Channel Myanmar

Ali Hillis

The Ultimate Life(2013) 6.0
The Ultimate Life(2013)  Money is the second god. တဲ့။ တကယ်ပဲ ဘဝမှာ ပိုက်ဆံသာရှိရင်အရာရာပြီးပြည့်စုံရဲ့လား။ သူ့ကြီးပဲလားကွယ့်…ဆားလေးနဲ့ပါဘုရားလို့ အမတ်ကြီးဦးပေါ်ဦး ပြန်ဖြေသလိုပါပဲ၊ ဘဝမှာ ပိုက်ဆံလေးတင်ရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဘဝအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ လူအချင်းချင်းသဘောထားမတူနိုင်ပေမယ့်လည်း သေချာတာကတော့ ငွေကြေးနဲ့တင်ဘဝအဓိပ္ပာယ်ကို တန်ဖိုးပိုင်းဖြတ်လို့မရပါဘူး။ ဒီဇာတ်လမ်းထဲမှာဂျေဆန်စတီဗင်ဟာ သူ့အဘိုးဆီကနေ အမွေဆက်ခံပြီးနောက်မှာတစ်ခြားမိသားစုဝင်တွေရဲ့ မလိုလောဘတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ကြိုးစားနေရတယ်။ တစ်ဖက်မှာတော့ ဂျေဆန်ဟာ သူ့ချစ်သူနဲ့ပြဿနာပေါ်လာပါတော့တယ်။ ဒီဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့သူ့အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကနေ အကြံပေးမှုရယူဖို့ ဖြစ်လာပါတော့တယ်။သူ့အဘိုးရဲ့ ဘဝမှတ်တမ်းကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူသွားနိုင်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ The Ultimate Gift ၊ The Ultimate Life ၊ The Ultimate LegacyဆိုပြီးThe Ultimate Trilogy ထွက်ရှိထားတာထဲက The Ultimate Life ကိုCM ပရိတ်သတ်တွေအတွက် ဘဝသင်ခန်းစာလေးတွေ ရယူနိုင်ကြဖို့ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါပြီ။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie

The Ultimate Life(2013)

Beverly Hills Chihuahua (2008) 5
Beverly Hills Chihuahua (2008) Beverly Hills (2008) အညွှန်းဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ... ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်.....။2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.6GB) / ...
movie

Beverly Hills Chihuahua (2008)

Kiss Kiss Bang Bang(2005) 7.6
Kiss Kiss Bang Bang(2005) Kiss Kiss Bang Bang(2005) IMDb....7.6,,,Rotten...86% Kiss kiss bang bang ဟာ စုံ​ထောက်​ဟာသဇာတ်​မြူးကားဖြစ်​ပါတယ်​။ ဟယ်​ရီဆိုတဲ့ အ​ပေအ​တေ ဂျ​လေဘီတစ်​​ယောက်​က ရုတ်​တရက်​ ရုပ်​​ရှင်​သရုပ်​​ဆောင်​အ​နေနဲ့ အ​ရွေးခံရပြီး​တော့အယ်​​အေကို​ရောက်​သွားပါတယ်​။ အဲ့ဒီမှာ ငယ်​ကကျွမ်​းတဲ့ ငယ်​ကျွမ်​း​ဆွေ​ကောင်​မ​လေး ဟာမီုနီနဲ့ ပါတီမှာပြန်​​တွေ့ခဲ့ရာက​နေ ငယ်​ငယ်​ကဇာတ်​လမ်​းပြန်​စခဲ့ပါတယ်​။ငယ်​ကျွမ်​း​ဆွေ​ကောင်​မ​လေးမှာ ငယ်​ငယ်​ကအရမ်​း admire ဖြစ်​ခဲ့ရတဲ့ စာ​ရေးဆရာ တစ်​​ယောက်​ရှိခဲ့ပါတယ်​။ အဲ့ဒီစာ​ရေးဆရာ​ရေးတဲ့စာအုပ်​ကို ပြန်​ရုပ်​ရှင်​ရိုက်​တဲ့အခါမှာလည်​း ရုပ်​ရှင်​မင်​းသားကိုအရမ်​း​လေးစားခဲ့ပြန်​ပါတယ်​။ ဒါ​ပေမဲ့လည်​း သူမရဲ့ညီမ သူ့ကိုယ်​သူသတ်​​သေတာဟာ အဲ့ဒီရုပ်​ရှင်​မင်​းသားနဲ့ ပတ်​သတ်​​နေပြန်​ပါ​ရော။ ဘယ်​လိုပတ်​သတ်​​နေတာလဲဆိုတာကို​တော့ ရှုစားကြည်​့ကြပါ။ခုနက ဂျ​လေဘီ ဟယ်​ရီက​တော့ စုံ​ထောက်​​လေ့ကျင်​့ခန်​း​တွေကို လိုက်​ပြီးကူလုပ်​​ပေးခဲ့ရပါတယ်​။ အဲ့ဒီက​နေ အရှုပ်​​တော်​ပုံတစ်​ခုထဲကို ​ရောက်​မှန်​းမသိ​ရောက်​ခဲ့ရပါတယ်​။သို့​သော်​လည်​း ၎င်းအရှုပ်​​တော်​ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်​သတ်​​နေတာဖြစ်​​လေ​တော့ သူဟာရုန်​းထွက်​မရနိုင်​​အောင်​ဖြစ်​ခဲ့ရပါတယ်​။ ဟယ်​ရီတို့ ကိစ္စတစ်​ခုစုံစမ်​း​နေချိန်​မှာပဲ ​ကောင်​မ​လေးတစ်​​ယောက်​ရဲ့အ​လောင်​းကို တိုက်​တိုက်​ဆိုင်​ဆိုင်​​တွေ့ခဲ့ရပါတယ်​။ အသတ်​ခံရတဲ့​ကောင်​မ​လေးက​ကော ဟာမိုနီ့ညီမနဲ့ ဘယ်​လိုပတ်​သတ်​လဲ။ ဟိုရုပ်​ရှင်​မင်​းသားက​ကောဒီ​ကောင်​မ​လေးနှစ်​​ယောက်​​သေဆုံးမှုနဲ့ ဘယ်​လိုပတ်​သတ်​မလဲဆိုတာက​တော့ ဆက်​လက်​ရှုစားရင်​းနဲ့ ရင်​ခုန်​လိုက်​ပါဦး။ ဇာတ်​လမ်​းကို​တော့ ဟယ်​ရီ က​နောက်​ခံစကား​ပြောတဲ့ပုံစံမိိျုးနဲ့ ...
movie

Kiss Kiss Bang Bang(2005)

2005