Channel Myanmar
Alan Cumming
Nicholas Nickleby (2002) 7.1
Nicholas Nickleby (2002) အင်္ဂလိပ် စာရေးဆရာကြီး Charles Dicken ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ period comedy-dramaဖြစ်ပြီး နာမည်ကြီးတွေ ဖြစ်တဲ့ Christopher Plummer,Jamie Bell, Anne Hathaway, Charlie Hunnam တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းက သူ့နာမည်အတိုင်းပဲ Nicholas Nickleby ဆိုတဲ့ လူငယ်လေးရဲ့ ဘဝကို ဖွဲ့နွဲ့ပြီး တင်ဆက်ထားတာပါ။Nicholas တစ်ယောက်သူ့အဖေသေဆုံးပြီး နောက်ပိုင်းမှာ မိခင်နဲ့ ညီမ ဖြစ်သူကိုခေါ်ပြီး သူတို့ဦးလေးရှိတဲ့ London မြို့ကို အကူအညီရလိုရငြား လာခဲ့ကြပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဦးလေးရဲ့အကူအညီနဲ့ အလုပ်ကိုယ်စီ ရသွားကြပါတယ်။Nicholasဟာ Squeers ဆိုတဲ့ ကျောင်းအုပ်ရဲ့ ကျောင်းမှာ ဆရာအဖြစ် လုပ်ကိုင်ရင်း Squeers မိသားစုရဲ့ ကျောင်းသားကလေးသူငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ၊ Smike ဆိုတဲ့ မသန်စွမ်းကောင်လေးကို ဆိုးဆိုးဝါးဝါး ရိုက်နှက်မှုတွေကို ကိုယ်တွေ့မြင်လာရပါတယ်။ဒီလိုနဲ့ ...
movie
Nicholas Nickleby (2002)
Spice World (1997)
Spice World (1997) Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာအမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီးလိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။  File size…    3.3 GB /  1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Music Subtitle…. ...
movie
Spice World (1997)
1997
It’s Complicated (2009) 6.5
It’s Complicated (2009) ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… ...
movie
It’s Complicated (2009)
2009
Genie (2023) 5.9
Genie (2023) Genie (2023) ========== IMDb Rating - 6.0/10Genie 2023 ကားလေးကတော့ ခရစ်စမတ်ရုပ်ရှင်ကိုမှ ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒါရိုက်တာ Sam Boyd က ရိုက်ကူးခဲ့တာဖြစ်ပြီး IMDb rating 6.0 ရရှိထားပါတယ်။ အဓိကတော့ ခရစ်စမတ်အနှစ်သာ ရဆိုတာတွေ ၊ လူ့ဘဝအနှစ်သာရဆိုတာတွေကို လူတွေသတိထားမိအောင် ရိုက်ကူးထားတာပါ။လူတွေက ငွေရရှိအောင်အလုပ်တွေလုပ်ရင်းက မိသားစုဘဝတွေ လက်လွှတ် ရတာမျိုးတွေဖြစ်တာတွေရှိတာမို့ ဒါကို သတိထားမိရအောင် ဟာသနှောပြီး ပြသထားတာပါ။ အေးအေးဆေးဆေးနဲ့ မိသားစုနဲ့ကြည့်ရမယ့် ဇာတ်ကားမျိုး ပါ။ ပြီးတော့ စိတ်ဝင်ဖို့ကောင်းအောင် ဂျင်းနီဇာတ်လမ်းနဲ့ရောပြီးတော့ တင် ဆက်ထားတာမို့ အေးအေးဆေးဆေးကြည့်ရမှာပါ ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 GB) / (710 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy Translator.......Thy Santa Encoder..........Zin Phyo Aung
