Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Alice Eve
Cult Killer (2024)
Cult Killer (2024)မင်းသားကြီး Antonio Banderas ပါဝင်သရုပ်ဆောင်ထားတဲ့ စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီးချော Alice Eve က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက ခပ်အေးအေးပါပဲ။ စုံထောက်ကားအစစ်ပီသတာပေါ့ဗျာ။လူချမ်းသာတစ်ယောက် သတ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူဌေးတွေက အဲဒီအမှုကို ဆက်မလိုက်စေချင်ကြဘူး။ ဒါပေမဲ့ စုံထောက်တစ်ယောက်ကတော့ အဲဒီအမှုကို အလေးအနက်ထားပြီး လိုက်ဖို့လုပ်တယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို ငွေနဲ့ပေါက်ထုတ်လိုက်ပြီး သူ့ရဲ့အထက်လူကြီးတွေကို အမှုပိတ်ဖို့ ဖိအားပေးခိုင်းနေပေမဲ့ စုံထောက်က သူ့အသိ အလွတ်စုံထောက်တစ်ယောက်နဲ့ ပူးပေါင်းပြီး အမှုကိုဖော်ဖို့လုပ်တယ်။ အမှုကို ကိုင်ဖို့ ဆုံးဖြတ်ပြီး စစုံစမ်းတော့မယ့် အချိန်မှာပဲ အလွတ်စုံထောက်က အသတ်ခံလိုက်ရပါတယ်။ အလွတ်စုံထောက်ရဲ့ တပည့်မလေးက သူ့ဆရာကို သတ်သွားတဲ့ လူသတ်သမားကိုရှာရှင်း သူတို့လိုက်နေတဲ့ အမှုက အများကြီး ပိုရှုပ်ထွေးတဲ့အပိုင်းတွေ ပါလာတာကိုသိလိုက်ရပါတော့တယ်။စိတ်ဒဏ်ရာတွေရခဲ့ပေမဲ့ ဆရာကောင်းနဲ့တွေ့ပြီး စုံထောက်ဖြစ်လာတဲ့ စုံထောက်မလေးနဲ့ မကောင်းဆိုးရွားတွေနဲ့တွေ့ခဲ့ပြီး လက်စားချေဖို့လုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့ ကောင်မလေးတစ်ယောက် သူတို့တွေ ...
movie
Cult Killer (2024)
2024
Crossing Over (2009)
ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(881 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Crime, Drama Subtitle….Myanmar ...
movie
Crossing Over (2009)
5.5
Freelance (2023)
Freelance (2023)ဂျွန်စီနာကြီးရဲ့အက်ရှင်ဟာသကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Taken ကိုရိုက်ခဲ့တဲ့သူဆိုတော့ ဇာတ်လမ်းနဲ့အက်ရှင်ပိုင်း အတော်ကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။~ ဇာတ်လမ်းအကျဉ်း ~မေဆင်ဟာ ရှေ့နေဖြစ်ဖို့ တစ်နှစ်အလိုမှာ ဥပဒေကျောင်းကနေထွက်ပြီး စွန့်စားချင်လို့ တပ်ထဲဝင်သွားပါတယ်။ ဒီလိုနဲ့ အထူးတပ်ဖွဲ့ဝင်ဖြစ် စစ်ဆင်ရေးတွေလုပ်ရင်းနဲ့ တစ်နေ့မှာ စစ်ဆင်ရေးတစ်ခုမအောင်မြင်ဘဲ ခါးဒဏ်ရာနဲ့ နားလိုက်ရပါတော့တယ်။ နားပြီးတော့ ရှေ့နေပြန်လုပ်ပေမဲ့ သာမန်လူဘဝနဲ့ အံမဝင်ရှာပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့ သူငယ်ချင်းဟောင်းက လုံခြုံရေးကန်ထရိုက်ကုမ္ပဏီမှာအလုပ်လုပ်ဖို့ ဖိတ်ခေါ်ရင်း ပထမဆုံးအလုပ်အဖြစ် သတင်းထောက်တစ်ယောက်ရဲ့ သက်တော်စောင့်တာဝန်ကိုပေးလိုက်ပါတယ်။ အဲဒီသတင်းထောက်က ပယ်ဒိုးနီးရားဆိုတဲ့ အာဏာရှင်နိုင်ငံထဲကိုဝင်ပြီး နာမည်ဆိုးနဲ့သမ္မတကို အင်တာဗြူးရမှာပါ။ အဲဒီနိုင်ငံထဲကိုရောက်ရောက်ချင်းပဲ သမ္မတကို လုပ်ကြံတာရယ် အာဏာသိမ်းတာတွေရယ်နဲ့ ရင်ဆိုင်ရပြီး သတင်းထောက်နဲ့နှစ်ယောက်သား အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ကြိုးစားရင်းဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 5.5GB, 2.45GB, 1.25GB Quality - 4K HEVC, ...
