Channel Myanmar
Alicia Vikander
Testament of Youth (2014) 7.2
Testament of Youth (2014)  đ‘ťđ’†đ’”đ’•đ’‚đ’Žđ’†đ’đ’• 𝒐𝒇 𝒀𝒐𝒖𝒕𝒉(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့စာမူခေါင်းစဥ်ဖြစ်ပါတယ်...။စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး...Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေးငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ...။သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲကမင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီးGOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်းပါဝင်အားဖြည့်ထားပါတယ်ဗျ...။ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့...စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာတိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်...ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်းခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်...။ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ...။အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာမျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့...အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ...ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက်ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး...။မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့... ချစ်သူရှိရာ‌ ရှေ့တန်းကို သူနာပြုအဖြစ်ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်...။ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ....ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ...။ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ...။ File size…1.82GB / ...
movie
Testament of Youth (2014)
Jason Bourne (2016) 6.6
Jason Bourne (2016) Jason Bourne (2016)IMDb Rating (6.6) / Rotten Tomatoes (54%)++++++++++++++++++++++Jason Bourne2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum ...
movie
Jason Bourne (2016)
4K HEVC
A Royal Affair (2012) 7.5
A Royal Affair (2012) A Royal Affair (2012)၁၈ရာစုနှစ် ဒိန်းမတ်နန်းတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Biography ကားလေးပါ။ဇာတ်လမ်းကတော့ ဗြိတိန်နိုင်ငံဖွားဖြစ်တဲ့ ဘုရင်မဟာ ဒိန်းမတ်ဘုရင်နဲ့ လက်ထပ်ခဲ့ပြီးနောက်မှာ ဘုရင့်ရဲ့ ကိုယ်ပိုင်သမားတော်နဲ့ ဖောက်ပြားမိခဲ့ပါတယ် ။ ဘယ်လိုတွေကြောင့်လဲဆိုတော့ ဘုရင်ကြီးဟာ စိတ်ပေါ့သွပ်နေပြီး တ‌ဇောက်ကမ်းလုပ်တတ်တဲ့ အမူအကျင့်ရှိပါတယ်။ဒါကို ငယ်ရွယ်လှပ ပညာတတ်ဖြစ်တဲ့ ဘုရင်မကြီးက အလိုမကျခဲ့ပါဘူး။ ထိုခေတ်ထိုကာလဟာ ရှေးရိုးစွဲအယူအဆတွေကနေ ခေတ်သစ်အတွေးအမြင်တွေကျယ်ပြန့်လာတဲ့ကာလဖြစ်ပါတယ်။ဘုရင့်သမားတော်ဟာ ခေတ်သစ်အတွေးအမြင်ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတွေးအခေါ် အယူအဆတွေကပဲ ဘုရင်မကြီးနဲ့ နီးစပ်သွားစေပါတယ်။ တော်ဝင်မျိုးနွယ်ကြား ဖောက်ပြန်မှူကို ရိုက်ကူးထားတယ်ဆိုပေမယ့် ဒိန်းမတ်နိုင်ငံတိုးတက်ရေးအတွက် ဘုရင်၊ ဘုရင်မနဲ့ သမားတော်တို့ သုံးဦးသား အတွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တာကိုလည်း မြင်တွေ့ရမှာပါ။နန်းတွင်းကားတို့ရဲ့ထုံးစံအတိုင်း အတိုက်အခံတွေ၊ ဖောက်ပြားမှုတွေ၊ လှည့်ကွက်တွေကြား ရင်တမမကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 2.8GB, 736MB, ...