movie
Genie (2023)
2023
The Smurfs (2011) 5.4
The Smurfs (2011)  IMDb - 5.4 2011 တုန်းက ထွက်ရှိခဲ့တဲ့ Smurfs ရုပ်ရှင်က ၃ကားထွက်ရှိခဲ့တဲ့ film serieထဲ ပထမဆုံးကားဖြစ်ပါတယ်။ Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။File size…(2.4 GB)/(1.4 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Animation, Family, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni
movie
The Smurfs (2011)
Rare Objects(2023) 6.0
Rare Objects(2023) Rare Objects(2023)******************ဂျပန်လက်မှုပညာထဲမှာ Kintsugiဆိုတဲ့ ပျက်ဆီးကျကွဲသွားတဲ့ အိုးခွက်လေးတွေကိုရွှေနဲ့ပြန်ပြုပြင်တဲ့ နည်းပညာတစ်မျိုးရှိပါတယ်။ ဒီအက်ရာတွေ ကျိုးပဲ့ရာတွေ၊ပြုပြင်ထားတာတွေကြောင့် အရာဝတ္ထုတစ်ခုရဲ့ ပင်ကိုယ်ဘဝတစ်ခုဖြစ်လာတယ်လို့ယုံကြည်ကြပါတယ်။ တစ်နည်းပြောရရင် အရာဝတ္ထုတစ်ခုဟာ ကျိုးပဲ့သွားလို့ ပိုလှပတန်ဖိုးတက်လာတာပါတဲ့။ အခုဇာတ်ကားလေးဟာ ဒီအဓိပ္ပာယ်လေးနဲ့ပါပဲ။ ကျောင်းတက်ဆဲအမျိုးသမီးငယ်တစ်ဦးဟာ ဆိုးဝါးလွန်းတဲ့ဘဝအချိုးအကွေ့တစ်ခုကြောင့် ပျက်ဆီးကြေကွဲနေသူပါ။ တစ်ညတာ အဖြစ်ဆိုးကြောင့် စိတ်ဓာတ်တွေကျ ကိုယ်ဝန်ဖျက်ချခဲ့ရပြီး ပြန်နာလံထူအောင်ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ သူဟာ သူ့ကိုယ်သူပြန်တည်ဆောက်နိုင်အောင် ကျောင်းနား၊ အမေ့ကိုအိမ်ကိုပြန်လာနေရင်းနဲ့ပဲ ရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ခုမှာ အလုပ်ရသွားပါတယ်။ ဒီဆိုင်လေးမှာ အလုပ်လုပ်ရင်းနဲ့စစ်မှန်တဲ့လောက အလှတရားကို ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကိုတော့....File Size : (2.9GB) and (884MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Rare Objects(2023)
Marlowe (2022)
Marlowe (2022) Marlowe (2022)ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ ...
movie
Marlowe (2022)
2022
My Father’s Dragon (2022) 7.0
My Father’s Dragon (2022) My Father's Dragon (2022) ==================== IMDb Rating - 7.0/10Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်‌ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ...
