Channel Myanmar

Ahn Seo-hyun

The Housemaid (2010) 6.4
The Housemaid (2010) 2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကိုအနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီးနောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်းအဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကိုဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက်ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာအိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက်မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေးအနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။ File size…    1.4 GB /  652MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

The Housemaid (2010)

Man of Vendetta(2010) 7.0
Man of Vendetta(2010) Man of Vendetta(2010)**********************ဂျူယောင်းဆူဟာ ဘုရားသခင်အပေါ် နက်နက်ရှိုင်းရှိုင်းသက်ဝင်ယုံကြည်ခဲ့သူ သင်းအုပ်ဆရာတစ်‌ယောက်ဖြစ်ပြီးပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။တစ်နေ့မှာတော့ သမီးဖြစ်သူ ဂျူဟယ်ရင်းပြန်ပေးဆွဲခံလိုက်ရပြီး ဂျူယောင်းဆူဟာသမီးဖြစ်သူကို ပြန်ရှာတွေ့နိုင်ဖို့အတွက် ဘုရားသခင်ထံမှာ နေ့နေ့ညညဆုတောင်းခဲ့ပါတယ်။အဲ့ဒီလိုမျိုး 8နှစ်ကြာအောင် ဆုတောင်းနေခဲ့ပေမယ့် သမီးဖြစ်သူကို ပြန်ရှာမတွေ့ခဲ့ပါဘူး..အဲ့ဒီနောက်မှာတော့ သမီးဖြစ်သူ သေဆုံးသွားပြီဟုယုံကြည်ထားတဲ့ဂျူယောင်းဆူဆီကို ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်။သမီးဖြစ်သူကို ၄၀၀မီလီယံနဲ့ အလဲအလှယ်လုပ်ဖို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့....Man of Vendetta ဇာတ်ကားဟာ 2010 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အချစ်တော်ကြီး ဂျူဒန်းထယ် Best New Actor အဖြစ် Nomination ဝင်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။File Size : (2.1GB) and (723B) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Action ,Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Phyo Pyae  
movie

Man of Vendetta(2010)

The Divine Move(2014) 6.7
The Divine Move(2014) The Divine Move(2014) မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည....မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်...လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့  ဘယ်သူမှမသိအောင်  နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်....အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထယ်ဆုတ်ပါပဲ...သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး...သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံးအဖမ်းခံလိုက်ရတယ်... ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူမှာလည်းလည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်...ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင်မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့်အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်...ဒီနောက်ပိုင်းတော့  နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်...ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်...Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ...အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာCold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်..ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်...ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေမျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ  တကယ့် အမိုက်စားအက်ရှင်ခန်းတွေနဲ့.....ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းသလိုအက်ရှင်ခန်းတွေထိုးသတ်ခန်းတွေမှာဆိုလည်း ကြည့်ရင်းအူတွေပါယားလာသလိုလိုဖြစ်မိလိမ့်မယ်...ကိုင်းညွှန်းတာလည်း ...
movie

The Divine Move(2014)