movie
A Royal Affair (2012)
2012
Son of a Gun(2014) 6.4
Son of a Gun(2014) Son of a Gun(2014)=============== á€•á€źá€…်မသုတစ်ခုနဲအ ထောင်ထဲကို ပထမဆုံးရောက်လာတဲ့ ဂျက်စီ ရိုင်ယန်ဝှိုက်ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်..ထောင်ထဲမှာ ဆပ်ပြာတုံးပြုတ်ကျလို့တောင် မကောက်ရဲဖြစ်နေချိန်Criminal Mastermind တဖြစ်လည်း စစ်တုရင်ပညာရှင် တစ်ဦးဖြစ်သူဘရန်ဒန် နှင့် တွေ့ဆုံပြီး စစ်တုရင်ကစားကွက်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ဂျက်စီကို သဘောကျသွားတဲ့ ဘရန်ဒန်က ဂျက်စီနဲ့ပူးပေါင်းပြီး အပြင်လောကမှာပါ Perfect Crime တစ်ခုကို ကျူးလွန်ဖို့ကြိုးစားတဲ့အခါ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လှည့်ကွက်တွေ၊ပညာသားပါမှု၊ အနိမ့်အမြင့်အတက်အကျ များ စုပေါင်းပြီး ဘယ်လိုစိတ်ကျေနပ်စရာ ရသများကို ပေးစွမ်းနိုင်မလဲဆိုတာCM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.31GB / 548MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 48m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Son of a Gun(2014)
The Crown Jewels (2011) 5.9
The Crown Jewels (2011) The Crown Jewels (2011) ==================ဖရာဂန်ဆီယာဆိုတဲ့ကောင်မလေးကို လူသတ်မှုကြောင့်စစ်ဆေးတာကနေ ဇာတ်လမ်းစထားပါတယ်။ အဲဒီမှာ ဖရာဂန်ဆီယာက အခင်းဖြစ်ပုံကိုစမပြောဘဲ သူမွေးတဲ့အချိန်ကနေ နောက်ကြောင်းပြန်ပါတော့တယ်။ ကျွန်တော်သာ သူ့ကို မေးနေတဲ့စုံထောက်ဆိုရင် စိတ်မရှည်ပါဘူး။ ဒါပေမဲ့ ကြည့်တဲ့သူနေရာကနေ ဆိုရင်တော့ ဇာတ်ကားကကြည့်လို့ကောင်းပါတယ်။ မိသားစုနှစ်ခုရဲ့ မတူညီတဲ့ အပြုအမူတွေရယ် ဖရာဂန်ဆီယာ၊ စက်ရုံပိုင်ရှင်သားနဲ့ နာမည်ကြီးဟောကီကစား သမားလေးတို့ရဲ့ သုံးပွင့်ဆိုင် (လေးပွင့်ဆိုင်လို့လည်းပြောလို့ရတဲ့) ဇာတ်လမ်းကို တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(2.11 GB) / (857 MB) / (494 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......EL Encoder..........Zin Phyo Aung
movie
The Crown Jewels (2011)
2011
Birds Like Us (2017) 5.6
Birds Like Us (2017) Birds Like Us (2017)===============Birds Like Us ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Director Faruk Šabanović နဲ့ Amela Ćuhara တို့က ပုံဖော်ရိုက်ကူးပေးထားပါတယ်။ လူသူနဲ့ဝေးရာ ငှက်ရိပ်မြုံကြီးတစ်ခုစီမှာ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးစိတ်လေးတွေ... တစ်ချိန်လုံး မျက်စိပိတ်နားပိတ်နေထိုင်ခဲ့ကြရာကနေ ကိုယ့်ပင်ကိုယ်သဘာဝဖြစ်တဲ့ ပျံသန်းနိုင်ခြင်း အတတ်ကိုပါ မေ့လျော့လာကြတဲ့အခါ... ငှက်အရှင်သခင်ကြီးရဲ့ ခြယ်လှယ်ကြီးစိုးမှုအောက်မှာပဲ ဆက်ပြီးနေထိုင်ကြမလား? လောကကြီးနဲ့ထိတွေ့ဖို့ ကြိုးစားလာကြမှာလား? ကိုယ့်သဘာဝကိုယ်ရော ပြန်လည်ရှာတွေ့နိုင်ကြမှာလား? သူတို့တွေ ဘယ်လိုရှင်သန်ရုန်းကန်ကြမလဲ စတဲ့ လောကသဘာဝရဲ့ ဖြစ်ပျက်မှုအစုံစုံကို ငှက်ကလေးတွေကပုံဖော်ပြသပေးသွားမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thu Soe ဖြစ်ပါတယ်။)File Size - (1.33 GB) / (730 MB) / (316 MB) Quality – WebRip - (1080p) / (720p) / (360p) Duration - ...
