်ရိုက်ပဲ နာမည်ပေးပြီး ပြန်ဆိုရေးသားခဲ့ဖူးပါတယ်။ သူ့ရှေ့မှာတော့ ‌ဒဂုန်ခင်ခင်လေးက ဂုဏ်မြင့်သူဆိုပြီး တစ်စိတ်တစ်ဒေသမှီငြမ်း ရေးသားဖူးပြီး ၁၉၆၀လောက်မှာ သိပ္ပံစိုးလှက ငွေတာရီမဂ္ဂဇင်းမှာ ပင်မြင့်မာလာဆိုပြီး ဘာသာပြန်ဖူးတယ်ဆိုပါတယ်။ ...
movie

Emily (2022)

2022
The Snowman (2017) 5.2
The Snowman (2017) ဒါရိုက်တာ တိုမက်စ်အဲဖ ရက်ဆင်ရဲ့ လက်ရာဖြစ်ပြီး မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ရီဘက်ကာ ဖာဂူဆန်၊ ရှားလက်ဂိန်းစ်ဘော့ဂ်၊ ဗယ်လ်ကစ်လ်မာ စတဲ့ သရုပ် ဆောင်တွေပါဝင်ထားတာပါ။နှင်းခဲလူရုပ်နဲ့ သဲလွန်စပေး ထားတဲ့ စိတ္တဇလူသတ်သမားကို စုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ဆောင်းရာသီအစပထမဆုံး နှင်းကျတဲ့နေ့မှာ အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့ပြီး စုံ ထောက် ဟယ်ရီဟိုးလ်ကတော့ သာမန်အမှုအခင်းမဟုတ်တဲ့ လူ သတ်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ပါ တယ်။ ထူးခြားတာတစ်ခုက လူ သတ်သမားက သူ့ကိုယ်သူနှင်းခဲ လူရုပ်(The Snowman)လို့သုံး နှုန်းသလို နှင်းခဲလူရုပ်နဲ့လည်း သဲ လွန်စချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။လူသတ်သမားက နှင်းကျတဲ့ အချိန်တွေကိုပဲ ပစ်မှတ်ထားလှုပ် ရှားတာမို့ စုံထောက်ဟယ်ရီတစ် ယောက် ရက်စက်တဲ့လူသတ်မှု တွေထပ်ပေါ်လာမှာကို စိုးရိမ်နေ ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုးရွား တဲ့အဖြစ်အပျက်တွေ ထပ်မပေါ် လာခင်မှာ Snowman ကို ...
movie

The Snowman (2017)

2017