Channel Myanmar
Adriana Barraza
Blue Beetle(2023) 6.7
Blue Beetle(2023) Blue Beetle(2023)**************** DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာစူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင်ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ကျည်မတိုးတာတွေ၊ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းတွေ၊ ပျံနိုင်စွမ်းတွေအပြင် စိတ်ကူးထဲက ရှိတဲ့လက်နက်ပုံစံမှန်သမျှကို ချက်ချင်း ဖန်တီးပေးနိုင်စွမ်းပါရှိပါတယ်။ဒီအထဲမှာဆို မင်းသား စိတ်ကူးယဉ်လိုက်တဲ့ ဖိုင်နယ်ဖန်တက်စီဂိမ်းထဲက ဓားကြီးပါ ပါလာတာတွေ့ပါလိမ့်မယ်။ထိပ်တန်းအဆင့် စူပါဟီးရိုးကားတွေလို့ ပြောရမဲ့ Man of Steel, Iron Man တို့လို origin movieမဟုတ်ပေမဲ့ Antman, Shazam တို့လို ကြည့်ပျော်တဲ့ မိသားစုကားမျိုးလေးပါပဲ။ဇာတ်လမ်းအကျဉ်းမက္ကဆီကိုသား ဟိုင်မီ ရေးယက်စ်ဟာ ဘွဲ့ရလာပြီးတော့ မိသားစုစီပြန်လာပါတယ်။မိသားစုက ...
movie
Blue Beetle(2023)
4K HEVC
Monica (2022) 6.3
Monica (2022) IMDb 6.3 Rotten Tomatoes 83% 2 wins ,6 nominations ဒီကားလေးကတာ့ ၂၀၂၂တုန်းကထွက်ခဲ့တဲ့ မိသားစုဒရာမာကားကောင်းလေးပါ။ မော်နီကာဆိုတဲ့အမျိုးသမီး ဘရိန်းကျူမာရောဂါခံစားနေရတဲ့မိခင်အိုကြီးကိုဂရုစိုက်ပေးဖို့ နှစ်၂၀အတွင်းမှာ အိမ်ကိုပထမဦးဆုံးပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မော်နီကာဟာ မိခင်ဖြစ်သူ ယူဂျီးနီးယားက သူ့ကိုမှတ်မိဖို့ရာ မသေချာပေမယ့် သူ့ရဲ့ငယ်ဘ၀တုန်းကအိမ်လေးမှာ မိသားစုဝင်တွေနဲ့ပြန်ဆုံဆည်းပြီး အတိတ်ကဒဏ်ရာတွေကိုကုသရင်း ခွင့်လွှတ်ခြင်း၊ လက်ခံခြင်းတွေနဲ့အတူ သူ့ဘ၀အတွက်လမ်းအသစ်ဖောက်ဖို့ ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်က မော်နီကာဆိုတဲ့အမျိုးသမီးရဲ့ နာကျင်မှုတွေ၊စိတ်ဒဏ်ရာတွေ၊လိုအင်ဆန္ဒတွေကို ရိုက်ပြထားပြီး မိသားစုတစ်ခုအတွင်းက ချစ်ခြင်းမေတ္တာ၊ခွင့်လွှတ်နားလည်ပေးမှု၊ပစ်ပယ်ခံရမှုတို့ကိုလည်း မီးမောင်းထိုးရိုက်ကူးပြထားတဲ့ healing drama ကားကောင်းလေးမလို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (Nudity နဲ့ sex scene တချို့ပါတာကိုတော့သတိပြုပေးပါ)File size…(2.2 GB)/(1.2 GB)/(590 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie
Monica (2022)
Where the Tracks End (2023) 7.2
Where the Tracks End (2023) Where the Tracks End (2023)~ IMDb rating - 7.2/10 ~" လောကကြီးမှာ ရှင်သန်နိုင်ဖို့ ပုတ်သင်ညိုလို ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေနေတတ်ရမယ် " တဲ့။ဒီကားထဲက အဓိကကျတဲ့ဒိုင်ယာ‌လော့ပါ။ အဓိပ္ပါယ်ရှိပါတယ်။ ဘ၀မှာ ရေကြည်ရာမြက်နုရာ နေထိုင်ရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာပါ။အေးအေးငြိမ်ငြိမ်လေးကြည့်ရမယ့် စပိန်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အီကာဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းကလေးတွေက အဓိကဇာတ်လိုက်တွေပါ။ အီကာရဲ့အဖေက ရထားလမ်းဖောက်တဲ့အလုပ်သမားဖြစ်တဲ့အတွက် သူတို့မိသားစုက ရထားလမ်းဖောက်ရာ မြို့တွေတစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့နေထိုင်ရပါတယ်။ ဒီလိုနဲ့ မက်ဆီကိုက နယ်မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ ဒီ‌နေရာလေးမှာ သူချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ဆရာမနဲ့ ခွေးလေးကို ရခဲ့ပါတယ်။နယ်မြို့လေးဆိုတော့ စာသင်ကျောင်းလေးကလည်း ကျောင်းသားအနည်းစုပဲရှိပြီး ကျောင်းအုပ်ဆရာမတစ်ယောက်တည်းကပဲ စာသင်ပေးပါတယ်။ အဲဒီဆရာမက အီကာကို စာဖတ်တတ်အောင် သင်ပေးပါတယ်။ သူက အီကာကို ပုတ်သင်ညိုတစ်ကောင်လို နေနိုင်ရမယ်လို့ ‌ဆုံးမခဲ့သူပါ။အီကာချစ်ခင်ရတဲ့ သူငယ်ချင်းတွေလည်းရလာပြီး သူတို့နဲ့ အတူ ...
movie
Where the Tracks End (2023)
2023
Babel (2006) 7.4
Babel (2006) [Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie
Babel (2006)
Koati (2021) 7.2
Koati (2021) IMDb Rating (7.2)အသစ်ထွက်ရှိလာတဲ့ Animation ကာတွန်းကားလေး တင်ဆက်လိုက်ပါတယ်...ဇာတ်လမ်းကတော့....Balam ဆိုတဲ့ဂျာဂွားအုပ်ချုပ်နေတဲ့ မိုးသစ်တောလေးထဲမှာ Nachi လေးက တစ်ကောင်တည်းသော coati ကောင်လေးပေါ့။ သူတို့နေတဲ့မိုးသစ်တောလေးမှာမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကျရောက်ခဲ့ပြီးတော့ Balmလည်းအသက်ဆုံးရှုံးခဲ့ရသလို အကုန်လုံးကလည်း ဒီတောထဲကနေရွှေ့ပြောင်းမလား တောထဲကဘေးကင်းတဲ့နေရာမှာပဲနေမလားဆိုတဲ့အခြေအနေမျိုးနဲ့ကြုံလာရပါတယ်။နောက်ဆုံးမှာ Zaina ဆိုတဲ့မြွေမကြောင့် သူ့စကားတွေအောက်မှာကြွေကျပြီး အကုန်လုံးကပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမယ့် Nachi ကတော့တောထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဒီလိုဆုံးဖြတ်ခဲ့တာကလည်း နောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေလို့ဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရင်းကိုအဖြေရှာဖို့အတွက်လည်း Nachi တစ်ကောင် Pako ဆိုတဲ့ခရားရေလွှတ်စကားပြောတတ်တဲ့ဖားလေးရယ် အကြောက်အလန့်မရှိတဲ့ Xochi ဆိုတဲ့လိပ်ပြာမလေးရယ်နဲ့ သုံးကောင်သားစွန့်စားခန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။သူတို့တွေရဲ့စွန့်စားခရီးလေးမှာ ဘယ်လိုအန္တရယ်တွေကစောင့်ကြိုနေပြီး ဘယ်လိုတွေဖြတ်ကျော်ကြမှာလဲ။ Nachi တစ်ကောင် တောထဲမှာကျန်နေခဲ့ဖို့ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကဘာလဲ... စတာတွေကိုတော့ ကြည့်ရှုခံစားရမှာပါ။ File size…(1 GB)/(640 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:31:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Chit Tee , Htet Kyaw Myo
