Channel Myanmar

Alice Braga

SHARE? (2023) 5.5
SHARE? (2023) Share? (2023)~ IMDb - 5.5/10, Rotten Tomatoes - 70% ~ဒီတစ်​ခေါက်ကား​လေးက​တော့ Fixed Camera တလုံးတည်းကို အသုံးပြုထားပြီး ရှု​ထောင့်တစ်ခုတည်းက​နေရိုက်ပြထားတဲ့ Share? ဆိုတဲ့ကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~#000000014 ဆိုတဲ့နံပါတ်နဲ့ လူတစ်​ယောက် ရုတ်တရက် အလုံပိတ်ခန်းထဲမှာ ​​ခေတ်​ဟောင်းကွန်ပြူတာတစ်လုံးနဲ့ တစ်​ယောက်တည်းနိုးလာခဲ့ပါတယ်။ စားဖို့​သောက်ဖို့အတွက် သုံးရတဲ့​တစ်ခုတည်း​​သော ​ငွေ​ကြေးကို လူ​တွေကို​​ဖျော်​ဖြေရတဲ့နည်းတစ်ခုတည်းနဲ့သာ​ ရှာလို့ရတဲ့စနစ်မှာ ​ငွေ​တွေရှာရင်း ​ရေ​နွေးအိုးထဲက ဖား​တွေလို ပူမှန်းမသိ လွတ်​မြောက်ဖို့မကြိုးစားဘဲ ​နေသားကျ​နေတုန်း #038491828 ဆိုတဲ့နံပါတ်နဲ့​ကောင်မ​လေး​ရောက်လာပြီး​နောက် ဘယ်လို​တွေအ​ပြောင်းအလဲ​တွေဖြစ်ကုန်မလဲ... ဆိုတာ စိတ်ဝင်တစားကြည့်ရမယ့်ကား​လေးလည်းဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 720MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 20Min Genre - ...
movie

SHARE? (2023)

2023
Crossing Over (2009)
Crossing Over (2009) ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်‌ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(881 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Crime, Drama  Subtitle….Myanmar ...
movie

Crossing Over (2009)

Blindness (2008) 6.5
Blindness (2008)  IMDB - 6.5ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလိုဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာကခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီးလင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီးကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်းမျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြားတစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်အစိုးရကရောဂါကူးစက်‌သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်အစအစအရာရာ ဦးဆောင်ပြီးလုပ်‌‌ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်နောက်ပိုင်းလူတွေတစ်စတစ်စများလာ‌တော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံလူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်းစိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာ‌တော့....  File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Blindness (2008)

Hypnotic (2023) 5.5
Hypnotic (2023) Hypnotic (2023)ဒါရိုက်တာ Robert Rodriguez ရိုက်ကူးပြီး ဘန် အက်ဖလစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါ။ လှည့်ကွက်လေးတွေပါတဲ့ အက်ရှင် သရေလာ အမျိုးအစားပါပဲ။ ဘန်ဟာ ရွတ်ခ်ဆိုတဲ့ ရဲစုံထောက်တစ်ယောက်ပါ။ သူ့ရဲ့သမီးလေးကို တစ်နေ့မှာ လူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးလုံးဝ ပြန်ရှာမတွေ့တော့ပါဘူး။ သူ့ကိုပြန်ပေးဆွဲသွားတဲ့လူကလည်း သူ့သမီးရဲ့နေရာကိုလုံးဝမမှတ်မိဘူးဖြစ်နေပါတယ်။ အဲဒီအမှုကို လက်လျှော့လိုက်ရပြီး သူ အခြားအမှုတစ်ခုကိုလိုက်ရင်းနဲ့ လူတွေကို အိပ်မွေ့ချပြီး အမိန့်ပေးချင်ရာပေးနိုင်တဲ့အစွမ်းရှိသူတစ်ယောက်နဲ့ တွေ့သွားပါတော့တယ်။ အဲဒီလူက သူ့သမီးပျောက်ဆုံးမှုနဲ့ ထူးထူးခြားခြား ဆက်စပ်နေပြီး အဲဒီလူနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဖြစ်လာမလဲဆိုတာ...အညွန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 622MB | 305MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron
movie

Hypnotic (2023)