movie
My Father’s Dragon (2022)
2022
Get Carter (2000) 5.1
Get Carter (2000) ဒီတစ်ခါမှာတော့ မင်းသားကြီး စတားလုံးရဲ့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Get Carter ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ကာတာဆိုတာကတော့ သူ့မွေးရပ်မြေမြို့လေးကနေ ထွက်ပြီး အကြွေးလိုက်သိမ်းတဲ့ လူမိုက်တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် သူ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ အဲဒါကတော့ သူ့ညီလေး ရစ်ချီ သေဆုံးသွားခဲ့လို့ပါပဲ။ အကုန်လုံးကတော့ အမူးလွန်ကားမောင်းလို့ သေဆုံးသွားခဲ့ရတယ်လို့ ပြောခဲ့ကြပေမယ့် ကာတာတစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒီလိုနဲ့ ရစ်ချီ သေဆုံးရတဲ့ အမှုမှန်ကို လိုက်တူးဖော်ရင်း ကာတာတစ်ယောက် သူ့မွေးရပ်မြေလေး‌ နောက်ကွယ်ကအရိပ်မည်းတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။ File size…(2GB) / (1017MB) / (634MBMB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck
movie
Get Carter (2000)
[James Bond] GoldenEye (1995) Golden Eye 7.2
[James Bond] GoldenEye (1995) Golden Eye  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..သူ့ရဲ့ ဘွန်းဇာတ်ကား ၄ ကားထဲမှာ Rating အမြင့်ဆုံးဇာတ်ကားဖြစ်ပြီး လူသတ်မှုအများဆုံး ဘွန်းဇာတ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ဇာတ်ကားပါ...Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..IMDb Rating (7.2/10) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie
[James Bond] GoldenEye (1995) Golden Eye
HEVC 1080p 5.1
Spy Kids (2001) 5.5
Spy Kids (2001) Spy Kids ဇာတ်ကားကတော့2001 ခုနှစ်မှာ Director:Robert Rodriguezရိုက်ကူးထားတဲ့ Action,Adventure,Comedyဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားလေးအကြောင်းကတော့ လူတိုင်းနီးပါးသိမယ်ထင်ပါတယ်။ကျွန်တော်တို့ငယ်ငယ်တုန်းကကြည်ပြီးကြိုက်ခဲ့ရတဲ့ဇာတ်ကားလေးပါပဲ။အခုထိဆို ၄ကားထွက်ရှိပြီးသွားပါပြီ။ဇာတ်လမ်းကတော့ နိုင်ငံတစ်ခုစီက စပိုင်ကောင်လေးနဲ့စပိုင်ကောင်မလေးနှစ်ယောက်ဟာအကြောင်းအမျိုးကြောင့် ချစ်မိသွားခဲ့ကြပြီး ကလေး၂ယောက် ရခဲ့ပါတယ်။သူတို့ဟာ ကလေးတွေမသိအောင်လျို့ဝှက်အေးဂျင့်လုပ်ကြပါတယ်။ဒါပေမယ့် တစ်နေ့မှာ သူတို့အဖွဲ့ထဲက အေးဂျင့်တစ်ယောက်ပျောက်ဆုံးသွားတဲ့အကြောင်းအရင်းနဲ့ပတ်သတ်ပြီးသူတို့နှစ်ယောက်တာဝန်ယူပြီး ရှာဖွေဖို့အမိန့်ကျလာပါတယ်။အဲ့ချိန်မှာ သူတို့အဖွဲ့ထဲက သစ္စဖောက်ကြောင့်သူတို့နှစ်ယောက်အဖမ်းခံခဲ့ရပါတယ်။အဲ့အချိန်မှာတော့ သူတို့ရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့၁၂နှစ်အရွယ်Carmen နဲ့ ၉နှစ်အရွယ်Juni တို့နှစ်ယောက်သူတို့မိဘတွေကို ကယ်ဖို့ ဘယ်လိုတွေကြိုးစားကြမလဲဘယ်လိုတွေ အလွဲလွဲအချော်ချော်ဖြစ်တယ်ဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ရှု့စားကြပါတော့...။ File size…(900 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Translated by Eden Zaw Htoo Encoded by Naing Aung Latt
