Channel Myanmar

Alex Bartram

Shakuntala Devi(2020)
Shakuntala Devi(2020) Shakuntala Devi(2020)ဒီဇာတ်လမ်းက Human Computer လို့တင်စားလောက်အောင်သင်္ချာမှာတော်တဲ့ အိန္ဒိယက အမျိုးသမီးကြီးရှုကန်တလားဒေဝီ အကြောင်းကိုရိုက်ကူးထားတာပါ...မင်းသမီးကြီးကလည်း မြန်မာပရိတ်သတ်တွေရင်းနှီးတဲ့Vidya Balan ကသရုပ်ဆောင်ထားပါတယ်...ဇာတ်လမ်းစစချင်း မှာ ကောင်မလေးတစ်ယောက်ဟာ မကျေနပ်ချက်မျိုးစုံနဲ့ ရုံးကြီးတစ်ခုကိုသွားနေတယ်....သူမက ကြိုတင်ချိန်းဆိုထားတာဖြစ်လို့ လူကြီးတွေလည်းစောင့်ဆိုင်းနေကြတယ်...ဒီလူကြီးတွေ ကောင်မလေးချိန်းဆိုပြီး တရားစွဲတဲ့ကိစ္စအတွက်စောင့်ဆိုင်းနေကြတာပါ...သို့ပေမဲ့သူတို့အားလုံးက အံအားသင့်နေတဲ့မျက်နှာကိုယ်စီနဲ့...ဘာလို့ဆို ဒီကောင်မလေးဟာ သူ့အမေဖြစ်သူရဲ့ရှကန်တလားဒေဝီကို ဘဏ္ဍာရေးစာရင်းတွေ တရားမဝင်ဖျောက်ဖျက်မှုနဲ့ တရားစွဲထားတာကြောင့်ပါ....ဘာကြောင့်အမေဖြစ်သူကိုတရားစွဲတာလဲ...ဒီအမေဖြစ်သူက ဘာကြောင့် Human Computer လို့တင်စားလောက်အောင်တော်နေတာလဲ...သူဖြတ်သန်းခဲ့ရတဲ့ငယ်ဘဝပုံရိပ်တွေဟာဘယ်လိုမျိုးလဲ...ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဒီကားက တော်တော်ကြီးကိုကောင်းပါတယ်...သရုပ်ဆောင်တွေလည်း အရမ်းကိုစနစ်တကျပြင်ဆင်ပြီး ရိုက်ချက်တွေလည်းအတော်ခမ်းနားပါတယ်...ပေးချင်တဲ့ Message တွေလည်းကောင်းမွန်လွန်းတာမို့ Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲတော်ပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Zwe Zan Aung,Thaik San & Thar Htet တို့ပဲဖြစ်ပါတယ်... File Size : (2.41GB) and (1.02GB) Quality : WEB-DL 720p Format…mp4 Duration…02:07:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Shakuntala Devi(2020)

Radioactive (2019) 7.3
Radioactive (2019) ထက်မြက်တဲ့ မိန်းမ အစစ်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ကြည့်လိုက်ရအောင်။ မယ်ရီယာ ကျူရီ (သို့) မဒမ်ကျူရီ လို့ သိကြတဲ့ သိပ္ပံပညာရှင် အမျိုးသမီးရဲ့ အကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီး၊ ကမ္ဘာ့ပထမဆုံး ပြင်သစ် အမျိုးသမီးပါမောက္ခ ဖြစ်ပြီး ကျူရီ မိသားစုဟာ နိုဘယ်ဆု ၅ ဆုရရှိခဲ့တဲ့မိသားစုလည်း ဖြစ်ပါတယ်။ မဒမ် ကျူရီ တွေ့ခဲ့တာကတော့ Radioactivity ဆိုတဲ့ ဓာတ်သတ္တိကြွမှု အကြောင်းပါပဲ။ ဒီအရာဟာကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပြီး သိပ္ပံပညာ တစ်ခေတ်ဆန်းစေခဲ့တာပါ။ ဓာတ်မှန်တွေ၊ ကင်ဆာကုထုံးတွေ စသဖြင့် အသုံးဝင်တာတွေ အများကြီး တိုးတက်လာခဲ့ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ ပြင်သစ်နိုင်ငံအတွက် သူ့ရဲ့ နိုဘယ်ဆုက ရွှေတွေကို အရည်ကြိုပြီး သုံးပစ်ဖို့ လှူခဲ့ပေမယ့် ပြင်သစ်အစိုးရက ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဒမ်ကျူရီက စစ်မြေပြင်တစ်လျှောက်မှာ ဓာတ်မှန်ပါတဲ့ ကားပေါင်းများစွာကိုဦးစီးပြီး လူတစ်သန်းကျော်အထိ ဓာတ်မှန်ရိုက်ပေးခဲ့ လိုအပ်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမယ့် ရေဒီယိုသတ္တိကြွမှုကို တွေ့ခဲ့တဲ့ပညာရှင်ပီပီ ဓာတ်ရောင်ခြည်သင့်ပြီး Aplastic Anemia သွေးအားနည်းရောဂါနဲ့ သေဆုံးခဲ့ရတာပါ။ ဒီရုပ်ရှင်မှာတော့ ပိုလန်ကနေ ပြင်သစ်ကို ပြောင်းလာကာစ သိပ္ပံပညာရှင်ဘဝ အောက်ခြေကနေ သူ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေ၊ ကျဆုံးတဲ့အချိန်တွေ၊ အဆုံးသတ်ချိန်ထိ ပြသထားတာကို ...
movie

Radioactive (2019)

2019