Channel Myanmar

Alain Eloy

Love According to Dalva (2022) 7.5
Love According to Dalva (2022) IMDb - 7.5/10 Rotten Tomatoes - 95%ဒီရုပ်ရှင်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာနဲ့ အဲ့ဒီကနေဆက်ဖြစ်လာတဲ့ ကြေကွဲစရာ အကျိုးဆက်တွေအကြောင်းပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာ Emmanulle Nicotက ဒီလိုထိတ်လန့်စရာကောင်းတဲ့အကြောင်းအရာကို ဆွေးမြေ့စရာကောင်းအောင် ရိုးသားသိမ်မွေ့စွာ ရိုက်ကူးပြခဲ့ပါတယ်။Dalvaက ၁၂နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး သူမအဖေနဲ့ အတူနှစ်ယောက်ထဲနေပါတယ်။ ကလေးဆိုပေမယ့် အရွယ်ရောက်ပြီးသားမိန်းမတစ်ယောက်တစ်ယောက်လို ဝတ်စားပြင်ဆင်ခြယ်သပြီး အနေအထိုင်ကလည်း လူကြီးတစ်ယောက်လိုပါပဲ။တစ်နေ့မှာ ရဲတွေက သူတို့အိမ်ထဲအတင်းဝင်လာပြီး သူ့ကို လူငယ်တွေကိုစောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကိုပို့ခဲ့ပါတယ်။အဲ့ဒီမှာ သူမရဲ့အခန်းဖော်အသစ် Samiaနဲ့ ဝန်ထမ်းဖြစ်တဲ့ Jaydenတို့နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်လာပါတယ်။သူတဖြည်းဖြည်းနားလည်လာတာက သူ့အဖေနဲ့ဝေမျှခဲ့တဲ့အချစ်တွေက သူထင်ခဲ့သလိုမျိုးမဟုတ်ဘူးဆိုတာပါပဲ။သူ့မိတ်ဆွေတွေရဲ့ အကူအညီနဲ့ Dalvaက သူ့childhoodကိုပြန်ယူနိုင်ခဲ့ပါတယ်။ဒီရုပ်ရှင်က စိတ်ကူးယဥ်ဖန်တီးချက်ဆိုပေမယ့် ဒီလိုအဖြစ်အပျက်မျိုးတွေရဲ့ real-life victimsတွေအပြင်မှာ အများကြီး ရှိပါတယ်။ ကြည့်ရတာ တစ်ချက်တစ်ချက် မသက်မသာဖြစ်ရပါတယ်။ ကလေးတစ်ယောက်နဲ့မလိုက်အောင် မှန်သလား မှားနေသလားတောင်မစဥ်းစားနိုင်အောင် အဖေဖြစ်သူဆီက brain-washedခံထားရတဲ့ Dalvaရဲ့ လုပ်ရပ်တွေကတစ်ခါတလေလန့်စရာလည်းကောင်းနေပါတယ်။ ...
movie

Love According to Dalva (2022)