movie
Spy Kids (2001)
2001
Spy Kids 2: The Island of Lost Dreams (2002) 5.1
Spy Kids 2: The Island of Lost Dreams (2002) Spy Kids 2 ဇာတ်ကားကတော့ 2002ကရိုက်ကူးခဲ့တဲ့American spy adventure comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့Alexa vega,Daryl Sabara,Antonio Banderas တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒီကားထဲမှာဆိုရင်တော့ ပထမကားထဲကCarmen နဲ့ Juniတိို့ကို Agentတွေ အဖြစ်နဲ့တွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကို အငယ်ဆုံးစပိုင်အဖြစ်အသိအမှတ်ပြုကြပေမယ့်အတော်ဆုံးစပိုင်အဖြစ်တော့ အသိအမှတ်မပြုကြပါ။ဒါကြောင့်ပထမဇာတ်ကားမှာ သူတို့ကိုကယ်ခဲ့တဲ့Gary နဲ့ Gerti Gigglesတို့နဲ့တွေ့ပြီး စမ်းသပ်လေ့ကျင့်ကြပါတယ်။အဲ့အချိန်မှာတော့ juni ဟာ မအောင်မြင်တာကြောင့်Agent အဖြစ်မှအဖြုတ်ခံလိုက်ရပါတယ်။ဒါပေမယ့်နောက်နေ့မနက်မှာတော့ Carmen ဟာDatabase ကို hackပြီး Juni ကို Agentအဖြစ်ပြန်ထားခဲ့ပါတယ်။အဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်ကားလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ File size…(950 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Translated by Eden Zaw Htoo Encoded by Naing Aung Latt
movie
Spy Kids 2: The Island of Lost Dreams (2002)
2002
Spy Kids 3-D: Game Over (2003) 4.2
Spy Kids 3-D: Game Over (2003) Spy kids 3 ဇာတ်ကားကတော့အရှေ့က Spy kids 1,2 ကြည့်ပြီးသူတွေအဖို့ရှည်ရှည်ဝေးဝေး ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ကောင်းမှန်းသိကြမယ်လို့ထင်ပါတယ်။ဒါပေမယ့် ဇာတ်လေးလည်းနည်းနည်းသိအောင်အကျဉ်းချုပ်ပြောပြပါဦးမယ်။ဒီနံပါတ်၃ကားမှာဆိုရင်တော့ Juniဟာအကြောင်းအမျိုးမျိုးကြောင့် Spy အလုပ်ကနေ အနားယူခဲ့ပြီးလစာနည်းပေမယ့် စိတ်အေးချမ်းတဲ့ဘဝရနိုင်တဲ့သီးသန့်စုံထောက်အလုပ်ကို ပြောင်းလုပ်ခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ OSS အဖွဲ့ရဲ့ခေါင်းဆောင်ဆီကနေအထင်မှတ်တဲ့သတင်းတစ်ခုကြားခဲ့ရပါတယ်။ဒါကတော့ သူ့အမ Carmenဟာ OSSရဲ့ mission အမှားတစ်ခုကြောင့်ပျောက်နေတယ်ဆိုတဲ့သတင်းပါပဲ။အဲ့နောက်မှာတော့ juniဟာ OSSကိုပြန်လာပြီးသူ့အမကို ရှာဖွေဖို့ပြုလုပ်ပါတော့တယ်။အဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာဇာတ်ကားလေးထဲမှာ ဆက်လက်စီးမျောကြပါတော့....။ File size…(850 MB) and (350 MB) Quality…BR-Rip 1080p Format…mp4 Duration….01:22:37 Subtitle….Myanmar Subtitle (Hardsub) Translated by May Thazin Phoo Encoded by Naing Aung Latt
movie
Spy Kids 3-D: Game Over (2003)
2003
Show Dogs (2018) 3.0
