Channel Myanmar

Alex D. Jennings

Senior Year (2022)
Senior Year (2022) 293MBSenior Year (2022)ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ မဝင်ဆန့်ဘူး ကိုယ်တစ်ယောက်တည်း ကွဲထွက်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တခြားလူတွေနဲ့နှိုင်းယှဉ်မိပြီး သိမ်ငယ်မိဖူးပါသလားစတက်ဖနီကလည်း အဲဒီလိုကောင်မလေးပါပဲ။ ဆယ်ကျော်သက်အရွယ်အစောပိုင်းမှာ အမေရိကကိုပြောင်းလာတဲ့ ဩစတြေးလျသူလေး စတက်ဖနီဟာ ယဉ်ကျေးမှုမတူတဲ့ အသိုင်းအဝိုင်းကြားမှာ သူ့ကိုယ်သူအပယ်ခံလေးတစ်ယောက်လို ခံစားခဲ့ရရှာပါတယ်။ကျောင်းက နာမည်ကြီးကလေးတွေဆို အပေါင်းအသင်းတွေလည်းအများကြီး၊ သွားလေရာမှာ ဖူးဖူးမှုတ်ခံရတာတွေကို အားကျပြီး သူကိုယ်တိုင်လည်း နာမည်ကြီးလာအောင်လုပ်မယ်ဆိုပြီး ကျောင်း cheerleader အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ၂၀၀၂ ခုနှစ် ဟားဒင်းအထက်တန်းကျောင်းရဲ့ ကျောင်းကပွဲဘုရင်မ prom queen ဖြစ်လာဖို့ကြိုးစားရင်း မမျှော်လင့်တဲ့အဖြစ်တစ်ခုနဲ့ ကြုံရပြီး သူ့ဘဝဟာ ချက်ချင်းဆိုသလို သူ့ဘဝရဲ့ နှစ်‌ပေါင်း၂၀ တာကာလဟာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပါတယ်။ဆယ်စုနှစ်၂စုအကြာ ၂၀၂၂ခုနှစ် အသက်၃၇ခုနှစ်အရွယ်ထိ အထက်တန်းကျောင်းသူတစ်ဦးဖြစ်နေဆဲ စတက်ဖနီဟာ ကျောင်းကပွဲဘုရင်မ သရဖူကိုခူးဆွတ်ရဖို့ လက်မလျှော့နိုင်သေးပါဘူး။သူ့ဘဝရဲ့ရည်မှန်းချက်ဟာ ကျောင်းကပွဲဘုရင်မရာထူးပဲဖြစ်နေပြီး အဲဒီအတွက်နဲ့ သူ့ဘဝရဲ့အရေးကြီးတဲ့အရာတွေကို မေ့လျော့နေခဲ့တာပါ။ကျောင်းပြီးဖို့တစ်လအလို စီနီယာနှစ်မှာမှ စတက်ဖနီတစ်ယောက် ဘယ်လိုတွေကြုံတွေ့ခဲ့ရလို့များ ၃၇နှစ်အရွယ်အထိ အထက်တန်းကျောင်းသူအဖြစ် သံသရာလည်နေခဲ့ရလဲဆိုတာကို အဖြေရှာရင်း ပေါ့ပေါ့ပါးပါး comedy teenage ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦးPitch Perfect ထဲက Fat ...
movie

Senior Year (2022)