movie
Birds Like Us (2017)
2017
Tomb Raider (2018) 6.3
Tomb Raider (2018) လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ...
movie
Tomb Raider (2018)
2018
4K HEVC
Anna Karenina (2012) 6.6
Anna Karenina (2012) Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie
Anna Karenina (2012)
2012
Blue Bayou (2021) 7.2
Blue Bayou (2021) Blue Bayou (2021)==============IMDb Rating - 7.2/10၂၀၂၁ ထွက် Drama ကားကောင်းလေးကို cm ပရိတ်သတ်များအတွက် တင်ဆက်ပေးချင်ပါတယ်။အညွှန်း −သူ့နာမည်က အန်တိုနီယိုလဘလန့်စ်။ ငယ်စဥ်ကတည်းက ကိုရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကိုမွေးစားခံရပြီးရောက်လာရတဲ့သူ။ ဒါပေမဲ့ အခုထိနိုင်ငံသားမဖြစ်သေးပဲ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ(သို့)ဒုက္ခသည်အဖြစ်နဲ့ပဲနေနေရတဲ့သူက ကတ်သီဆိုတဲ့အမျိုးသမီးနဲ့အတူနေပြီး ပျော်ရွှင်တဲ့မိသားစုဘဝကိုကြိုးစားထူထောင်နေတာပေါ့။ ဒါပေမယ့် ကံတရားဆိုတာဟာ အမြဲတမ်းအဆိုးနဲ့အကောင်းဒွန်တွဲနေတတ်တာပဲမဟုတ်လား။  ဒီတော့ ကံစေရာသွားနေရတဲ့ဘဝမှာ ဘလန့်စ်တစ်ယောက်လည်း အဆိုးအကောင်းကိုကြုံတွေ့ရပြီပေါ့။ အဲ့တော့ . . . ဇာတ်လမ်းအကြောင်းအရာကို ပေါ်လွင်စေသွားနိုင်တာမို့ အညွှန်းကိုဒီလောက်ပဲပြောပါစေ .တစ်ခြားဆက်ပြောချင်တာက ဒီဇာတ်ကားထဲက character တွေရဲ့ သရုပ်ဆောင်မှုတွေဟာ ပိရိသေသပ်လှပြီး၊ပျော်ရွှင်ခြင်း . ရယ်မောခြင်းတွေကို အလှည့်ကျရိုက်ပြသွားတာဟာလည်း ဇာတ်လမ်းကို ဟာကွက်မရှိဖြစ်စေပါတယ်။IMDb Rating အနေနဲ့လည်း 7.2/10 ရရှိထားတဲ့ Drama ကားကောင်းလေးမို့ အကုန်လုံးကို ကြည့်စေချင်တဲ့စိတ်နဲ့တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chite Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ ...