movie
Koati (2021)
We Can Be Heroes (2020) 4.8
We Can Be Heroes (2020) We Can Be Heroes (2020)===================IMDb Rating - 4.5/10ခရစ္စမတ်နေ့မှာ ထွက်လာတဲ့ ရုပ်ရှင်ကားကောင်းလေးကို လက်ဆောင်အနေနဲ့ တင်ပေးချင်လို့ပါ။ကားနာမည်က ငါတို့ကလည်း ဟီးရိုး ဖြစ်နိုင်ပါတယ်။ဒါကတော့ ဟီးရိုးလေးတွေရဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဟီးရိုးလေးတွေလို့ ဘာလို့ ပြောရတာလဲ ဆိုတော့ .....ဟီးရိုးကြီးတွေရဲ့ သားသမီးလေးတွေ အကြောင်း ဖြစ်နေလို့ပါပဲ။ ဟီးရိုးကြီးတွေက ကမ္ဘာကို ကာကွယ်ပြီး အခုချိန်မှာအေးဆေးဖြစ်နေကြပါပြီ။ တစ်နေ့မှာတော့ ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတစ်စုကြောင့် ဟီးရိုးတွေအလုပ်ပြန်လုပ်ကြရပါတော့တယ်။ သူတို့ ရန်သူနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ သူတို့ရဲ့သားသမီးတွေကို ဌာနချုပ်မှာ ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် ဟီးရိုးကြီးတွေ မရှုမလှနဲ့ အရှုံးပေးလိုက်ကြရပြီး ဖမ်းခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ ......ဟီးရိုးလေးတွေ ခဗျာ အငြိမ်မနေနိုင်ကြတော့ပါဘူး။ သူတို့လည်း ဟီးရိုးမျိုးရိုး ပီသစွာနဲ့ ကိုယ့်မှာရှိတဲ့ ပါဝါတွေကို အသုံးချပြီးရင်ဆိုင်ဖို့ ကြံစည်ကြရပါတော့တယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာကတော့ ...... ...
movie
We Can Be Heroes (2020)
2020
Rambo: Last Blood (2019) 6.6
movie
Rambo: Last Blood (2019)
2019
Dora and the Lost City of Gold (2019) 6.1
Dora and the Lost City of Gold (2019) 2019 ရုံတင်ကား အသစ်လေးတင်ပေးထားပါတယ်။စွန့်စားခန်း ဟာသ ကလေးရုပ်ရှင်မျိုးပါပဲ။ဒိုရာဟာ ကာတွန်းတွေရော ဂိမ်းတွေရော ထွက်ထားခဲ့ပြီးသား ဇာတ်ကောင်တစ်ခုပါ။အဓိကကတော့ စွန့်စားခန်းတွေပဟေဠိတွေ စူးစမ်းရှာဖွေတာတွေကို လုပ်တဲ့ ကောင်မလေးပေါ့။ဒီဇာတ်ကားမှာလည်း ဒိုရာရဲ့မိဘတွေဟာ ဒိုရာနဲ့အတူ တောထဲမှာနေပြီးလေ့လာရေးလုပ်ကြပါတယ်။ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပါရာပါတာ ကို ရှာဖို့ပါပဲ။တစ်ရက်မှာ ဒိုရာကြောင့် ပါရာပါတာရဲ့ မြေပုံရသွားပြီးသူတို့ ၂ ယောက် မြို့တော်ကို ရှာဖို့ ခရီးထွက်ပါတော့တယ်။ဒိုရာကိုတော့ မြို့ပေါ်ကကျောင်းကိုပို့ထားပြီး စောင့်နေခိုင်းတာပေါ့။ဒါပေမယ့် ရတနာမုဆိုးတွေက ဒိုရာနဲ့ သူ့မိဘတွေနောက်ကို လိုက်လာတဲ့အခါမှဒိုရာ နဲ့ သူငယ်ချင်းတစ်သိုက် စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။ဒိုရာ သရုပ်ဆောင်မင်းသမီး အစ်ဇ်ဘယ်လာမွန်နာဟာ၂၀၀၁ မွေးတာ ဖြစ်တာဖြစ်တာကြောင့် ဒီနှစ်ထဲမှာပဲ ၁၈ နှစ်ပြည့်သွားပါပြီ။သိချင်မလားလို့ ထည့်ရေးပေးထားတာပါ။ File ...