Marry Me (2022) 6.3
Marry Me (2022) Marry Me (2022)မင်းသား အိုဝင်ဝယ်ဆန် နဲ့ ဂျနီဖာလိုပက်ဇ်တို့ရဲ့ အချစ်ဟာသ ရုပ်ရှင်အသစ်လေး ရပါပြီ။ ပေါ့ပေါ့ပါးပါးနဲ့ အတော်ပျော်စရာကောင်းပြီး ကြည့်ကောင်းပါတယ်။ သီချင်းတွေလည်းကောင်းတယ်။ဇာတ်လမ်းအကျဉ်းကတော့.....ကတ်ဗဲဒက်ဆိုတဲ့ နာမည်ကျော် ပေါ့ပ် အဆိုတော်ဟာ သူ့ရဲ့ စတိတ်ရှိုးမှာ သူ့ချစ်သူ အဆိုတော် ဘက်စတီရန် နဲ့ လက်ထပ်ဖို့အတွက် "ငါ့ကိုလက်ထပ်ပါ" ဆိုတဲ့ သီချင်းကို ရေးပြီးဆိုဖို့ စီစဉ်ထားခဲ့ပါတယ်။ဒါပေမဲ့ပွဲမစခင်မှာပဲ ဘက်စတီရန် ဖောက်ပြန်ခဲ့တာကို သိလိုက်ရပြီးစိတ်ပျက်သွားခဲ့ပါတယ်။ စင်ပေါ်မှာ အရွဲ့တိုက်ပြီး အဲဒီရှိုးကို ဘုမသိဘမသိနဲ့ ပါလာတဲ့ သင်္ချာဆရာ လူလွတ်ကလေးအဖေ ချာလီကို လက်ညှိးထိုးပြီး လက်ထပ်ချလိုက်တဲ့အခါ တစ်ကမ္ဘာလုံး အံ့ဩသွားတာပေါ့။အဲဒီနောက်မှာတော့ ပေါ့ပ်စတား အဆိုတော်ကြီးနဲ့ အူကြောင်ကြောင် သင်္ချာဆရာတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ.....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Comedy, Music, Romance Quality….WEB-DL 1080p and 720p File size…1.6GB and 826MB ...
movie

Marry Me (2022)

2022
The Half of It (2020) 7.2
The Half of It (2020) The Half of It (2020)================#UnicodeIMDb Rating 7.2/10 ထိရရှိထားပြီး လူကြည့်များ လူကြိုက်များနေတဲ့  မေလ (၁)ရက်နေ့ကNetflix မှာ ပြသခဲ့တဲ့ ဇာတ်လမ်းအသစ်စက်စက်ကလေးပဲ ဖြစ်ပါတယ်။ယခုအချိန်မှာ ထရိုက်ဘီကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး နောက်ခံစကားပြောဆုကို ရရှိထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ အရင်ကြားဖူးတဲ့ ပုံပြင်တွေလို ကျွန်တော်တို့က ကျွန်တော်တို့ရဲ့တခြားအခြမ်းကို ရှာနေကြတာပါ။ ကိုယ့်ရဲ့တခြားအခြမ်းကို တွေ့တဲ့အချိန်မှာ မပြောဘဲနဲ့ နားလည်တဲ့ခံစားမှုမျိုး ရကြတာပါ။ ဒီဇာတ်လမ်းရဲ့ တခြားအခြမ်းကရော .....ဇာတ်လမ်းအကျဉ်းကတော့ ...... စကွေဟေမစ်ရှ်မြို့က အယ်လီချူး ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါပဲ။ သူက အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီးတော့ သူ့ဖခင်ကြီးကိုလည်း ပြုစုရ၊သူ့ကျောင်းစားရိတ်ကိုလည်း သူ ရှာနေရတာပါ။စာတော်တဲ့လူဖြစ်တာကြောင့် တခြားကျောင်းသားတွေအတွက် အက်ဆေးရေးပေးပြီး ပိုက်ဆံရှာရပါတယ်။ တစ်နေ့တော့ သူ့ကို ကောင်လေးတစ်ယောက်ကအကူအညီတောင်းလာပါတယ်။ရည်းစားစာ ရေးပေးဖို့ပါတဲ့။ သူ ရည်းစားစာ စရေးပေးလိုက်တဲ့အချိန်မှာတော့ .......IMDb Rating ကလည်း 7.2/10 ...
movie

The Half of It (2020)

2020