Sentinelle (2021) 4.8
Sentinelle (2021) Sentinelle (2021)ဒီတစ်ခါတော့ အမျိုးသမီး ဂျွန်ဝစ်ခ် အကြောင်းပေါ့ဗျာ။မင်းသမီးကတော့ 007 Quantum of Solace, Hitman, Johnny English 3 စတဲ့အမိုက်စားကားတွေမှာပါခဲ့ဖူးတဲ့ ပြင်သစ်မင်းသမီး Olga Kurylenko က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ကလယ်ရာ ဟာ ကင်းစောင့်စစ်ဆင်ရေးမှာ တာဝန်ကျတဲ့ အထူးတပ်သားတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကစစ်ဆင်ရေးမှာ အဖြစ်ဆိုးကြီးတစ်ခုကြောင့် စိတ်ဒဏ်ရာရခဲ့ပြီး အမေနဲ့ညီမ ရှိတဲ့ မိမိနေထိုင်ရာပြင်သစ်ကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။ညီမဖြစ်သူ တာနီယာနဲ့အတူ ကလပ်တက်ခဲ့ပြီး နောက်တစ်နေ့မှာ တာနီယာဟာအဓမ္မပြုကျင့်ခံခဲ့ရတာကို စိတ်ပျက်ဝမ်းနည်းစွာသိလိုက်ရပါတယ်။ နိုက်ကလပ်ရဲ့လုံခြုံရေးဗီဒီယိုကတစ်ဆင့် သူ့ညီမတာနီယာဟာ ရုရှားအမျိုးသားတစ်ယောက်နဲ့ နောက်ဆုံးထွက်သွားခဲ့တာတွေ့လိုက်ရပြီး ထိုအမျိုးသားရဲ့ဖခင်ဟာ အရှိန်အဝါကြီးတဲ့ နည်းပညာရှင်တစ်ယောက်ဖြစ်နေလို့ ဥပဒေရစုံစမ်းစစ်ဆေးဖို့အခက်တွေ့နေတဲ့အခါ ကလယ်ရာဟာ ဥပဒေဘောင်ကထွက်ပြီး လက်စားချေဖို့ အမျိုးသမီးဂျွန်ဝစ်ခ် လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။အရင်ခေတ်တုန်းက ဂျက်မ လို့ ခေါ်တဲ့ အမျိုးသမီး အက်ရှင်ကားကောင်း ကြိုက်နှစ်သက်သူများ အကြိုက်တွေ့ကြဦးမှာပါ။ မင်းသမီးတွေရဲ့ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ရဲ့အလှတရားကို ခံစားရမယ့် အခန်းတွေလည်း ပါဦးမှာဆိုတော့ကာ .....ဘာများစောင့်နေဦးမလဲ .... ပရိသတ်ကြီးရယ်File size…1.1 GB and 570MB Quality….WEB-rip 1080p ...
movie

Sentinelle (2021)

2021
Two Days, One Night 2014 7.3
Two Days, One Night 2014 ဆန်ဒရာဆိုတဲ့ အမျိုးသမီးဟာ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီကနေ အလုပ်ပြုတ်တော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒါဟာလဲ စိတ်ဓာတ်မကောင်းတဲ့ အလုပ်သမားခေါင်းဆောင်ရဲ့ လုပ်ကြံမှုကြောင့်တစ်စိတ်တစ်ပိုင်းပါနေပါတယ်။ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲမပေးရင် သူတို့အလုပ်ထွက်ရမယ်ဆိုပြီး ကျန်တဲ့အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့တဲ့အတွက် အားလုံးဟာ ဆန်ဒရာ့ကို အလုပ်ထုတ်ဖို့ မဲပေးခဲ့ခြင်းပါ။ ကံကောင်းစွာနဲ့ ဆန်ဒရာဟာ သူတို့ရဲ့ သူဌေးရဲ့ ခွင့်ပြုချက်နဲ့ လျှို့ဝှက်မဲပေးစနစ်ကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့အခွင့်အရေးရခဲ့ပါတယ်။ သူ့အလုပ်မထွက်ရစေဖို့ သူ့ဘက်ကမဲမေးဖို့ ကျန်တဲ့သူ တွေကို သူလိုက်ပြီး အကူအညီတောင်းရပါတော့တယ်။ အလုပ်သမားအများစုက သူ့အတွက် မဲပေးခဲ့ရင် ဆန်ဒရာဟာ အလုပ်ထွက်စရာမလိုတော့ပါဘူး။ သို့ပေမယ့် ဒီအတွက် အကူညီလိုက်တောင်းဖို့ရာ ဆန်ဒရာမှာ နှစ်ရက်နဲ့တစ်ညသာ အချိန်ရှိပါတော့တယ် ...... နှစ်ရက်နဲ့တစ်ညအတွင်းမှာ လုံလောက်တဲ့မဲအရေအတွက်ရဖို့ သူစည်းရုံးနိုင်ပါ့မလား .....Quality – 720p  blurayrip Duration - 1 hr 35 min Subtitle – Myanmar ...
movie