movie
Blue Bayou (2021)
2021
The Green Knight (2021) 7.4
The Green Knight (2021) The Green Knight (2021)====================IMDb Rating - 7.4/10ကျွန်တော်ငယ်ငယ်တုန်းက ကြီးကျယ်ခန်းနားတဲ့ စွန့်စားခန်းတွေအကြောင်း ပုံပြင်တွေ နားထောင်ရရင် အရမ်းပျော်ပါတယ်။ပုံပြင်ပြီးသွားရင်တောင် အတွေးထဲက သူရဲကောင်းကြီးကတော့ စွန့်စားခန်းတွေ ဆက်ဖွင့်နေတုန်းပါပဲ။တစ်ခါတစ်လေ အိပ်မက်ထဲထိတောင် ရောက်လာပြီ ဘီလူကြီးတွေ နဂါးကြီးတွေနဲ့ ရင်ဆိုင်နေလိုက်ပါသေးတယ်။ဒီလိုနဲ့ အရွယ်ရောက်လာတော့ အဲဒီပုံပြင်တွေကိုသာ ရုပ်ရှင်အဖြစ် ရိုက်ကူးကြရင် ဘယ်လိုများဖြစ်မလဲ စိတ်ကူးကြည့်ဖူးပါတယ်။သင်လည်းအဲ့လိုစိတ်ကူးဖူးတယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။The Green Knight 2021 ဟာ ဂန္ဓဝင်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ဘုရင်အာသာရဲ့ တူဖြစ်သူ ဆာဂါဝင်ရဲ့ စွန့်စားခန်းအကြောင်းကိုပြန်ရိုက်ကူးထားတာပါ။ဒါရိုက်တာ David Lowery ရဲ့ ရိုက်ချက်တွေကို ကြည့်ဖို့သက်သက်နဲ့တင် ဒီကားက ကြည့်ဖို့တန်တဲ့ကားတစ်ကားပါ။ဂန္ဓဝင်ဇာတ်လမ်းတစ်ပုဒ်ကို ခေတ်ပေါ်နည်းပညာတွေနဲ့ ပုံဖော်ထားတဲ့ အနုပညာမြောက်ကားတစ်ကားလို ပြောလို့ရပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့လည်း အော်စကာဆုရ Slumdog Millionaire ဇာတ်ကားရဲ့ မင်းသား Dev Patel က ဂါဝင် အနေနဲ့ပါဝင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie
The Green Knight (2021)
2021
Beckett(2021) 7.5
Beckett(2021) Beckett(2021) အညွှန်း**********************IMDb....7.5ဒီကားထဲကမင်းသား John David Washington ဟာ မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့သားဖြစ်ပြီးတော့ ဒါရိုက်တာကြီးနိုလန်ရဲ့TENET မှာပွဲကြမ်းခဲ့တာ တော်တော်များများသိကြမှာပါ...အခု Netflix ကထွက်တဲ့ ဒီကားထဲမှာတော့ တခြားသူတွေကို ကယ်ဖို့နေနေသာသာ သူ့ကိုယ်သူတောင်မနည်းပြန်ကယ်နေရတဲ့  ပြဿနာပေါင်းသောင်းခြောက်ထောင်ကြားရောက်နေတဲ့သူတစ်ယောက်ပေါ့....ဘတ်ကတ် နဲ့ ဧပရယ်တို့ဟာ ဂရိနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်စုံတွဲတစ်တွဲဖြစ်ပါတယ်။ တစ်ညနေ သူတို့နှစ်ယောက် ခရီးစဉ်အတွင်းယာဉ်မတော်တဆမှုကြုံရာကနေ ဇနီးဖြစ်သူ ဧပရယ်သေဆုံးသွားခဲ့ပါတယ်။ဘက်ကတ်ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်...ဇနီးသည်သေဆုံးမှုကြောင့် သောကမငြိမ်းနိုင်သေးတဲ့ဘတ်ကတ်တစ်ယောက် ယာဉ်မတော်တဆမှုဖြစ်တဲ့ နေရာကိုသွားပြီး သူ့ဇနီးသည်ဖြစ်သူကို နောက်ဆုံးအနေနဲ့ နူတ်ဆက်ဖို့သွားခဲ့ပါတယ်...အဲ့ဒီနေရာရောက်တဲ့အချိန်မှာပဲ ထူးဆန်းစွာ သူတို့ယာဉ်မတော်တဆမှုကို ကိုယ်တွယ်နေတဲ့ ရဲတွေကဘက်ကတ်ကို ပစ်သတ်ဖို့ကြိုးစားကြတယ်....နယ်မြေစိမ်းမှာ သူအားကိုးရာဖြစ်တဲ့ရဲတွေကိုယ်တိုင်က သူ့ကိုယ်လိုက်သတ်တယ်ဆိုတော့ ဘက်ကတ်တစ်ယောက်အကြီးအကျယ်ဒုက္ခရောက်ပါတော့တယ်...သူ့ကိုရဲတွေက ဘာလို့နှုတ်ပိတ်ဖို့ကြိုးစားတာလဲ... သူလွတ်မြောက်နိုင်ပါ့မလား...ဒီရဲတွေရဲ့နောက်မှာ သီးခြားဘယ်လိုအဖွဲ့အစည်းတွေများရှိနေမလဲ...သူကရော ဘယ်နေရာမှာ ဘာအမှားလုပ်ခဲ့မိလဲ? အခုလိုက်သတ်နေတဲ့သူတွေက ဘယ်သူတွေလဲ ? ဘာကြောင့်လဲ ? အစရှိတဲ့ မေးခွန်းတွေကိုဘတ်ကတ်နဲ့အတူ ရင်တမမနဲ့ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။File Size : (1.9GB), (1GB), (380MB) Quality : WEB-DL  720p Format…mp4 Duration…01:48:00 Genre ...
