Channel Myanmar

Alan Ford

Lock, Stock and Two Smoking Barrels(1998) 8.2
Lock, Stock and Two Smoking Barrels(1998) Lock, Stock and Two Smoking Barrels (1998)===================================IMDB - 8.2 Rotten tomatoes - 75% Metascore - 66% ဒီတစ်ခါတင်ဆက်ပေးမှာကတော့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့Guy Richie ရဲ့ဟာသအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။R-rated ဖြစ်တာမလို့ သွေးထွက်သံယိုတွေ၊ ကြမ်းတမ်းတဲ့စကားတွေပါပြီးdark comedy ကားမျိုးဖြစ်တာမလို့ ဒီလိုဇာတ်ကားမျိုးတွေကိုကြည့်ရှုချင်နေတဲ့သူတွေအတွက်တော့ လုံးဝကို Old but Gold ပါပဲခင်ဗျ။ဇာတ်လမ်းအကျဉ်းကတော့ မြို့ထဲကရာဇဝတ်ဂိုဏ်း‌ ခေါင်းဆောင်တစ်ဦးနဲ့အတူဖဲဆော့ရင်း တင်သွားတဲ့ ဖဲကြွေး ပေါင် ၅သိန်းကို (၇)ရက်အတွင်း ပေးရမဲ့Eddy, Tom, Bacon, Soap ဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။ဒီလေးယောက်က အကြွေးပြန်ဆပ်ဖို့အတွက် ပိုက်ဆံရှာနိုင်မဲ့အလွယ်နည်းလမ်းကိုလိုက်ရှာရင်း သူတို့ဘေးအခန်းထဲမှာ နေရာတနေရာကို ဓါးပြတိုက်ဖို့လုပ်နေတဲ့Dog တို့ရဲ့လူမိုက်အဖွဲ့က ပြောနေတာကို နားထောင်မိပြီး သူခိုးလက်ကသူဝှက်လု လုပ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒီလိုနဲ့ ဘယ်လိုတွေရှုပ်ပြီးဘယ်လိုတွေရုပ်တည်ကြီးနဲ့ လွဲကြမလဲ၊ ဘယ်လိုအရှုပ်ထုတ်တွေထဲကိုဝင်ပါမိကြမလဲ၊နောက်ဆုံးမှာရော သူတို့ရဲ့အကြွေးကိုပြန်ဆပ်နိုင်မှာလားဆိုတာကိုရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။ File size…2.44GB / 774MB Quality…Blu-Ray ...
movie

Lock, Stock and Two Smoking Barrels(1998)

Exorcist: The Beginning(2004) 5.1
Exorcist: The Beginning(2004) Exorcist The beginning (2004)====================Exorcist series ကြီးရဲ့အစသမိုင်းဖြစ်တဲ့ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေ လန်ကတ်စတာ မယ်ရင် တဖြစ်လဲဖာသာမယ်ရင်။စစ်ပွဲကြီးအပြီးမှာ သေကြေရတာတွေအနိဠာရုံတွေမြင်ခဲ့တာကနေဘုရားသခင်အပေါ်ယုံကြည်မှုပျောက်ဆုံးသွားခဲ့ပြီးရှေးဟောင်းသုတေသနပညာရှင်အနေနဲ့ပဲကျင်လည်ကျက်စားနေတဲ့သူပါ။တနေ့မှာသူ့ဆီအလုပ်ရောက်လာခဲ့တာက အာဖရိကက ရှေးဟောင်းခရစ်ယာန်ဘုရား‌ကျောင်းတခုဆီကရုပ်ထုတစ်ခုကိုရှာ‌ပေးဖို့ပါပဲ။ဒါပေမဲ့ခရစ်ယာန်သာသနာအာဖရိကတိုက်မရောက်ခင်တည်းကရှိနေခဲ့တဲ့ဒီဘုရားကျောင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒီဘုရားကျောင်းနားမှာဖြစ်ပျက်နေတဲ့သေကြေပျက်စီးနေတာတွေကဘာကြောင့်လဲ။ နယ်ခံတာကာနာလူမျိုးတွေနဲ့ဒီဘုရားကျောင်းနဲ့ကဘာတွေဆက်နွယ်နေတာလဲ။ ဒီသေကြေပျက်စီးနေတာတွေရဲ့အလည်မှာကောင်လေးတယောက်ကလည်းရှိနေတာဘာ‌ကြောင့်များလဲ။ ဒီကောင်လေးကိုဘယ်အရာကများပူးကပ်ပြီးသတ်ဖြတ်နေတာလဲ။ ဘုရားသခင်ကိုယုံကြည်မှုမရှိတော့တဲ့မယ်ရင်တယောက်အဖြေရှာကယ်တင်ဖို့ကြိုးစားတာအောင်မြင်နိုင်ပါ့မလားဆိုတာကို Exorcist the beginning ဆိုတဲ့ဇာတ်ကားမှရှုစားပေးကြပါဦး..... File size…1.41GB / 779MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 54m Genre ..... Mystery , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Exorcist: The Beginning(2004)

