Channel Myanmar

Adrian Ricard

The Man with Two Brains (1983)
The Man with Two Brains (1983) ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမ‌လှ‌လေးက‌ ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာက‌နေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း‌ သိရှိခဲ့ရတဲ့အပြင် စကား‌ပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါ‌တော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ .... IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေး‌တွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ...
movie

The Man with Two Brains (1983)

I, Robot (2004) 7.1
I, Robot (2004) AI နည်းပညာကို Phone တွေထဲ ထည့်သွင်းဖို့ ကြိုးစားနေကြတဲ့သတင်း ဖတ်မိတော့i,Robot ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားလေးကို သွားသတိရမိပါတယ်ဒီဇာတ်ကားဟာ Artificial Intelligence (ဉာဏ်ရည်တု) နည်းပညာရဲ့ကောင်းကျိုးဆိုးကျိုးတွေကို ထည့်သွင်းရိုက်ကူးထားတာကြောင့်ပညာပေးဇာတ်ကားတစ်ကားလို့တောင် ဆိုနိုင်ပါတယ်i,Robot ကို ဒါရိုက်တာ Alex Proyas ရိုက်ကူးခဲ့ပြီး မင်းသားကြီး Will Smith နဲ့မင်းသမီး Bridget Moynahan တို့က ဦးဆောင်ပါဝင်ထားပါတယ်IMDb 7.1 ရရှိထားတာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဆိုတာ သေချာပါတယ်ဒီဇာတ်ကားကို ကြည့်ရှုနေစဉ်မှာပင် ဇာတ်ဆောင်တွေ နဲ့ ဇာတ်လမ်းထဲကဇာတ်ရုပ်တွေအလွန်လိုက်ဖက်လွန်းတာကို သတိထားမိကြပါလိမ့်မယ်ဇာတ်လမ်းအကျဉ်း 2035 ခုနှစ် ချီကာဂိုမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်ကမ္ဘာ့အကြီးဆုံး ရိုဘော့ထုတ်လုပ်ရေးကုမ္ပဏီ USR အဆောက်အဦးမှာကိုယ့်ကိုယ်ကိုယ်သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်သေဆုံးသူကတော့ ရိုဘော့ပညာရှင် ဒေါက်တာအဲလ်ဖရက်လန်နင် ဖြစ်ပါတယ်ထူးခြားတာာက ဒီအမှုကိုကိုင်တွယ်ဖို့ စုံထောက်တစ်ယောက်ကိုသေဆုံးသူက ကြိုတင်ရွေးချယ်ထားတာပါ သူရွေးချယ်ခဲ့တဲ့စုံထောက်ကတော့ရိုဘော့တွေကို နဂိုတည်းက မုန်းတီးရင်းစွဲစိတ်အခြေခံရှိထားတဲ့ စုံထောက်စပွန်နာ ဖြစ်ပါတယ်အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ပုန်းအောင်းနေတဲ့ NS-5 ရိုဘော့တစ်ကောင်ကိုစုံထောက်စပွန်နာ ရှာတွေ့ခဲ့တဲ့အခါမှာတော့.....အဲလ်ဖရက်လန်နင်က ...
movie

I, Robot (2004)

2004