2023
Elysium (2013) 6.6
Elysium (2013) IMDb Rating (6.6) / Rotten Tomatoes (64%)2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်...၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် ...ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်...သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့...သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။ File size…(4.9 GB)/(1.8 GB) /(1 GB) Quality….BluRay 4K HEVC/1080p ...
movie

Elysium (2013)

4K HEVC
On the Road(2012) 6.0
On the Road(2012) On The Road (2012)================IMDb-6/10ဒီဇာတ်လမ်းလေးက အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့“ On the Road” ဆိုတဲ့ အထင်ကရစာအုပ်ကို အခြေခံပြီးရိုက်ကူးထားပါတယ် ။ စာအုပ်ထဲမှာ ဆိုရင် Jack က ဆယ် အဖြစ်နဲ့သူ့သူငယ်ချင်း စာရေးဆရာ Allen Ginsberg ကို ကာလို အဖြစ်နဲ့တခြားသူငယ်ချင်းတွေနဲ့ ခရီးတွေ သွားဖြစ်ကြတဲ့အကြောင်း ၊ကြုံရဆုံရ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ ဒါကိုဒါရိုက်တာ Walter Salles က သူ့ရဲ့ ရုပ်ရှင်ရုပ်ရှင်ပိတ်ကားထက်မှာပညာသားပါပါ အနုပညာပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက် ဟာ သူ့အဖေသေဆုံးပြီးနောက်စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေတဲ့အချိန်…ဒင်း နဲ့ တွေ့ဆုံပြီးစိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒင်း ကဆေးသုံးတယ် မိန်းမလိုက်စားတယ် အရှုပ်ထုပ်တွေ လုပ်တတ်တဲ့ သူပါ။ဆယ် တစ်ယောက် ဒင်းနဲ့ အတူ အမေရိကတစ်ခွင်က ...
movie

On the Road(2012)

Lower City (2005) 6.5
Lower City (2005) Lower City (2005) ============== IMDb Rating - 6.5/10ဒယ်ဒင်ဟိုနဲ့ဒီကိုဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ထဲက ခင်လာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ပါတယ်။ တစ်ယောက် ကကြက်တိုက်ရတာကြိုက်ပြီး တစ်ယောက်က လက်ဝှေ့ထိုးပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စပ်တူပိုင်တဲ့လှေပေါ်မှာပဲ ရရာအလုပ် လေးလုပ်ပြီး အတူနေလေ့ရှိပြီး မိန်းမတစ်ယောက်ကိုတောင် နှစ်ယောက် မျှကြတဲ့ ညီအကိုတွေလိုခင်ကြပါတယ်။တစ်နေ့မှာတော့ ကရီနာဆိုတဲ့ ညည့်ငှက်ကလေးနဲ့ နှစ်ယောက်သားစုံ ကြပြီး ခါတိုင်းလိုမျှဝေကြရာကနေ ညီအကိုလိုခင်တဲ့သူငယ်ချင်းတွေမှာ ညည့်ငှက်ကလေးကို ကြိုက်မိကုန်ကြပြီး သူငယ်ချင်းနှစ်ယောက်လုကြရင်း ဘယ်သူနဲ့နောက်ဆုံးမှာ ရသွားမလဲဆိုတဲ့ ဇာတ်ကြောင်းလေးကို ဇာတ် အိမ်တည်ထားတာပါ။ ဘယ်လောက်ပဲခင်ခင် ညီအကိုတွေထပ်ပိုရင်းနီး နေပါစေ မိန်းကလေးတစ်ယောက်နဲ့ပတ်သတ်လာတဲ့အခါ အခုလိုရန်သူ တွေပါဖြစ်နိုင်တယ်ဆိုတဲ့ message လေးကိုပေးထားတာမို့ အားလုံး ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။(အဖော်အချွတ်အခန်းတွေပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ momo ဖြစ်ပါတယ်)File Size..........(2.17 GB) / (846 MB) / (529 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......momo Encoder..........SWM
movie

Lower City (2005)