Snatch(2000) 8.3
Snatch(2000) Snatch(2000)IMDb....8.3,,,,Rotten....73%Snatch ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Guy Ritchie အကြောင်းကိုပြောရမယ်ထင်တယ်... ဒီဘိုးတော်ကြီးက အောင်မြင်မှုရနိုင်ခြေနည်းတဲ့ King Arthur လိုကားမျိုးကိုတောင် ရင်ထဲစွဲကျန်နေအောင်ရိုက်နိုင်တဲ့အပြင် အခုလည်း လက်ရှိ မူလကျောရိုးအတိုင်းရိုက်ပေမယ့် အောင်မြင်မှုရနေတဲ့ Aladdin ရုပ်ရှင်ကားတို့ရဲ့ ဒါရိုက်တာဖြစ်တယ်....ပြောရရင်အထက်ပါ ၂ကားဟာ ပရိတ်သတ်ရင်ထဲကို ပုံရိပ်ဟောင်းပေါင်းများစွာလွှမ်းမိုးမှုရှိပေမယ့် သူကတော့ သစ်လွင်သောခမ်းနားခြင်း ရသတွေနဲ့ဖမ်းစားနိုင်ခဲ့လေရဲ့... ဒီ Snatch ကားကလည်း ့ စိန်တုံးကြီးတစ်တုံးကအခြေ တည်ပြီး လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သ ည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ်တို့ရဲ့ကြား က စိန်တုံးကိုလိုက်ရင်း လူ့သဘော လူမနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်....ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....File Size : (950MB) and (390 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre :  Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Snatch(2000)

2000
The 100 Year – Old Man Who Climbed Out the Window and Disappeared (2013) 7.1
The 100 Year – Old Man Who Climbed Out the Window and Disappeared (2013) The Hundred Year - Old Man who climbed out of the window and disappeared (2013) IMDb - 7.0/10_____Rotten - 68%    ကဲ...မိတ်ဆွေတို့ရေ..... ဒီတစ်ခေါက်ကတော့ အသက် ၁၀၀ ကျော် အဘိုးကြီးတစ်ယောက်ရဲ့ စွန့်စားခန်းလေးအကြောင်းကို ပြောပြသွားပါ့မယ်.. သူ့နာမည်က အယ်လန်ကာလ်ဆန် တဲ့.....   "The Hundred Year - Old Man who climbed out of the window and disappeared"   ရုပ်ရှင်နာမည်အတိုင်းပဲ အသက်၁၀၀ကျော် အဘိုးကြီးတစ်ယောက် ဘိုးဘွားရိပ်သာ ပြတင်းပေါက်ကနေ ကျော်ထွက်သွားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့တဲ့ အကြောင်းပါ။ ကိုယ့်လူတို့ကတော့ တွေးနေကြမှာပဲ..."ဟ..ပြတင်းပေါက်က ကျော်ထွက်တာများ အဆန်းလုပ်လို့ကွာ" လို့ တွေးမိကြမှာပါ။ ဟုတ်ပါတယ်..ကျွန်တော်တို့လို လူငယ်တွေအတွက်ကတော့ မဆန်းပါဘူး။ ဒါပေမယ့် အသက် ၁၀၀ ကျော်ဖြစ်တဲ့ အဘိုးအိုတစ်ယောက်အတွက်ကတော့ မဟာ့မဟာ စွန့်စားခန်းကြီးပါ။ ဟုတ်ကဲ့...အဲ့ထက်ဆန်းတာ ရှိပါသေးတယ်။ ...
movie

The 100 Year – Old Man Who Climbed Out the Window and Disappeared (2013)

2013