Show Dogs (2018) CM က တိရစ္ဆာန်ချစ်သူတွေအတွက် တိရစ္ဆာန်စကားပြောဇာတ်ကားတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။Show Dog(2018) ပါတဲ့။ခွေးချစ်တတ်သူများသဘောကျမယ့်ကားမျိုးပါ။အဓိကဇာတ်ကောင်ကတော့ Rottweiler အမျိုးအစား ဒေါသကြီးပြီး တစ်ကိုယ်တော် အလုပ်လုပ်တတ်တဲ့ ရဲခွေး Max ပါ။သူကအခိုးခံလိုက်ရတဲ့ Panda လေးတစ်ကောင်ရဲ့ အမှုကိုစုံစမ်းနေရင်း ဥပဒေဘက်တော်သား အဖွဲ့မတူတဲ့ FBI က အေးဂျင့် Frank ရဲ့စစ်ဆင်ရေးကိုဖျက်စီးလိုက်သလိုဖြစ်သွားပါတယ်။သူတို့နောက်ထပ်ရတဲ့သဲလွန်စက ခွေးပြပွဲတစ်ခုမှာဖြစ်လို့ ပြိုင်ပွဲဝင်အဖြစ်အသွင်ယူဖို့ နှစ်ယောက်သားပူးပေါင်းပြီး ပန်ဒါလေးကို ရှာဖွေရင်း Max နဲ့ Frank တို့ ဘယ်လို မိတ်ဆွေသစ်တွေရပြီး ဘယ်လိုအချစ်ကိုတွေရှိကြတယ်ဘယ်လို အမြင်တွေပြောင်းလဲသွားတယ်ဆိုတာကို ဟာသအလွဲလေးတွေနဲ့ပြထားပြီးပန်ဒါလေးကိုကယ်နိုင်သွားမလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။စကားမစပ်ပန်ဒါလေးကအသေချစ်ဖို့ကောင်းတယ်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Adventure, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SAPHiRE Translated by d3mon Encoded by Thanhtike ...
movie
Show Dogs (2018)
2018
Battle of the Sexes (2017) 7.0
Battle of the Sexes (2017) ဒီကားကတော့ ၂၀၁၇ခုနှစ်ထွက်Biography/Comedy-Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဒီကားလေးဟာ ၁၉၇၃ခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ဟိုးလေးတကျော်ဖြစ်ကာ ပြောစမှတ်တွင်ရလောက်တဲ့အထိ ဖြစ်ပွားခဲ့တဲ့ တင်းနစ်ပြိုင်ပွဲအကြောင်းပါပဲ။ဒီတင်းနစ်ပြိုင်ပွဲဟာ သာမန်ပြိုင်ပွဲတွေနဲ့မတူပါဘူး။ထိုခေတ်ကာလတွင်း အမျိုးသမီးတင်းနစ်ကစားသမားများဟာ အမျိုးသားများနှင့် တန်းတူရပိုင်ခွင့်တွေ ခံစားခွင့်မရကြပါဘူး။ဒါကြောင့် ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံးအမျိုးသမီးတင်းနစ်ကစားသမားဖြစ်တဲ့ ဘီလီဂျင်းကင်းဟာ အဲဒီအတွက်ကနေဦး တောင်းဆိုဆန္ဒပြခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ယောက်ဖြစ်လာပါတယ်။အဲဒီကနေစပြီး အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူညီမျှအခွင့်အရေးခံစားခွင့်ရှိခြင်း၊ လိင်တူရပိုင်ခွင့်များနှင့် လူ့အခွင့်အရေးဆိုတာတွေ ဆက်လက်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း ဘီလီဂျင်းကင်းကိုပါရမီဖြည့်ပေးရှာသည့်သူကတော့ ဘော်ဘီရစ်ခ်ျဆိုတဲ့ နာမည်ကျော်တင်းနစ်ကစားသမားတစ်ယောက်ပါ။သူ့ရဲ့ဝါသနာက လောင်းကစားလုပ်ခြင်းပါပဲ။အခွင့်အရေးတွေကိုချောင်းနေတဲ့ဘော်ဘီတစ်ယောက် ဘီလီကင်းကိုမျက်စိကျသွားပါတော့တယ်။သူ့ရဲ့အတိတ်ကရွှေရောင်နေ့ရက်တွေကိုပြန်လည်ရယူရင်း လောင်းကစားပါလုပ်လို့ရမည့်အကွက်ကို တွေ့သွားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဘီလီဂျင်းကင်းကိုစိန်ခေါ်ပြီး တင်းနစ်ကစားပွဲပြုလုပ်ကာ အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရသင့်ကြောင်း သက်သေပြရအောင်ဖန်တီးပါတော့တယ်။အဲဒီပြိုင်ပွဲဟာ တင်းနစ်အားကစားသမိုင်းတစ်လျှောက်တွင် လူကြည့်အများဆုံးသော ကစားပွဲဖြစ်ခဲ့တာဖြစ်ပြီး ဘီလီဂျင်းကင်းနဲ့ ဘော်ဘီရစ်ခ်ျတို့ရဲ့ အပြိုင်အဆိုင် စကားနာထိုးမှုတွေ၊ အားပြိုင်မှုတွေဟာ ကစားကွင်းမတိုင်ခင်ကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာအရရော၊ အခြားသော ...