2005
The Rite (2011) 6
The Rite (2011) The Rite (2011)Diagnosis (ရောဂါအမည်တပ်ခြင်း) ဆိုတာ ဆေးကုသတဲ့ဖြစ်စဉ်တစ်ခုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း အရေးပါလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒီလိုပြောလို့ ယခုတင်ဆက်ပေးမှာက ဆေးပညာဆိုင်ရာ ဇာတ်လမ်းတစ်ခုတော့မဟုတ်ပါဘူး။ သရဲကားပါပဲ။ဘုရားသခင်က လူသားတွေကို ဖန်ဆင်းလိုက်ပြီးနောက်မှာ လူသားတွေကို ရွံရှာမုန်းတီးစိတ်နဲ့ ဦးမညွှတ်နိုင်တဲ့ ဒုတိယသားကြီး လူစီဖာဟာ ဖခင်ကိုပုန်ကန်လို့ ငရဲမင်းသားအဖြစ်ကိုခံယူ၊ မကောင်းဆိုးဝါးတို့ရဲ့ ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်တဲ့။ သူကနေ အဆင့်ဆင့်ဆင်းသက်လာတဲ့ မကောင်းဆိုးဝါး ရာထူးအစဉ်လိုက်က လူတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့ရင်း လူ့ခန္ဓာကိုယ်ထဲဝင် သူတို့စိတ်နဲ့သူတို့ကိုယ်ဖြစ်အောင် ထိန်းချုပ်လိုက်တဲ့အခါ မကောင်းဆိုးဝါးပူးကပ်ခြင်းဖြစ်စဉ် ဖြစ်လာတော့တာပေါ့။သားဆိုးလူစီဖာကို နှိမ်နင်းခဲ့ရတဲ့ သားကြီးဩရသ မိုက်ကယ်ရဲ့တာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်ရတဲ့ လူသားဘုန်းတော်ကြီးတွေဟာ ပူးကပ်ခံရသူ လူသားတွေကို ကူညီပြီး မကောင်းဆိုးဝါးနှင်သူတွေအဖြစ် လေ့ကျင့်သင်ကြားလာရပါတယ်။ ဆရာဖြစ်သင်တန်းတက်ရသလိုပေါ့လေ။မကောင်းဆိုးဝါးနှင်ရတယ်ဆိုတာ ပူးကပ်နေသူ ဘယ်သူလဲ၊ ဘာအမျိုးအစားလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့က အရေးအကြီးဆုံးပါ။ ပူးကပ်နေတဲ့ မကောင်းဆိုးဝါးအမျိုးအစားကိုသိရရင် နှင်ထုတ်ဖို့က လွယ်ပါတယ် ဆိုကြပါစို့။ဘုရားကို ယုံကြည်သက်ဝင်ခြင်းမရှိသူ၊ ဝေးလ်လူမျိုး၊ အလောင်းပြင်ရတဲ့မိသားစုက ...
movie

The Rite (2011)

2011
City of God(2002) 8.7
City of God(2002) City of God(2002) ******************* IMDb....8.7 Rotten......90% အော်စကာ....၄ဆုဒီကားဇတ်လမ်းလေးအစမှကောင်လေး ၂ယောက်လမ်းလျှောက်လာတယ် တစ်ယောက်က ကင်မရာလေးတစ်လုံး လွယ်ထားတယ်... သူတို့လမ်းလျှောက်ရင်းပြောတဲ့စကားတွေက ဓာတ်ပုံရိုက်ရင် အန္တရယ်များလို့ အသတ်ခံရနိုင်တဲ့ အကြောင်း တစ်ယောက်ကလည်း ဒါမှသူအလုပ်ရနိုင်တဲ့အကြောင်းအခြေအတင်ပြောလာကြတယ်... အဲ့ဒီအချိန်မှာပဲ အဖွဲ့တစ်ဖွဲ့က ကြက်တစ်ကောင်ကိုသေနတ်နဲ့လိုက်ပစ်ဖမ်းနေတယ်..... ကောင်လေး ၂ယောက်ရှေ့မှာ ကြက်ကရောက်နေတော့ သေနတ်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကလှမ်းအမိန့်ပေးလိုက်တယ်.... ကြက်ကိုဖမ်းလိုက်စမ်းတဲ့ တစ်ချိန်ထဲမှာပဲ သေနတ်ကိုင်အဖွဲ့ကို ဖမ်းဖို့ ရဲအဖွဲ့က ကောင်လေး ၂ယောက်ရဲ့ နောက်မှာ ရောက်လာတယ်....လက်နက်ကိုင်၂ဖွဲ့ကြားမှ ကောင်လေး ၂ယောက် ........သူတို့ ၂ယောက်ဟာ ဘာလုပ်ရမှန်းမသိတဲ့ အနေအထား .......ကောင်လေးက သူတို့နယ်မြေရဲ့အကြောင်းကိုဆက်ပြောပြတယ် ကျွန်တော်တို့ဆီမှာ ပြေးရင်လည်း သူတို့ကလိုက်ဖမ်းမိမယ် ရပ်နေရင်လည်း သူတို့ကဖမ်းမှာပဲတဲ့........ ဒါကဇတ်လမ်းအစ....... လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အနေအထားရဲ့လွှမ်းမိုးမှု အမှောင်ရိပ်ဟာ တစ်ချိန်လုံးလွှမ်းခြုံခံနေရရင် ရုန်းထွက်ဖို့ခက်ပါတယ် ဒီလိုအနေအထားမှာ အမှန်တရားဆိုတာဘာလဲ မေးခွန်းထုတ်နိုင်ဖို့ရယ် အဖြေရယ်ရှာဖို့ရာ အတော်ကိုမလွယ်ပါဘူး......ဘရာဇီးရဲ့ City of god မှာ ဒီလိုအဖြစ်အပျက်တွေပါ ...သေနတ်တွေအလွယ်တကူရတယ် ငွေရှာဖို့ လုတယ်... မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတယ်... လူသတ်တတ်မှ ဆေးခြောက်ရှုတတ်မှ လူရာဝင်တဲ့နေရာမျိုး ....ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အနက်ရောင်တွေ ထုံလွှမ်းနေတယ်.... နေရာစုံမယ် ကိစ္စဟူသမျှကို သေနတ်တရမ်းရမ်းနဲ့ဖြေရှင်းတယ်.....ကျွန်တော်ဟာ ...
movie

