Channel Myanmar

Akalya Venkatesan

Raatchasi (2019) 7.4
Raatchasi (2019) ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ...
movie

Raatchasi (2019)

2019
Farhana(2023) 6.4
Farhana(2023) Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရ‌တဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Cherry~Zwe~V~ BpL~ Yunni 
movie

Farhana(2023)

2023
Dharala Prabhu (2020) 6.8
Dharala Prabhu (2020) Dharala Prabhu (2020) -------------------------- ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ IMDb Rating (6.8)ရရှိထားတဲ့Romance/ Comedy ကားလေးပဲဖြစ်ပါတယ်။သန္ဓေသားအစားထိုးဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာကန်နာဒါဆန်ဟာလူနာတွေအများကြီးလက်ခံပြီး ကတိတွေတစ်ခုပြီးတစ်ခုပေးထားပေမယ့်သုတ်ပိုးအလှူရှင်လုံးဝရှာမတွေ့သေးပါဘူး။ ဘဝရဲ့အနိမ့်ဆုံးအချိန်ရောက်တဲ့ ဘောလုံးသမားလေး ပရာဘူဟာလည်းအလုပ်တစ်ခုကိုမရမကလိုက်ရှာနေသူပါ။ဒီလိုနဲ့ ဒေါက်တာကန်နာတစ်ယောက် ပရာဘူရဲ့ကျန်းမာ‌မှုအခြေအနေကိုသဘောကျသွားပြီးသူ့ဆေးခန်းရဲ့သုတ်ပိုးအလှူရှင်အဖြစ်နေပေးဖို့ မရမက ကမ်းလှမ်းပါတော့တယ်။အစပိုင်းအဆင်ပြေချောမွေ့ခဲ့ပေမယ့် ပရာဘူမှာ ချစ်သူရှိလာတဲ့အချိန်မှာတော့ဘယ်လိုတွေပြဿနာတက်မလဲဆိုတာကို ပရိသတ်များကိုယ်တိုင်ပဲ စောင့်မျှော်ကြည့်ရှုပေးပါဦး   File size…2.5GB / 1.1 GB Quality…1080p Tamil AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Dharala Prabhu (2020)

2020