movie
Freelance (2023)
2023
4K HEVC
Haunting of the Queen Mary (2023)
Haunting of the Queen Mary (2023)~ Rotten Tomatoes - 71% ~လတ်တလော ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တစ်ကားပါ။ ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ကမ္ဘာ့အမြန်ဆုံး သင်္ဘောကြီးအဖြစ် နာမည်ကြီးခဲ့တဲ့ Queen Mary သင်္ဘောကြီးပေါ်က ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ၊ အတိတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ ဝိညာဉ်တွေအကြောင်းပါ။Queen Mary သင်္ဘောကြီးဟာ ကမ္ဘာစစ်တွေ အပျက်အစီးတွေကြားမှာ ကြံ့ကြံ့ခိုင် ကျန်ရစ်ခဲ့ပြီး မနစ်မြုပ်နိုင်တဲ့ သင်္ဘောအဖြစ် သင်္ဘောသားတွေကြား နာမည်ကျော်ပါတယ်။ ဒီဂုဏ်သတင်းနောက်ကွယ်မှာ ထိတ်လန့်စရာ စတေးမှုတွေရှိနေပါတယ်။ရှေးက သင်္ဘောဆောက်တဲ့အင်ဂျင်နီယာတွေရဲ့ရိုးရာအရ သင်္ဘောတစ်စင်း မနစ်မြုပ်အောင် လူသားတစ်ယောက်ကို ဆောက်တုန်းမှာ နှိပ်စက်ပြီး မြှုပ်ရပါတယ်တဲ့။ ဒီသင်္ဘောကြီးမှာလည်း အဲဒီလိုအယူနဲ့ အကျဉ်းသားတစ်ယောက်ကို မြှုပ်ထားပါတယ်။ကံဆိုးစွာနဲ့ သင်္ဘောက ခရီးစဉ်သွားရင်း နစ်မြုပ်သွားတဲ့အခါ သေဆုံးသွားတဲ့ခရီးသည်တွေက သရဲအဖြစ်နဲ့ခြောက်လှန့်နေပါတယ်။ ဒီဘက်ခေတ်မှာ သရဲခြောက်တာတွေနဲ့ သင်္ဘောကို လှည့်ပတ်ကြည့်ဖို့ Tour ...