City of God(2002)

2002
Predators (2010) 6.4
Predators (2010) မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ...
movie

Predators (2010)

2010
1080p HEVC
The Suicide Squad (2021) 7.9
The Suicide Squad (2021) The Suicide Squad (2021)Superheroဆိုတာဂျိုနဲ့လားလို့ ​တွေ့သမျှလူတိုင်းကို Face to Face လိုက်​မေးမယ့် Harley Quinn ရဲ့ Suicide SqaudလာပါပြီMarvel ရဲ့ ဗရုတ်သုတ်ခအဖွဲ့ဖြစ်တဲ့ GOTGနဲ့​သောင်းကျန်းလို့အပြီးမှာ​တော့ ဒါရိုက်တာ James Gunnတစ်​​ယောက် DC universeရဲ့ ​မျောက်​​လောင်းအဖွဲ့ဖြစ်တဲ့ Suicide Squadဆီကိုပါ ​​ရောက်လာခဲ့ပါပြီIMDB rating - 7.9 နဲ့ Rotten Tomatoes rating - 95% ​တောင်ရထားတာမလို့ ​DCEU ရဲ့ ဇာတ်ကား​တွေထဲမှာ အမြင့်ဆုံး ratingလို့​​တောင် ပြောလို့ရပါတယ်U.S အစိုးရရဲ့ အရာရှိကြီး အမန်ဒါ​​ဝေါလ်လာတစ်​ယောက် Enchantressနဲ့ ရင်ဆိုင်အပြီးမှာ ​​နောက်ထပ်ကမ္ဘာပျက်မယ့်​ ဘေးအန္တရာယ်ကြီးတစ်ခုအတွက် အ​သေခံ Suicide Sqaud အသစ်တစ်ခုကို ထပ်ပြီးဖွဲ့စည်းရပြန်ပါပြီအဲ့ဒီအန္တရာယ်က​တော့ တောင်​အမေရိကကျွန်းငယ်နိုင်ငံ​လေးတစ်ခုကို အုပ်ချုပ်​နေတဲ့လူတစ်စုရဲ့ လက်ထဲကို​ရောက်ရှိ​နေတဲ့ Project Starfish လို့​ခေါ်တဲ့ ဒီကမ္ဘာပြင်ပကမျိုးစိတ်တစ်ခုပါအဲ့ဒီမျိုးစိတ်နဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုလုပ်ငန်း​တွေကို အဲ့ဒီကျွန်းနိုင်ငံ​​လေးအထိ သွား​​ရောက်ဖျက်ဆီးရမှာက ဇာတ်လိုက်​ကျော် Suicide Sqaud ကြီးရဲ့တာဝန် ...
movie

