Channel Myanmar

Alex Hughes

The Marvels (2023) 5.9
The Marvels (2023)  မာဗယ် ရုပ်ရှင် စကြဝဠာရဲ့ ၃၃ ကားမြောက်ဖြစ်တဲ့ The Marvels ကိုတင်ပေးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ အဓိက ပါတဲ့နောက်ထပ်ကာရိုက်တာနှစ်ယောက်ကိုတော့ Wanda Vision စီးရီး နဲ့ Ms Marvel စီးရီးတွေမှာ မိတ်ဆက်ထားပြီးပါပြီ။ဒီရုပ်ရှင်ဟာ ရိတ်တင်နည်းနေတာရယ်၊ ဇာတ်လမ်းက ပေါနေတာရယ် ကလွဲရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ မာဗယ်ရဲ့အကြီးဆုံးခြေလှမ်းတွေထဲက တစ်ခုကို ဒီကနေ စတင်ထားလို့ပါ။ ထုံးစံအတိုင်း ဘယ်လောက်ပေါပေါ နောင်လာမဲ့ကားတွေနဲ့ ဆက်စပ်မိအောင် တစ်ခါတော့ ကြည့်ကိုကြည့်ထားရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကပ္ပတိန်မာဗယ်ဖြစ်တဲ့ ကယ်ရိုးဒန်ဗာဟာ အာကာသထဲမှာ ရှိနေချိန် စကြဝဠာထဲက ခုန်မှတ်တစ်ခုက အပေါက်ကြီးဖြစ်သွားပါတယ်။ အဲဒီအပေါက်ကို ဖြူရီရဲ့အဖွဲ့က သွားစုံစမ်းနေချိန်မှာ ကပ္ပတိန်မိုနီကာရမ်ဘူးလည်းပါလာပါတယ်။ အဲဒီအပေါက်ထဲက စွမ်းအင်တွေကြောင့် ကယ်ရိုးနဲ့မိုနီကာတို့ ချိတ်ဆက်မိသွားပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပေါက်ကိုဖန်တီးလိုက်တဲ့ ကွမ်တမ်လက်ပတ်တစ်ခုက ခရီး ခေါင်းဆောင် ဒါဘန်းဆီမှာရှိနေပြီး နောက်တစ်ခုက ကာမာလာခန်းဆီမှာရှိနေတာကြောင့် ကာမာလာကလည်း ကယ်ရိုးတို့နှစ်ယောက်နဲ့ စွမ်းအားတွေချိတ်ဆက်မိသွားပါတယ်။ ...
movie

The Marvels (2023)

4K HEVC
The Lady of Heaven (2021) 6.0
The Lady of Heaven (2021)  မွတ်စလင်ဘာသာမှာ အထွတ်အမြတ်ထားရတဲ့ ဖာတီမာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးကတော့The Lady Of Heaven (ကောင်းကင်ဘုံရဲ့အမျိုးသမီး) လို့ခေါ်ဆိုကြပြီးအဲ့ဒီအမျိုးသမီးရဲ့ အကြောင်းအသေးစိတ်ကို ဒီဇာတ်ကားထဲမှာ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ဒီအတိုင်းအမျိုးသမီးဖာတီမာရဲ့အကြောင်းသီးသန့်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့ ISIS တွေကြောင့် စစ်ဖြစ်နေတဲ့နိုင်ငံမှာအမေဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ လိတ် ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဇာတ်အိမ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ လိတ်က သူ့အမေကိုဆုံးရှုံးပြီးတဲ့ နောက်မှာစစ်သားတစ်ယောက်နဲ့ အမေဖြစ်သူနေထိုင်တဲ့ အိမ်မှာနေထိုင်ခဲ့ရပါတယ်။လိတ်စိတ်ဓာတ်ကျ အားငယ်လာတဲ့အချိန်မှာ အန်တီကြီးက သူ့ကို ဖာတီမာအကြောင်းပြောပြပြီးတော့ ခွန်အားပေးလေ့ရှိပါတယ်။ဒီလိုနဲ့ မွတ်စလင်တွေရဲ့စိတ်ခွန်အားတက်စရာ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အမျိုးသမီးဖာတီမာရဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်ကို လိတ်နဲ့အတူနားထောင်နေသလိုမျိုးကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.38 GB/ 1.11GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 21m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Lady of Heaven (2021)

The Long Dark Trail (2022)
The Long Dark Trail (2022) အခုဇာတ်ကားလေးကတော့ တကယ့်လက်တွေ့ဘဝမှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Braddy O'Donnell နဲ့ Carter O'Donnell တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အဲဒါအပြင် ဝါရင့်သရုပ်မင်းသားကြီးတစ်ဦးဖြစ်တဲ့ Alex Huges ကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟင်နရီ နဲ့ ဂျေကော့ပ်လို့ခေါ်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ကို ကိုယ်ထိလက်ရောက် နှိပ်စက်တတ်တဲ့ သူတို့အဖေဆီကနေ ထွက်ပြေးလာခဲ့ကြပါတယ်။အဲဒီနောက်နှစ်ရှည်လများ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူတို့အမေအကြောင်းကို နားစွန်နားဖျားကြားလိုက်ရတဲ့အခါမှာ သူတို့အမေကိုလိုက်ရှာဖို့အတွက် ပန်ဆယ်ဗေးနီးယားမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ တောအုပ်ကြီးဆီကို ခရီးထွက်ခဲ့ကြပါတော့တယ်။ တကယ်တမ်း သူတို့ရဲ့အမေက ဘယ်လိုနေထိုင်နေရပြီးတော့ ဘာတွေဖြစ်နေမလဲ၊ သူတို့ကို ဘာကြောင့် ငယ်ငယ်က စွန့်ပစ်သွားခဲ့ရတာလဲဆိုတာကိုတော့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ လာရောက်ကြည့်ရှုဖို့အတွက်ကို ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။File size…(1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:18:00 Genre...Horror Subtitle….Myanmar Subtitle ...
movie

The Long Dark Trail (2022)