Channel Myanmar

Alexandra Powers

The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)

Dead Poets Society (1989) 8.1
Dead Poets Society (1989) Dead Poets Society (1989) IMDb - 8.0/10_____Rotten - 84% Won 1 Oscar. Another 19 wins & 18 nominations    အခု ပြောမှာက ဒီရုပ်ရှင်ကနေ ကျွန်တော် ဖမ်းဆုပ်လို့ရသလောက် အတွေးမျှင်တွေအကြောင်းပါ။ ဒီ ရုပ်ရှင်ထဲက Robin Willain ရဲ့ စကားကို မှီးပြောရရင် ပညာရေးဆိုတာ ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ သင်ပေးရတာပါတဲ့။ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို့ (ဝါ) ကိုယ့်ဆင်ခြင်တုံတရား ကိုယ့်အသိစိတ်နဲ့ ကိုယ် ရှင်သန်တတ်ဖို့ ကျွန်တော်တို့ လိုအပ်တဲ့အရာကရော ဘာများလဲ ကျွန်တော်ကတော့ အနုပညာလို့ပဲ ဆိုချင်တယ်။ ဂီတ စာပေ ကဗျာ ပန်းချီ ဘာမဆိုပါပဲ။ ဒီရုပ်ရှင်မှာတော့ ကဗျာတွေနဲ့ပဲ ဥမေယျပြုသွားပါတယ်။ အတွေးအခေါ်နဲ့ ခံစားချက်အပေါ်အခြေခံတဲ့ ကဗျာဆိုတာဟာ အပေါ်ယံကြည့်ရင် ဘာမှမဆိုင်သလိုနဲ့ တစ်သားတည်းပါပဲ။ အနုပညာကိုမုန်းပါတဲ့ ကျော်ကြားလှစွာသော ဒဿ နိကဆရာကြီး ပလေတိုတောင် သူ ဘယ်လိုပဲ အနုပညာကိုမုန်းမုန်း သူ့ကျမ်းတွေကတော့ အတော်ပြေပြစ်လှပတဲ့ အရေးအသား ဖြစ်နေခဲ့ပါတယ်။ အနုပညာနဲ့ ဒဿဘ နိကဟာ မဆိုင်သလိုနဲ့ဆိုင်နေတဲ့ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းပါပဲ။ပြီးတော့ကာ တွေးခေါ်မှုဟာ ခံစားချက်မပါရင် အတော်အန္တရယ်ကြီးတဲ့အရာပါပဲ။ ဒီဇာတ်လမ်းမှာ ...
movie

Dead Poets Society (1989)

1989