movie
Haunting of the Queen Mary (2023)
2023
6.4
The Raven(2012)
The raven 2012ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီးခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲကjohn cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာအက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားကပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီးလူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီးပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့်လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရောအချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့်အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size… 1.1 GB / 489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu
movie
The Raven(2012)
2012
5.1
The Infernal Machine (2022)
The Infernal Machine (2022) =====================ဘရု့စ် ကို့ဂျ်ဘန်းဆိုတဲ့ စာရေးဆရာတစ်ယောက်ဟာ လူမသိသူမသိ နေထိုင်နေတဲ့သူပါ။ တစ်ရက်မှာတော့ သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့ နာမည်နဲ့စာတွေ ရောက်လာပါတယ်။ အဆိုပါ စာထဲမှာတော့ သူ စာရေး နေတာ ဘရု့စ်ကို ကူညီခိုင်းတာပါ။ ဘရု့စ်က မကူညီနိုင်ဘူး ငြင်းပေမယ့် စာတွေကတော့ ရောက်မြဲ ရောက်လာဆဲပါ။၁၉၈၁ ခုနှစ်မှာ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ကျောင်းဝန်း ထဲကိုဝင်ပြီး သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ၁၃ ယောက် သေဆုံးပြီး အများ အပြားဒဏ်ရာရခဲ့ပါတယ်။ သို့သော် တရားခွင်မှာတော့ သူ့မှာ အပြစ်မရှိပါ။ ဘရု့စ်ရေးသားတဲ့ The Infernal Machine ဆိုတဲ့ စာအုပ်ကြောင့် ကျူးလွန် ရတာပါလို့ ထွက်ဆိုပါတော့တယ်။ ထိုအပြစ်ရှိစိတ်ကြောင့်ပဲ ဘရု့စ်ဟာ စာလည်းဆက်မရေးနိုင်သလို လူမြင်ကွင်းကနေ ပုန်းကွယ်နေခဲ့တာပါ။ သို့သော် သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့လူဆီကနေ စာတွေရောက်လာပြီးနောက်မှာတော့ သူ့ဘဝ ကပြောင်းကပြန်တွေဖြစ်ကုန်ပါတော့တယ်။ ဇာတ်လမ်းအလှည့်အပြောင်း များစွာကို စိတ်ဝင်တစား ကြည့်ရှု့ရမှာဖြစ်လို့ လက်လွတ်မခံကြဖို့ တိုက်တွန်း လိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard ...
movie
The Infernal Machine (2022)
2022
6.8
Men in Black 3 (2012)
ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie
Men in Black 3 (2012)
2012
4K HEVC
6.2
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47% ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie
Night at the Museum: Secret of the Tomb (2014)
2014
5.0
Warning (2021)
Warning (2021)=============အနာဂတ်ခေတ်တစ်ချိန်မှာ ကမ္ဘာပေါ်ကို အန္တရာယ်တစ်ခုကျရောက်လာတဲ့အခါလူတွေရဲ့နေ့စဥ်ဘဝတွေအပေါ်သက်ရောက်ပုံကို Sci-fi, thriller အမျိုးစားပုံစံနဲ့သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဂြိုလ်တုတစ်ခုပေါ်ကနေ ဘေးအန္တရာယ်ကြောင့် မတော်တဆ အာကာသထဲလွင့်ထွက်သွားတဲ့အာကာသယာဥ်မှူးတစ်ယောက်ကစလို့ သီးခြားဇာတ်ကောင်တွေကိုယ်စီရဲ့ မိသားစုရေး အချစ်ရေးဘာသာရေး စတဲ့ကိစ္စတွေ အဆင့်မြင့်နည်းပညာတွေနဲ့ဆက်နွယ်နေပုံကို ပြထားတာပါ။18+ခန်းအနည်းငယ်ပါလို့ မိသားစုနဲ့တော့ သိပ်မကြည့်သင့်ပါဘူး။ ဒီဇာတ်လမ်းမှာအဖြစ်အပျက်တွေကိုဒါကဒီလိုဖြစ်နေတယ်ဆိုပြီး ပေါ်တင်မပြောပြပဲ ကြည့်ရင်းအဓိပ္ပါယ်ကောက်သွားရမှာမျိုးပါ။Sci-fi ကားမျိုး thriller ကားမျိုးကြိုက်သူတွေ၊ ကြည့်ရင်းတွေး တွေးရင်းကြည့် သွားရမယ့်ကားမျိုးကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ကားမျိုးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pyi T. Nyein မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Pyi T. Nyein တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 25minSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi, ThrillerSource : 1080p.WebRipTranslator – JimX, Pyi ...