Two Days, One Night 2014

No Man’s Land(2001) 8.0
No Man’s Land(2001) No Man's Land(2001)IMDb....8.0,,,,,,Rotten.....93%ဘောစနီးယန်းနဲ့ ဆားဘီးယန်းတို့ စစ်ပွဲဖြစ်နေချိန် ရှေ့တန်းကို တပ်ကူဖို့လာခဲ့တဲ့ ဘော့စနီးယားဆေးတပ်သားအဖွဲ့ဟာ ညဖက်ကြီးထွက်လာခဲ့တယ်.... ညကလည်းမှောင် မြူနှင်းတွေကလည်း ရှေ့တပြကို မမြင်ရလောက်အောင်ထူထပ်တာမို့ ခရီးဆက်မထွက်ဘဲ အဆင်ပြေတဲ့နေရာတစ်ခုကိုရွေးပြီး ယာယီနားဖို့ကြိုးစားကြတယ်... မနက်မိုးလင်းလို့ နေရောင်ထွက်လာချိန် သူတို့ဘေးဘီဝဲယာကို စူးစမ်းကြည့်လိုက်တဲ့အခါမှာတော့ သူတို့ရောက်နေတာ တစ်ဘက်ရန်သူဖြစ်တဲ့ ဆားဘီးယန်းရှေ့တန်းတပ်ဖွဲ့ရှေ့တည့်တည့်ဆီကို ရောက်နေတာသိလိုက်ရချိန်မှာတော့ သူတို့နောက်ကျသွားပါပြီ..... ဆားဘီးယန်းရှေ့တန်းတပ်ဖွဲ့ရဲ့အကြိုက်ပါပဲ..ပစ်ကွင်းမြင်ကွင်းရှင်းသလို အပေါ်စီးကနေ အတွဲလိုက်ဆွဲတဲ့နောက်မှာတော့ ဘောစနီးယန်းအဖွဲ့ ကျည်ဆံဖျားမှာ အသက်တွေတဖြုတ်ဖြုတ်ကြွေကုန်တယ်... ဒီအထဲကမှာ စီကီတစ်ယောက်ကတော့ ကံကောင်းရှာတယ်ပြောရမလားပဲ ... နီးစပ်ရာကတုတ်ကျင်းထဲ ပြေးပုန်းနိုင်ခဲ့တယ်..ကျန်တဲ့သူတွေတော့အကုန်သေဆုံးသွားတယ်... ဒီနောက်မှာတော့ ဘော့စနီးယားတပ်သားစီကီတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားနိုင်မလား... ဆားဘီးယန်းတွေရဲ့ ကင်းထောက်အဖွဲ့ရန်ကနေ ဘယ်လိုရုန်းကန်မလဲ... သူ့ဆီကိုရော ဘယ်လိုလူမျိုးတွေရောက်လာမလဲ... ဒီကားက ၁၉၉၃ခုနှစ် ဘော့စနီးယားစစ်ပွဲကာလကြီးကိုအခြေခံရိုက်ကူးထားတာပါ... စစ်ပွဲဟာ အကျအဆုံးပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာရှိခဲ့ပေမယ့် သမိုင်းမှာတော့ ရိုးတိုးရိပ်တိတ်သာရှိခဲ့တယ်...ဒီဇာတ်ကားဟာ ဘော့စနီးယား ဒါရိုက်တာနဲ့စာရေးသူ Danis Tanovic ရဲ့ ပထမဆုံးဖန်တီးမှုဖြစ်တယ်။ ပထမဆုံးလို့မဆိုသာအောင်ဘဲ ဇာတ်ကားဟာ လှပတယ်။ အပြစ်ဆိုနိုင်ဖွယ်ရာမရှိဘူး။ ပေးချင်တဲ့ Message တွေကလည်းတကယ့်ကိုကောင်းလှတယ်..အစမှအဆုံးထိဆွဲခေါ်သွားတယ်... ဒါ့ကြောင့်လည်းဆုပေါင်းများစွာရရှိထားတယ်...ရရှိတဲ့ဆုတွေကတော့ Best Foreign Language Film, 2001 74th Academy Awards Best Foreign Language Film, ...
movie

No Man’s Land(2001)

2001