movie
Beckett(2021)
Earthquake Bird (2019) 6.0
Earthquake Bird (2019) ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ကားလေးကတော့Mystery,Thriller အမျိုးအစားကားသစ်လေးပါ။ဇာတ်လမ်းလေးနာမည်ကတော့ Earthquake Bird(2019)ပါ။ရင်တဖိုဖို အားမလိုအားမရခံစားချက်တွေကိုပေးစွမ်းနိုင်တဲ့ဒီကားလေးကတော့ CM ပရိတ်သတ်ကြီးအကြိုက်ဖြစ်မယ်လို့လဲမျှော်လင့်မိပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါသေးတယ်။ဇာတ်လမ်းကတော့ လီလီဆိုတဲ့ကောင်မလေးတစ်ယောက်ပျောက်နေရာကနေ စတာပါပဲ။လီလီရဲ့ အသိမိတ်တွေ လူဝီဆာဆိုတဲ့ ကောင်မလေးကိုရဲတွေကစစ်ဆေးမေးမြန်းရင်းနဲ့အရင်အတိတ်ဇာတ်ကြောင်းတွေဆီပြန်သွားပါတယ်။လူဝီဆာဆိုတဲ့ကောင်မလေးကအေးအေးဆေးဆေးတိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ဆွီဒင်နိုင်ငံသူလေးပါ။ဂျပန်မှာစကားပြန်အလုပ်လုပ်ကိုင်ရင်း ထဲဂျီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ထဲဂျီနဲ့တွေ့ပြီးတဲ့နောက်လူဝီဆာတစ်ယောက်ဘယ်လိုတွေပြောင်းလဲလာမလဲ?လီလီကရော ဘာလို့ပျောက်ဆုံးသွားတာလဲ?ဘယ်သူ့လက်ချက်လဲ?စတဲ့မေးခွန်းတွေကို တစ်လွှာချင်းခွာချရင်းစိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ File Size : (1 GB , 376 MB )Quality :  WEB-DL 720pRunning Time : 1 hr 47 minFormat : Mp4Genre : Crime , Drama , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon ...