movie
Warning (2021)
2021
6.4
She’s Out of My League (2010)
She's Out of My League (2010) IMDb - 6.4/10_____Rotten - 58%ဒီဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါး လူငယ်အချစ်ဟာသဇာတ်ကားလေးပါ။ အချစ်ကို အောင်မြင်မှုတွေနဲ့ တိုင်းတာတွက်ချက်နေတဲ့ ခေတ်ကြီးမှာ ရိုးသားတဲ့အချစ်အကြောင်းကို မီးမောင်းထိုးပြထားပြီး အချစ်မှာ နားလည်မှုသာ အရေးကြီးတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ အလွန်သဘောမနောကောင်းတဲ့ကောင်လေးနဲ့ အလွန်လန်းတဲ့ကောင်မလေးတို့ဇာတ်လမ်းကို အလွန်ဘော်ဒါပီသတဲ့ဇာတ်ပို့တွေနဲ့ ရသစုံအောင် တင်ဆက်ထားပါတယ်။ မကြည့်ရသေးရင်တော့ အပန်းဖြေကြည့်ရှုသင့်တဲ့ Comedy ဇာတ်ကားကောင်းဖြစ်ပါတယ်။ IMDb Rating(6.4/10) ရရှိထားတဲ့ ဇာတ်ကားပါ။ File size…(2.3 GB) and (1.2 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
She’s Out of My League (2010)
2010
1080p Untouched
6.8
Bombshell (2019)
ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက်တကယ့်အချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီးတခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့Fox News ရုပ်မြင်သံကြားချန်နယ်အတွင်းအမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်းဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 ...
movie
Bombshell (2019)
6.0
Untogether(2018)
Untogether(2018)IMDb..7.0ဒီကားက စာရေးဆရာမနဲ့ ဂျာနယ်လစ်ဖြစ်တဲ့ Emme Forrestရဲ့ ကိုယ်တိုင်းရေး ကိုယ်တိုင်ရိုက်တဲ့ ပွဲဦးထွက်ကားပါ။ဇာတ်လမ်းကတော့ နည်းနည်းဆန်းပြားတဲ့ ဘဝလေးခုအကြောင်းပါ။ စာရေးတဲ့အလုပ်မှာ တကယ်ပါရမီပါတဲ့ စာအုပ်တစ်အုပ်ထုတ်ထားပြီး အဆိုပါစာအုပ်ကို ဘာသာပေါင်းများစွာ ပြန်ဆိုခံထားရတဲ့ စာရေးဆရာမတစ်ယောက်ရယ်... သူ့ ကိုယ်တွေ့ဖြစ်ရပ်ကို ဇာတ်လမ်းရေးရင်း Best sellerဖြစ်သွားတဲ့ ဆရာဝန်တစ်ယောက်ရယ်ရဲ့ အချစ်ဇာတ်လမ်းနဲ့.... ရော့ခ်ကာဟောင်း ဆေးသုတ်သမားလုပ်နေတဲ့ လူလတ်ပိုင်း လူအိုတစ်ယောက်ရယ်... ၂၃နှစ်အရွယ်ဂျူးဘာသာရေးသက်ဝင်ယုံကြည်တဲ့ Beauty Spa မှာအလုပ်လုပ်တဲ့ကောင်မလေး တစ်ယောက်ရယ်ရဲ့ အချစ်ဇာတ်လမ်းတို့ကို ဇာတ်ကောင်များကြားက Chemistryကို သေချာတည်ဆောက်သွားပြီး ဘဝလေးခုကြားက သမားရိုးမကျသလိုလို သမားရိုးကျနေတဲ့ အဖြစ်အပျက်အချို့အကြောင်းကို မရိုးရှင်းလှတဲ့ဇာတ်အိမ်ဆန်းဆန်းကလေးထဲ ဆန်းဆန်းပြားပြား Dialougeတွေနဲ့ ပစ်ထည့်သွားပါတယ်။ ကျွန်တော်တို့မဟုတ်တဲ့ လူတွေရဲ့အကြောင်း ဘဝတွေရဲ့အကြောင်း အချစ်ဇာတ်လမ်းတွေအကြောင်းကို ခံစားချက်များစွာအတွက်.... ခံစားကြည့်မယ်ဆိုရင် ခံစားလို့ကောင်းမဲ့ Dramaကားကောင်းလေးဖြစ်ပါတယ်။Fifty Shades ကားတွေရဲ့ Lead Actor Jamie Donanကိုသုံးထားတဲ့အပြင် ဒီကားထဲက Main Cast ညီအမကိုလည်း တကယ့်ဘဝမှာ ညီအစ်မအရင်းတွေဖြစ်တဲ့ Lola and Jemima Kirkeတို့ကိုသုံးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာဖြစ်တဲ့ Emma Forrestဟာ ဂီတဂျာနယ်လစ်ဖြစ်တဲ့အတွက် ဒီကားမှာ သီချင်းများစွာ ဂီတအဖွဲ့များစွာကို Refယူထားတဲ့အပြင် သီချင်းများစွာကိုသုံးထားပါတယ်။ R rateဖြစ်တဲ့အတွက် Eroticအခန်း အနည်းငယ်ပါပါမယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ WiRa Aungပဲဖြစ်ပါတယ်...File Size : (850 MB) and (300 MB) Quality ...
movie
Untogether(2018)
2018
6.1
Replicas(2018)
UNICODE Replicas(2018) ဆေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ သူတစ်ယောက်ရှိတယ်...သူ့နာမည်က Will Foster လို့ခေါ်တယ်... Will Foster.လုပ်နေတဲ့ကုမ္ပဏီရဲ့ အဓိက အလုပ်က လူသေအလောင်းတွေရဲ့ ခန္ဓာကိုယ်ထဲကနေ မှတ်ဉာဏ်တွေကိုထုတ်ပြီး စက်ရုပ်တွေထဲကိုထည့်ပေးရတယ်...သေတဲ့သူကို အသက်ပြန်သွင်းခြင်းနည်းတစ်မျိုးပေါ့...ဒီသုတေသနာလုပ်ငန်းရဲ့ အရေးကြီးဆုံးဏ္ဍမှာ Will Foster. အဓိကပါဝင်နေတယ်.. ဒီလုပ်ငန်းရဲ့ အကျွမ်းကျင်ဆုံးပညာရှင်ဆိုလည်းမမှားဘူးပေါ့...သို့ပေမယ့် လိုအပ်ချက်တစ်ချို့ရှိနေလို့ မအောင်မြင်သေးဘူ... တစ်နေ့တော့Will Foster တို့မိသားစုဟာ အားလပ်ရက်မှာ ခရီးထွက်ကြတယ်... ဒီခရီးစဉ်က Will Foster အတွက် ကပ်ဆိုးကြီးကျရောက်ခြင်းပါပဲ..အဲ့ဒါကတော့ ကားမတော်တဆမှုကြောင့် မိန်းမရော သားသမီး ၂ယောက်ရောဆုံးပါးသွားခဲ့ရတယ်.. ဒီနောက်တော့ Will Foster ဟာ မိသားစုကိုချစ်တဲ့စိတ်ကြောင့် မလုပ်သင့်တာတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒါကတော့ သူ့မိသားစုကို စက်ရုပ်တွေမယ် အသက်ပြန်သွင်းဖို့ပါပဲ.. ကိုင်း Will Foster.တစ်ယောက်အောင်မြင်နိုင်ပါ့မလား ..ဆေးကုမ္ပဏီနဲ့ ဘယ်လိုပြသနာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... မင်းသားကြီး Keanu Reeves အဓိက သရုပ်ဆောင်ထားပြီး မှုခင်း သိပ္ပံကားတွေကြိုက်တဲ့သူအတွက် အတော်ကြည့်လို့ကောင်းတဲ့ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ.... File Size : (910 MB) and (363 MB) Quality : 720p HCWEBRip, Format…mp4 Duration…01:47:00 Genre : Crime, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard ...
