Channel Myanmar

Albert Goldberg

Mesrine: Public Enemy #1 (2008) 7.4
Mesrine: Public Enemy #1 (2008)  Genre – Action, Biography, Crime IMDB – 7.4/10 ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကိုအရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကိုနားမလည်ပဲ နေမှာစိုးလို့ပါ။ ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့်လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲတစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာသက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ ...
movie

Mesrine: Public Enemy #1 (2008)

Masquerade (2022) 6.5
Masquerade (2022) Masquerade (2022) =============== IMDb Rating - 6.5/10The Untouchable ထဲကမင်းသားကြီး Francois Cluzet ပါဝင်ထားတဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Mascarade ဆိုတဲ့အတိုင်း ဟန်ဆောင် မှုတွေပြည့်နေတဲ့ကားပေါ့။ အချစ်ကိုကိုးကွယ်မိသူတွေ ကိုယ် ကျင့်တရားဖောက်ဖျက်မှုတွေ၊ ကိုယ်ကျိုးပဲကြည့်သူတွေ အ ကြောင်းကို သိပ်လည်း ဒရာမာမချိုးဘဲ ဟာသလေးစွက်ပြီး ရိုက်ထားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်ကအခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ဇာတ်လမ်းကတော့ ဒီလိုပါ။ အက်ဒရီယမ်က Dancer တစ်ယောက်။ ဆိုင်ကယ်တိုက်ခံရပြီး သူ့ဝါသနာ၊ သူ့အလုပ်၊ သူ့ချစ်သူကိုရော ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဆေးချလိုက်အရက်သောက်လိုက်နဲ့ ဖြစ်သလိုနေပါတော့တယ်။ ဒါပေမဲ့ ဒီလိုနေဖို့က ငွေရှိမှရမှာကိုး။ အဲဒီမှာပဲ အက်ဒရီယမ်က အသက်ကြီးကြီးချမ်းသာတဲ့မိန်းမတွေကို ချူစားပါလေရော။ တစ်နေ့မှာတော့ သူ့လိုမျိုး ပိုင်းလုံးဖြစ်တဲ့ မိန်းမချောလေးမာဂေါ့နဲ့ ချစ်မိသွားကြပါတယ်။ ချစ်ကြပေမဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာ မနေနိုင်တာကြောင့် နှစ်ယောက်သားက အလိမ်အညာပြဇာတ် ကြီးကို ကပြကြတဲ့အချိန်မှာ ဘယ်လိုဇာတ်သိမ်းသွားမလဲ။ ဟန်ဆောင်မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အမှန်တရားတွေက ဘာဖြစ်မလဲ။ ခံစားချက်တွေကို ခုတုံးလုပ်အသုံးချတဲ့ သူတို့နှစ် ယောက်ကိုရော ဘယ်သူတွေက သစ္စာဖောက်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန် ရေးသားပေးသူများကတော့ EL နဲ့ June တို့ ဖြစ်ပါတယ်)File ...
movie

Masquerade (2022)

2022
[18+] Fat Girl (2001) 6.5
[18+] Fat Girl (2001)  IMDb Rating (6.5) / Rotten Tomatoes (73%)အာနာရစ်စ် ဟာ ဆယ့်နှစ်နှစ်အရွယ်မိန်းမငယ်တစ်ယောက်၊ ကမ္ဘာကြီးကို သူ့ပုခုံးပေါ်ထမ်းတင်ထားရသလိုစိတ်ဖိစီးနေသူပါ။ အစားမက်တဲ့ ဝတုတ်မလေးသူ့မှာ ဆယ့်ငါးနှစ်အရွယ်အစ်မတစ်ယောက်ရှိပြီး အဲ့ဒီအစ်မဟာရက်ရက်စက်စက်လှလွန်းတဲ့သူဖြစ်တယ်။ သိစိတ်ကချစ်မက်ပေမယ့် မသိစိတ်ကပြိုင်ဘက်လိုသဘောထားတဲ့ အစ်မဖြစ်သူကို ချစ်တဲ့စိတ်နဲ့မုန်းတဲ့စိတ်ကြား လွန်ဆွဲနေတတ်ပါတယ်။ သူတို့ ထွက်နေတဲ့ အပန်းဖြေခရီးမှာ သူ့အစ်မထက် အသက်ကြီးအတွေ့အကြုံရှိပုံရတဲ့လူငယ်တစ်ယောက်နဲ့ ချစ်ဇာတ်လမ်းစခဲ့ချိန်မှာတော့ သူ့အစ်မ သွားလေရာတစ်ကောက်ကောက်လိုက်ရတဲ့ အာနာရစ်စ်တစ်ယောက် အဆိုးအကောင်း အကျိုးအကြောင်း မခွဲခြားတတ်သေးတဲ့ ကလေးသာသာအရွယ်နဲ့ မမြင်အပ်တာတွေ မကြားဝံ့စရာတွေကို မျက်ဝါးထင်ထင်တွေ့မြင်ရပါတော့တယ်။ ငယ်ရွယ်သူတွေရဲ့အချစ်ကို ချစ်စရာကြည်နူးစရာဇာတ်လမ်းလေးတွေအဖြစ်ယူဆကြပေမယ့် အရွယ်မတိုင်ခင် လိင်မှုကိစ္စအတွေ့အကြုံတွေကတော့ များသောအားဖြင့် မုသားတွေ အပေါ်အခြေခံတည်ဆောက်ထားလေ့ရှိပြီး နာကျင်စရာတွေဖြစ်သွားတတ်ပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ လိုချင်တာရဖို့ ဘာမဆိုပြောဖို့အသင့်ရှိနေသလို ရင်ဖိုလှိုက်မောနေတဲ့ အတွေ့အကြုံသစ်မှာ လက်ပစ်ကူးဖို့အသင့်ရှိနေတဲ့ အပျိုဖြန်းလေးတစ်ယောက်ဟာလဲ ယုံလိုက်ဖို့ ဝန်မလေးပါဘူး။ မိန်းကလေး သဘာ၀ စပ်စုချင်တဲ့ စိတ်ကလေးကလဲ ပါသေးတယ် မဟုတ်လား? “Fat Girl” ဟာ ၁၅နှစ်အရွယ် အပျိုဖြန်းမိန်းမလှလေးနဲ့ သူ့ညီမ ၁၂အရွယ် ခပ်ဖိုင့်ဖိုင့်ကောင်မလေးတို့ရဲ့ ပထမဆုံးလိင်မှုကိစ္စအတွေ့အကြုံအကြောင်းကို ရက်ရက်စက်စက်နဲ့ လက်တွေ့နဲ့အနီးစပ်ဆုံးချဉ်းကပ်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။ အဓိကဇာတ်ကောင်ဟာ အသက် ၁၂ အရွယ်မိန်းကလေးဖြစ်သလို တကယ်တမ်း သူ့နေရာက သရုပ်ဆောင်ခဲ့တဲ့မင်းသမီးဟာလဲဇာတ်ကားရိုက်ကူးစဉ်က၁၃ နှစ်ပဲရှိခဲ့သေးတာပါ။ ဒီပြင်သစ်ဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေအကြိုက်တွေ့ခဲ့ကြပေမယ့် ဝေဖန်မှုတွေကြမ်းကြမ်းတမ်းတမ်းကြုံခဲ့ရသလို တစ်ချို့နေရာတွေမှာ ...
movie

[18+] Fat Girl (2001)