movie
Dora and the Lost City of Gold (2019)
2019
Coyote Lake (2019) 4.6
Coyote Lake (2019) ယူအက်စ် မက်ဆီကို နယ်စပ်မျဉ်းနားက ရေကန်ကြီးတစ်ကန်အနီးမှ ထူးဆန်းသောသားအမိနှစ်ယောက် တရားမဝင်ခိုးဝင်လာတဲ့ မက်ဆီကန်များကို မှောင်ခိုသွင်းပေးနေတဲ့ လမ်းကြောင်းမှာ ဖွင့်ထားသော တည်းခိုခန်း တည်းခိုခန်းမှာ လာတည်းတဲ့ သူတွေ မကြာခဏ ပျောက်ပျောက်နေရခြင်းရဲ့ အကြောင်းအရင်းအစစ်အမှန် အဆိုပါတည်းခိုခန်းကို မမျှော်လင့်ဘဲ ရောက်လာတဲ့ လူနှစ်ယောက်ကြောင့် အပြောင်းလဲကြီး ပြောင်းလဲခဲ့ရတဲ့ ဒီဘဝကနေရုန်းထွက်ဖို့ ကြိုးစားနေခဲ့ရသူ အချစ်ဦးကိုဆုံးရှုံးခဲ့ရသူ အက်စတာတစ်ယောက် မိခင်ဖြစ်သူ၏ထူးဆန်းလာမှု တွေကို နားမလည်နိုင်ဖြစ်နေခဲ့ရပြီးနောက် ငွေကြေး ဥစ္စာဓနရဲ့ နောက်ကွယ်က မိခင်၏ စိတ်သဘောထားအမှန်ကို သိလိုက်ရချိန်မှာ ဘယ်လိုဆုံးဖြတ်ချက် ချလိုက်သလဲဆိုတာ ကြည့်ရှူခံစားရမယ့် ရုပ်ရှင်ကားဖြစ်ပါတယ် အသက် ၁၈ မပြည့်သေးသူများ ကြည့်ရှူရန်မသင့်သည့် ဇာတ်ဝင်ခန်းအချို့ ပါဝင်ပါသည်၊၊ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Nyan Lin Oo ဖြစ်ပါတယ်
movie
Coyote Lake (2019)
2019
The 33 (2015) 6.9
The 33 (2015) CM ပရိတ်သတ် ကြီးအတွက် 2015 ခုနှစ်ထွက် The 33 ဆိုတဲ့ ဖြစ်ရပ်မှန် ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်လမ်း လေးဟာ ၂၀၁၀ ခုနှစ်က ကျော်ကြားခဲ့တဲ့ Copiapó မိုင်းတွင်း မတော်တဆ မှု့အကြောင်းကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ချီလီ ကြေးနီ မိုင်းတွင်းလုပ်သား ၃၃ ယောက်ဟာ မြေအောက် ၇၀၀ မီတာ အနက် (ပေ ၂၃၀၀)မှာ ၆၉ ရက်ကြာ ပိတ် မိနေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်ဖို့ အမေရိကန်က NASA အပါအဝင် ကမ္ဘာ တစ်လွှားက အဖွဲ့ အစည်းပေါင်း မြောက်မြားစွာက ပါဝင်ကူညီခဲ့ကြပါတယ်။ဒီလိုနဲ့ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ်မှာမှ အထူးတည်ဆောက်ထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ သူတို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ ၃၃ ယောက်ကို ကယ်တင်ဖို့ အတွက် စုစုပေါင်း ဒေါ်လာ သန်းနှစ်ဆယ်ခန့် ကုန်ကျခဲ့ပြီး ကုမ္ပဏီပေါင်းများစွာက ...
movie
The 33 (2015)
2015
Drag Me to Hell (2009) 6.5
Drag Me to Hell (2009) Drag Me to Hell (2009) IMDb - 6.5/10________Rotten - 92%  ကျိန်စာတိုက်တယ် ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စ ကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ---အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီ က ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲက မကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်...ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ ---- ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ...သမိုင်းစခဲ့တယ်အခုလက်ရှိခေတ် မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက် ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ.... ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ ညကျကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့် ကားကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ..... ဒီဇာတ်ကားကို ညီလေး Moe Oo Mann မှဘာသာပြန်ပြီး မြန်မာကြီးမှ အညွှန်းရေးပေးထားပါတယ်က်ိန္စာတိုက္တယ္ ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စ ကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ---အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီ က ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲက မကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်...ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ ---- ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ...သမိုင်းစခဲ့တယ်အခုလက်ရှိခေတ် မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက် ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ.... ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ ညကျကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့် ကားကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ..... ဒီဇာတ်ကားကို ညီလေး Moe Oo Mann မှဘာသာပြန်ပြီး မြန်မာကြီးမှ အညွှန်းရေးပေးထားပါတယ်File Size     ...
movie
Drag Me to Hell (2009)
2009