movie
Replicas(2018)
2018
N/A
The Con is On(2018)
1999 လောက် ကထွက်ရှိခဲ့ဘူးတဲ့ Steven Martian တို့ ရိုက်ကူးထားတဲ့ကားကိုတဖန်ပြန်လည်ဆန်းသစ်ပြီးတော့ ရိုက်ကူးထားတာဖြစ်ပြီးတော့ လောင်းကစာသမားတွေရဲ့သဘောသဘာဝတွေ နဲ့ လောင်းကစားသမားတွေမှာ ရှိတတ်တဲ့ အမူအကျင့်တွေကိုပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ် လောင်းကစားသမားဆိုတဲ့ အမျိုးက ပေါက်ကရ လျှောက်ပြောပေါက်ကရစကားတွေနဲ့ ပေးထားတဲ့ ကတိကိုတည်တတ်တဲ့လူမျိုးမဟုတ်ပါဘူး ဒါ့ကြောင့်လောင်းကစားသမားတွေနဲ့ ဆက်ဆံရင် သတိထားကြဖို့ ဒီကားလေးက သတိပေးထားသလိုပါပဲဇာတ်လမ်း အကျဉ်းလေးကတော့ဟယ်ရီဆိုတဲ့လောင်းကစားမက်တဲ့အမျိုးသမီးကကိုယ်စားဘိန်းအရောင်းအဝယ်လုပ်လို့ရလာတဲ့ငွေတွေကိုလောင်းကစားဝိုင်းမှာအကုန်သုံးစွဲပစ်လိုက်တယ်။ ယောက်ျားဖြစ်သူရောမိန်းမဖြစ်သူရောကလည်း ဘိန်းစားတွေဖြစ်ပါတယ်။သူတို့လင်မယားအကုန်သုံးလိုက်တဲ့ပိုက်ဆံတွေကအရီနာဆိုတဲ့အမျိုးသမီးဂိုဏ်းစတားတစ်ဦးရဲ့ငွေပါ။ အရီနာကသူတို့လင်မယားကိုလိုက်သတ်ဖို့လုပ်တဲ့အချိန်မှာတော့သူတို့အကုန်သုံးလိုက်တဲ့ငွေတွေကိုပြန်ရှာပေးဖို့ လော့စ်အိန်ဂျလစ်မြို့ကိုထွက်လာပါတော့တယ်ပိုက်ဆံတွေကို ဘယ်လိုလိမ်ကောက်ပြီးရှာကြမလဲဆိုတော့Qty - 720p Web DLGern - ComedyDuration - 1hr 44minTranslator - Ye Man AungEncoder - Kyaw Ye Aung
movie
The Con is On(2018)
2017
7.3
Please Stand By (2017)
၂၀၁၈ခုနှစ်ထွက်ပေါ့ပေါ့ပါးပါးနဲ့ဇာတ်မြူးမြူး Comedy/Drama ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။Wendy ဟာအရာရာတိုင်းကိုရှုထောင့်တစ်မျိုးနဲ့မြင်တတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူစိတ်ရှိသလိုပြောဆိုနေထိုင်လေ့ရှိပြီး ဉာဏ်ထက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်သည့်အပြင် သူဟာအာရုံကြောဆိုင်ရာ ပြဿနာရှိသူဖြစ်ပါတယ်။ဒါကြောင့် သူ့ကိုအကြံပေးဆွေးနွေးပေးတဲ့သူတစ်ယောက်ထားရှိပေးထားရပါတယ်။သူ့အတွက်တော့ လူတွေဟာအလွန်ပွေလီရှုပ်ထွေးတဲ့စကားဝှက်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးဟာလည်း ရှုပ်ထွေးလှသည့်နေရာတစ်ခုပဲဲဖြစ်ပါတယ်။သူ့ကိုဆွေးနွေးအကြံပြုနေသူရဲ့လွှမ်းမိုးမှုအောက်မှာပဲ တစ်နေ့သာပုံမှန်လုပ်ဆောင်စရာလေးတွေကိုလုပ်ရင်းပဲ အရွယ်ရောက်လာပြီးနောက် တစ်နေ့မှာပဲသူနေ့စဉ်ကြည့်လေ့ရှိတဲ့ တီဗီအစီအစဉ်တစ်ခုကနေ ဇာတ်ညွှန်းရေးပြိုင်ပွဲတစ်ခုကို သူကြည့်ရှုလိုက်ရပါတယ်။အဲဒီကစပြီး သူဉာဏ်ကွန့်မြူးပြီး သီကုံးဖန်တီးထားတဲ့ စာမျက်နှာ၅ဝဝပါ ဝထ္တုလေးကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် အားလုံးမသိအောင်ထွက်ပြေးပြီး