movie
2017
Eyes Wide Shut (1999) 7.4
Eyes Wide Shut (1999) Eyes Wide Shut (1999) IMDb - 7.4/10_____Rotten - 75%    ဒီဇာတ်ကားကတော့ နာမည်ကြီး ဒါရိုက်တာ Stanley Kubrick ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Drama/Mystery/Thriller ပါ။ အက်ရှင်ကားတွေမှာပဲ ကျွန်တော်တို့ အတွေ့များတဲ့ မင်းသား Tom Cruise ကို ဒီကားမှာ ဆရာဝန်'ဘေးလ် ဟားဖို့ဒ်' အဖြစ်နဲ့ အဓိက သရုပ်ဆောင်နေရာမှာ တွေ့ရမှာဖြစ်ပါတယ်။ လူမသိသူမသိ လျှို့ဝှက်ကျင်းပတဲ့ အုပ်စုလိုက်ဆင်နွဲကြတဲ့ လိင်အပျော်အပါးပါတီတစ်ခုကို မလိမ့်တပတ်လုပ်ပြီး ဝင်ရောက်သွားတဲ့ ဆရာဝန်'ဘေး ဟားဖို့ဒ်' ရဲ့ တစ်ညတာ ကြုံတွေ့ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားရဲ့ အရသာမျိုးကို အရင်က တခါမှ မခံစားခဲ့ဖူးပါဘူး။ တခြားကားတွေနဲ့ မတူတဲ့ ခံစားမှုမျိုးကို ဒီကားမှာ မိတ်ဆွေတို့ ထိတွေ့ခွင့်ရပါလိမ့်မယ်။ ပြကွက်တိုင်းကိုက အဓိပ္ပါယ်ရှိပါတယ်။ IMDB rating (7.4) နဲ့ Rotten Tomatoes (75%) ...
movie
Eyes Wide Shut (1999)
1999
Strange Magic 5.8
Strange Magic အမှောင်တောအုပ်ကြီးရဲ့ အရှင်သခင် Bob King ဟာအချစ်ဆိုတာကို မုန်းတီးနေပြီး အချစ်ဆေးရည်ရဲ့ အဓိက ပါဝင်ပစ္စည်းဖြစ်တဲ့ primrose ပန်းတွေအားလုံးကို ဖျက်စီးပစ်ဖို့ အမိန့်ပေးထားပါတယ်ဒါပေမဲ့သူဟာ မိန်းမပွေတတ်တဲ့ စေ့စပ်ထားတဲ့ အမျိုးသားတစ်ယောက်ကြောင့် အသည်းကွဲနေတဲ့ fairy princess လေး Marianne ကိုတွေ့တဲ့အခါမှာ သူ့သဘောထားတွေပြောင်းလဲသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ မှင်စာလေး Sunny ဟာ သူ့ကိုယ်ပိုင်ဆေးရည်အတွက် primrose ပွင့်ဖတ်တွေကို လိုက်စုဆောင်းရင်း အမှောင်တောအုပ်ဆီကို ရောက်လာခဲ့ပါတယ်ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦး File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 39min Format : Mp4 Genre :Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-RARBG Subtitle by Kyaw Lwin Tun Encoded ...
movie
Strange Magic
2015
Garfield (2004) 5.0
movie
Garfield (2004)