2014
Oh! My Ghost (2022) 5
Oh! My Ghost (2022) Oh my ghost (2022)သရဲကားပရိသတ်ကြီးအတွက် အူတက်အောင်ရယ်ရင်း အာပြဲအောင်အော်ရမယ့် Horror/Comedy ဇာတ်ကားလေး လာပါပြီရိုက်ကူးရေးစတူဒီယိုတစ်ခုမှာ အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာတော့ သရဲ‌တွေကိုမြင်နိုင်တဲ့ထယ်မင်းဟာ သူ့ရဲ့အကြွေးတွေကိုဆပ်ဖို့ အလုပ်ရှာရင်းနဲ့ ဂန်ဆယ်အာစတူဒီယိုမှာ အလုပ်ရသွားခဲ့ပါတယ်ဖြစ်ချင်တော့ အဲဒီစတူဒီယိုမှာ သရဲမလေးတစ်ယောက် သောင်းကျန်းနေခဲ့တာကြာပါပြီ ဘယ်သူမှညစောင့်မလုပ်ရဲလို့ ညဘက်ဆိုလွှတ်ထားရတဲ့စတူဒီယိုမှာ ထယ်မင်းကတော့ ငွေမျက်နှာတစ်ခုတည်းနဲ့ ညစောင့်ဝင်လုပ်ခဲ့ပါတော့တယ်တစ်ဖက်မှာလည်း စတူဒီယိုရဲ့ CEO က ဒီနေရာကို ဈေးကြီးပေးဝယ်ခဲ့ပြီး တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေပါတယ် အဲဒီလိုနဲ့ အရှာအဖွေသမား စတူဒီယို CEO အပါအဝင် ထယ်မင်းနဲ့သရဲမလေးတို့သုံးယောက်တို့ ဘယ်ကဘယ်လိုဆုံတွေ့မိကြပြီး အဖွဲ့ကျသွားကြမလဲ သုံးယောက်သား ဆုံပြီးကြတဲ့နောက်မှာ ဘယ်လိုပဟေဠိတွေကို ဖော်ထုတ်အဖြေရှာသွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်Mystery အမျိုးအစား‌ဖြစ်လို့ မြှုပ်ကွက်တွေကတော့ အများကြီးပါ ဘာတွေမြှုပ်ထားလဲသိချင်ရင်တော့ အခုပဲကိုယ်တိုင်ရှုစားလိုက်ကြပါဦးမင်းသားမင်းသမီးတွေအနေနဲ့ကတော့ 2AM အဖွဲ့ဝင် Jung Jin-Woon နဲ့ ကလေးသရုပ်ဆောင်အဖြစ် နာမည်ကြီးတဲ့ မင်းသမီး Ahn Seo-Hyun တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Mystery Quality…. ...
movie

Oh! My Ghost (2022)

2022
Monster (2014) 6.5
Monster (2014) Monster(2014) =========== IMDb. = 6.5/10ဒီရုပ်ရှင်ဟာ အလယ်အလတ်အဆင့် ကိုရီးယားရုပ်ရှင်ဆိုတော့ကာ အားနည်းချက်နဲ့ အားသာချက် အလီလီတော့ရှိနေတယ်။ သို့ပေမဲ့ Entertainmentတော့ အပြည့်အ၀ဖြစ်တဲ့ ရုပ်ရှင်ဆိုတာတော့ အာမခံလို့ရပါတယ်။ Thriller, Action အမျိုးအစားပေမဲ့ Thrillerနည်းပြီး Actionများတဲ့ကားလို့ ဆိုရမှာပဲ။ Psychopath လူသတ်သမားဖြစ်တဲ့ Lee Min Ki ရဲ့ သတ်ခန်း‌ဖြတ်ခန်းတွေကိုတော့ လူအတော်များများ အကြိုက်တွေ့ကြမှာပဲ။ရုပ်ရှင်ရဲ့အားသာချက်ကိုပြောရရင်တော့ အားအသာဆုံးအပိုင်းက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုပဲ။ ကလေးသရုပ်ဆောင်က အစအတော်လေး အသက်၀င်တယ်။ သရုပ်ဆောင်ကောင်းဆို cast တွေကလည်း ဆရာတွေကိုး။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ လီမင်ဂီကတော့ Beauty Inside series နဲ့ OH Master မှာ Sociopath ဆန်ဆန် ဇာတ်ရုပ်တွေနဲ့ အတော်လိုက်ဖက် သရုပ်ဆောင်ကောင်းခဲ့တဲ့လူ။ ဒီမှာလည်း Psychopathအနေနဲ့ အတော်လေး သရုပ်ဆောင်တာ ကောင်းတယ်။ နောက်... ပွဲဦးထွက် A Muse (2012)မှာကတည်းက အတော်လေးဂေါ်ခဲ့တဲ့ Goblin နဲ့နာမည်ကြီးတဲ့ ဂင်ဂိုအွန်းကလည်း ကျပ်မပြည့်တဲ့ ဇာတ်ကောင်နေရာမှာ ...
movie

Monster (2014)

2014
Okja (2017) 7.3
Okja (2017)   ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း ...
movie

Okja (2017)

2017