ပြိုင်ပွဲရှိရာဆီသွားဖို့ စီစဉ်ပါတော့တယ်။ဇာတ်လမ်းလေးဟာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးမြူးမြူးကြွကြွလေးမို့ ကြည့်ရတာအပန်းပြေစေမှာပါ။Rating အနေနဲ့လည်း 6.7 ထိရထားတဲ့အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေကြည့်ပြီး အလုပ်အားချိန်လေး အနားယူချင်သူများအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ File Size : (750 MB) and (276 MB) Quality : WEB-DL 720p Running Time :1hr 33min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
Please Stand By (2017)
2017
7.7
Star Trek Into Darkness (2013)
Star Trek Into Darkness (2013) IMDb - 7.7/10_____Rotten - 84% Star Trek into Darkness (သို့မဟုတ်) တစ်ကျော့ပြန် KhanStar Trek ဇာတ်ကားတွေမှာ အလွန်ကောင်းမွန်တဲ့ Villains တွေရှားတယ်။ The Next Generations တုန်းကတော့ လူဆိုးကြီး Q ရှိတယ်။ တစ်ခြားနာမည်ကြီး လူဆိုးမျိုးနွယ်တွေကတော့ Klingons တို့Romulans တို့Ferengi တို့တော့ရှိတာပေါ့။ အကောင်းဆုံး Villain ကိုပြပါဆိုရင် Khan တစ်ယောက်ပဲ ရှိမယ်ထင်တယ်။ ဒါကြောင့်လည်း J.J. Abrams ရဲ့ဒုတိယမြောက်ဇာတ်ကားတွင် ထိုဇာတ်ကောင်ကို ပြန်လည်အသက်သွင်းခဲ့တယ်။ The Wrath of Khan ဇာတ်ကားတုန်းက Khan သည် Spock ရဲ့အသက်ဇီဝိန်ကို ချွေနိုင်ခဲ့သည်အထိ တတ်စွမ်းနိုင်ခဲ့တယ်လေ။J.J. Abrams ဇာတ်ကားတွေရဲ့New Timeline မှာတော့ ...
movie
Star Trek Into Darkness (2013)
2013
6.3
Criminal (2016)
Criminal (2016)_____IMDb - 6.3/10 မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။ IMDb (6.3/10) ရရှိထားပါတယ်။ ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ... ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်.... အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်....။ အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီးအောင်မြင်သွားမလား... ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား.... လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။ Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့ မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်...:P ။ File size…(814 MB) Quality…Blu-Ray 720p Format…mp4 Duration….01:53:00 Subtitle….Myanmar Subtitle (Hardsub) Fixed By Naing Aung Latt Encoded By Nyeinsaeya Aung
movie
Criminal (2016)
2016