The Suicide Squad (2021)

2021
4K HEVC
Kill Me Three Times (2014) 5.9
Kill Me Three Times (2014) Kill Me Three Times (2014)====================IMDb Rating - 5.9/10နာမည်ဆန်းဆန်းနဲ့ ဒီဇာတ်ကားက Dark Comedy အမျိုးအစားရုပ်ရှင်တစ်ခုဖြစ်ပြီးနာမည်ကြီး comedy သရုပ်ဆောင် Simon Pegg က ကြေးစားလူသတ်သမား ချာလီအနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ ကြေးစားလူသတ်သမား ချာလီတစ်ယောက် လဲကျနေရာကနေ အစပြုထားပါတယ်။နောက်ပြီးတော့ တစ်စုံတစ်ခုကို ကြံစည်နေတဲ့ သွားဆေးခန်းက နေသန်နဲ့ လူစီတို့ လင်မယား  သွားဆေးခန်းနဲ့ချိန်းဆိုမှုလုပ်ထားတဲ့ အဲလစ်ဆိုတဲ့ ကောင်မလေးတစ်ယောက်၊ မိန်းမဖြစ်သူအပေါ် အချစ်ကြီးပြီး ခြုပ်ခြယ်လွန်းအားကြီးတဲ့ ဟိုတယ်ပိုင်ရှင် ဂျက်၊ စတိုးဆိုင်ဖွင့်ထားတဲ့ ဒေလန်ဆိုတဲ့ကောင်လေး၊ အဲ့‌ဒီဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ချင်းစီကို ပြသထားတယ်။ အဲ့ဒီ ဇာတ်လမ်းတွေ တစ်ခုနဲ့တစ်ခုကြား ဘယ်လိုချိတ်ဆက်မှုရှိမလဲဆိုတာခပ်ဆန်းဆန်းတင်ဆက်ထားတာကြောင့် ပရိတ်သတ်တွေကဒါကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။(သွေးထွက်သံယိုတွေ ဆဲဆိုခန်းတွေ ၀စ်လစ်စလစ်ခန်းတွေပါတာကြောင့် မိသားစုနှင့်ကြည့်ရှုရန်တော့ မသင့်တော်ပါကြောင်း)(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie

Kill Me Three Times (2014)

2014
Soul (2020) 8.3
Soul (2020)  IMDb Rating (8.3)/ Rotten Tomatoes (97%)ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ ...
movie

Soul (2020)

The New Mutants 2020 5.5
The New Mutants 2020 X men ရုပ်ရှင်အသစ်ထွက်လာနြပ်ပါပြီ။ ဒါကတော့ စူပါဟီးရိုးကို ဟော်ရာနဲ့ ပေါင်းထားတာပါပဲ။ သရုပ်ဆောင်တွေကလည်း အားလုံး ရင်းနှီးထားတဲ့သူတွေချည်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်အရွယ် ကိုယ့်ကိုယ်ကိုယ် သန္ဓေပြောင်းလူသားမှန်း ခုမှ စသိလာတဲ့ လူငယ်လေးတွေကို အိမ်ကြီးတစ်လုံးထားမှာ ပိတ်ထားပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ အစွမ်းတွေက အန္တရာယ်များလွန်းပြီး မထိန်းချုပ်နိုင်သေးတဲ့အတွက် လူတွေ မတောတဆ သေတာတွေ ဖြစ်ခဲ့လို့ပါပဲ။ သူတို့ အဲဒီမှာ စိတ်ကုထုံးတွေခံယူပြီး၊ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ပြီဆိုမှာ X-Men တွေရဲ့ ကျောင်းကို လွှဲပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းအားရှင်တွေချည်းပဲ စုနေတဲ့ အိမ်ထဲမှာမှ ပဟေဠိဆန်တဲ့ ကြောက်စရာတွေ ဖြစ်လာတဲ့အခါ File size… 1 Gb / 500 Mb Quality… Bluray 1080p / 720p Format…mp4 Duration….01:35:00 Genre … Horror, Sci-Fi, Action Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo
movie

The New Mutants 2020

I Am Legend (2007) 7.2
I Am Legend (2007) I Am Legend 2007==============#UnicodeIMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။ Quality – 1080P, ...
movie

I Am Legend (2007)

2007