Channel Myanmar

Alex Henderson

Creed (2015) 7.6
Creed (2015) Creed (2015) ==========Creed 2 ထွက်လာပြီတော့ Creed 1 လဲကြည့်ချင်ကြမယ်ထင်လို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်။ ဒီကားက တစ်ချိန်တုန်းက နာမည် ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (950 MB)  Quality : Blu-Ray 720p Running ...
movie

Creed (2015)

2015
The House Next Door: Meet the Blacks 2 (2021) 3.9
The House Next Door: Meet the Blacks 2 (2021) The House Next Door: Meet the Blacks 2 (2021)==================================ဒါလေးမကြည့်ခင် Meet the Blacks 1 လေး အရင်ကြည့်ဖို့အကြံပေးချင်ပါတယ်။ အတွဲ၁ မကြည့်ရသေးသူတွေအတွက်spoiler လေးတွေပါနိုင်ပါတယ်။ကားလ်ဘလက်ခ်တို့မိသားစု ဘီဗာလီဟေးလ်မှာ The Purge ဆိုတဲ့ သုတ်သင်ခြင်းညကြီးကို ကျော်ဖြတ်ခဲ့ရပြီးနောက်ပိုင်းကားလ်ရဲ့ ငယ်ဘဝအိမ်လေးရှိရာ အက်တလန်တာကို တစ်စခန်းရွှေ့ကြပြန်ပါတယ်။၁၀၉ ၁၁၀ ဖြစ်နေတဲ့ ကားလ်တစ်‌ယောက် သုတ်သင်ခြင်းညအကြောင်းရေးထားတဲ့ သူ့ရဲ့ Terror Night စာအုပ် အတွဲ၂ ကိုဆက်ထုတ်ဖို့လုပ်ပေမယ့် ကုန်ကြမ်းရှာမရဖြစ်နေရှာတာပါ။ဒီလိုနဲ့ စာအုပ်အတွက် ကုန်ကြမ်းရလာတယ်ဆိုမလား သူတို့မိသားစုကိုက အေးအေးလူလူနေရဖို့ကံမပါဘူးဆိုမလားတစ်ည ညလယ်ကောင်ကြီးမှာ သူတို့ဘေးအိမ်ကို စုန်းလိုလိုဆံရှည်လူကြီးတစ်‌ယောက်ရယ်၊ မျက်လှည့်ဆရာလို ဦးထုပ်ကြီးနဲ့လူတစ်ယောက်ရယ်၊ ညလယ်ကောင်ကြီး ရေကန်ဘေးမှာနေပူဆာလှုံနေကြတဲ့ ဘစ်ကနီနဲ့ကောင်မလေးတွေရယ် ပြောင်းလာတာကိုကားလ်တို့တစ်တွေ စုံထောက်လုပ်ကြရင်း....ဘာတွေတွေ့ရှိလာရမလဲ ဘယ်လိုတွေလွဲကြမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ဖြစ်ပါတယ်။) Quality – 1080p, ...
movie

The House Next Door: Meet the Blacks 2 (2021)

2021
Meet the Blacks (2016) 4.8
Meet the Blacks (2016) Meet the Blacks (2016)=================IMDb Rating - 4.8/10ခင်ဗျားတို့ကို ၁၂ နာရီတိတိ ကြိုက်တာ လုပ်ခွင့်ပေးမယ်? အဲဒီ ၁၂ နာရီအတွင်းမှာ လူသတ်ချင်လည်း သတ်၊ခိုးချင်လည်း ခိုး၊ ဘယ်ဒုစရိုက်မှုမဆို လုပ်လို့ရမှာဖြစ်ပြီး ဘယ်သူကမှလည်း အရေးယူခွင့်မရှိဘူး။ ဒါဆို ဘာလုပ်မလဲဒီလို အချိန်အတိုင်းအတာတစ်ခုနဲ့ လုပ်ချင်တာလုပ်ခွင့်ပေးထားခြင်းကို Purge (သုတ်သင်ခြင်း)လို့ ခေါ်သဗျ။တရားမမျှတသူတွေ မကောင်းတဲ့သူတွေကို လောကကြီးက ရှင်းထုတ်ဖို့ရာ နှစ်စဉ် တရားဝင် သတ်မှတ်ထားတာမျိုးပေါ့ကားလ် ဘလက်ခ်ဆိုတဲ့ လူညစ်ကတော့ ဒီကိစ္စကြီးကို ရှောင်နိုင်ဖို့ သူနေတဲ့ ချီကာဂိုကနေ မိသားစုနဲ့ လစ်ထွက်အရှုပ်ထုတ်တွေချန်ခဲ့ပြီး ဘီဗာလီဟေးဘ်ဆိုတဲ့ လူဖြူတွေချည်းရှိတဲ့ အရပ်ဒေသတစ်ခုမှာ လာအခြေချလေရဲ့။ ကံဆိုးချင်တော့ လူဖြူရပ်ကွက်က လူမည်းကို အလိုမရှိ အတိတ်က နောက်ကြောင်းမရှင်းခဲ့တာတွေကလည်းနေရာသစ်ထိ လိုက်လာ . ၁၂ နာရီတိတိ ရမ်းကားချင်သလို ရမ်းကားလို့ရတဲ့ Purge ဆိုတဲ့ သုတ်သင်ခြင်းနေ့နဲ့တည့်တည့်ကြီး ...
movie

Meet the Blacks (2016)

2016
The Trial of the Chicago 7 (2020) 8.0
The Trial of the Chicago 7 (2020) တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ...နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD...၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ...
movie

The Trial of the Chicago 7 (2020)

2020
Captive State (2019) 7.0
Captive State (2019) Rating 7 ရရှိထားတဲ့ ကားဖြစ်ပါတယ်.....​ခေတ်​လွန်​အ​မေရိကန်​ ​တော်​လှန်​​ရေးကားဆိုလည်းမမှားပါဘူး....အညွှန်​းက​တော့ အနာဂတ်​မှာ အ​မေရိကန်​နိုင်​ငံအပါအဝင်​ကမ္ဘာ​ပေါ်ကမြို့ကြီး​တော်​​တော်​များများကို ဂြိုလ်​သားများနှင်​့ဥပ​ဒေပြုသူများဆိုတဲ့ အဖွဲ့အစည်​းတစ်​ခုက သိမ်​းပိုက်​ထားတာကိုပြည်​သူ​တွေက ပြန်​လည်​တွန်​းလှန်​ကြတဲ့အ​ကြောင်​းကို ဇာတ်​အိမ်​ဖွဲ့ရိုက်​ကူးထားတာ ဖြစ်​ပါတယ်​။အနာဂတ်​မှာ ဖြစ်​လာနိုင်​တဲ့ စနစ်​အသစ်​​တွေကိုလည်​းစိတ်​ဝင်​စားဖွယ်​ ထည်​့သွင်​းရိုက်​ကူးထားတဲ့ ကားတစ်​ကားလည်​းဖြစ်​တာမို့ အား​ပေးကြပါဦး..File Size : (1 GB) & ( 285 MB)Quality : BluRay 720pRunning Time : 1 hr 49 minFormat : Mp4Genre :  Sci-Fi , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie

Captive State (2019)

2019