movie
Earthquake Bird (2019)
2019
Burnt (2015) 6.6
Burnt (2015) စားသောက်ဆိုင် ကျမ်းတော်ကြီး"' လူတွေ အပြင်မှာ ရောင်းတဲ့ ၅ ဒေါ်လာတန် ကို ဘာလို့ ငါတို့ဆိုင်မှာ ဒေါ်လာ ၅၀၀ ပေးပြီး လာစားကြလဲသိလား '''''' လက်မလောက်လေး အသားတုံးလေး ၂ခု ပန်းကန်ထဲထည့်ထားတာကို ဘာလို့ စျေး၅သောင်း ၆ သောင်းပေးစားနေကြတာလဲ'''ဋီး ဋချီး သံတွေ မိုးပျံ ၊ ပန်းကန်တွေ ဇွန်းတွေ ရိုက်ခွဲကောက်ပေါက်သံတွေ ဆူညံနေ အပူနဲ့ အလုပ်လုပ်နေရတဲ့ကြားထဲ မီးပူတာတစ်မျိုးနားပူ တာတစ်မျိုး နဲ့ စိတ်မထိန်းနိုင်ရင် မျက်ခွက်ဆုတ် ပျက်သတ်သွားမယ့် စားဖိုဆောင်............ဒီရုပ်ရှင်က IMDb Rating ၊ 6.6 Rotten Tomatoes 29% ၊ Metacritic score 42 ၊ CinemaScore B- တို့ရရှိထားပါတယ်။ ဝေဖန်မှု တွေ အဆိုးအကောင်းရောနှောရရှိထားတဲ့ ရုပ်ရှင် တစ်ခုလဲဖြစ်ပါတယ်။ R Rating Movie အမျိုးအစား ဖြစ်လို့ ၁၇ နှစ်အောင်တွေ အုပ်ထိန်းသူတွေ နဲ့ ကြည့်ဖို့ပြောချင်ပါတယ်။ ...
movie
Burnt (2015)
2015
Euphoria (2018) 6.7
Euphoria (2018) ဒီ Euphoria ဆိုတဲ့ Adventure, Drama ဇာတ်ကားကို 2017 Toronto International Film Festival မှာပြသခဲ့ပေမယ့် 2018ခုနှစ်မှ Digital Release အဖြစ်ထုတ်ဝေခဲ့တာပါ။ဒီဇာတ်ကားကို ရိုက်ကူးတဲ့သူကတော့ အမျိုးသမီးဒါရိုက်တာ Lisa Langseth ဖြစ်ပြီး နာမည်ကျော်မင်းသမီးနှစ်ဦးက ခေါင်းဆောင်ပြီး ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ပထမတစ်ယောက်ကတော့ The Danish Girl, Ex Machina နဲ့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Tomb Raider ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Alicia Vikander ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Miss Peregrine's Home for Peculiar Children, Casino Royale, 300: Rise of an Empire တို့နဲ့အတူ ပရိသတ်တော်တော်များများအကြိုက်တွေ့ခဲ့တဲ့မင်းသမီးကြီး Eva Green ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ==========Emilie နဲ့ ...
movie
Euphoria (2018)
2018
Submergence (2017) 5.4
Submergence (2017) Submergence (2017)_____IMDb - 5.4/10    Marvelရဲ့ Professor X (James McAvoy)ရဲ့ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါ့မယ် ဒီကားလေးထဲမှာတော့ သူက အယ်လ်ကိုင်ဒါအကြမ်းဖက်သမားတွေကြောင့် ခရူးဆိတ်စစ်ပွဲ(ဘာသာရေးစစ်ပွဲ)တွေပြန်အစပျိုးလာတဲ့အာဖရိကရဲ့ကက်စ်စမဒရိုးဒေသဆီသွားပြီးဂျီဟတ်ဒ်စစ်ပွဲပြင်ဆင်ဖို့ဖိအားပေးခြင်းခံနေရတဲ့ဒုက္ခသည်တွေအတွက် ရေရရှိဖို့အကျိုးဆောင်မယ့်အင်ဂျင်နီယာဂျိမ်းစ်မောအဖြစ်တွေ့ရမှာပါ ဒီလိုပြင်ဆင်ရင်းနဲ့ပဲ ဟိုတယ်တစ်ခုမှာပရော်ဖက်ဆာဒန်နီဖလင်းဒါးလို့ခေါ်တဲ့အဏ္ဏဝါဗေဒပညာရှင်လေးတစ်ယောက်နဲ့ဆုံခဲ့ပြီးသိတဲ့အတိုင်းဇာတ်လမ်းဘာညာစတယ်ဆိုပါတော့ဗျာ ဒန်နီကလည်းသူမရဲ့အိပ်မက်ဖြစ်တဲ့ရေအောက်အနက်ဆုံးအလွှာထိဆင်းပြီးလေ့လာဖို့ ဂျိမ်းစ်ကလည်း စစ်ပွဲတွေအဆုံးသတ်ဖို့အတွက် ဆိုတဲ့ကိုယ်စီအိပ်မက်တွေယှဉ်လာချိန်မှာတော့....... သူတို့ပြန်ဆုံနိုင်ပါ့မလား အိပ်မက်ကိုယ်စီကိုအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကတော့...??? ကြည့်ကြည့်ရအောင်ဗျာ....???(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုပြေဟိဏ်းဆက်ပါ)    File Size : (850 MB) Quality : WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie
Submergence (2017)
2017
Tulip Fever (2017) 6.2
movie
Tulip Fever (2017)
2017
The Light Between Oceans (2016) 7.2
The Light Between Oceans (2016)  á€’á€Žá€‡á€Źá€á€şá€€á€Źá€¸á€œá€ąá€¸á€€ အရမ်းသနားဖို့ကောင်းသလို မိဘမေတ္တာကိုပြသတဲ့အတွက် ကြည့်တဲ့သူတွေရင်ကိုထိစေမဲ့ဒရာမာကားလေးပါစစ်ပွဲကြီးအပီးကို့ဘဝကိုစိတ်ဓာတ်ကျနေတဲ့စစ်သားဟောင်းတယောက်ဖြစ်တဲ့ သောမတ်စ်ရှာဘွန်းဟာလူတွေနဲ့ဝေးရာဖြစ်တဲ့ ဂျေးနက်စ်ဆိုတဲ့ကျွန်းကြီးပေါ်မှာမီးပြတိုက်စောင့်လုပ်ဖို့သွားခဲ့တယ်အဲ့ဒိအနီးနားမြို့လေးက အစ်စဘဲလ်ဆိုတဲ့မိန်းကလေးနဲ့ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ပီး ကျွန်းကြီးပေါ်တူတူသွားနေခဲ့ကျတယ်ကလေးအရမ်းလိုချင်တဲ့သူမ ကိုယ်ဝန်ပျက်ကျပီးတဲ့နောက် သူတို့ကျွန်းပေါ်ကိုဘယ်ကမှန်းမသိတဲ့လှေလေးတစီးမျောလာခဲ့တယ်လှေထဲကလူသေအလောင်းတလောင်းနဲ့ အသက်ရှင်နေသေးတဲ့ မွေးကင်းစကလေးလေးကိုတွေ့ပီးတဲ့နောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မျက်ရည်လည်ရွှဲနဲ့ကြည့်ရမှာဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ khin Pyae Sone Kyaw ပဲဖြစ်ပါတယ်)  File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : 2hr 13minutes Format : Mp4 Genre : Drama, Romance Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw
movie
The Light Between Oceans (2016)
2016
The Man from U.N.C.L.E. (2015) 7.3
The Man from U.N.C.L.E. (2015) The Man from U.N.C.L.E. (2015) IMDb - 7.3/10________Rotten - 67%  IMDb rating 7.3/10 ရရှိထားတဲ့ 2015 ထွက် Spy movie ကောင်းတွေဖြစ်တဲ့ Mission Impossible, Specter တို့လိုပဲ ရုံတင်ကားကောင်း တစ်ကားဖြစ်တဲ့ The Man from U.N.C.L.E ကို CM ပရိတ်သက်ကြီး အတွက် တင်ပေးလိုက်ပါပြီ။၁၉၆၀ပြည့်နှစ်အစောပိုင်းကာလကို ဇာတ်အိမ်တည်ထားပြီး ဇာတ်လမ်းအစမှာ အမေရိကန် CIA က အေးဂျင့် Napoleon ရယ်၊ ရုရှား KGB အေးဂျင့် Illya တို့ရဲ့ လက်ရုံးရည်နဲ့ ဉာဏ်ရည်ခြင်းယှဉ်ပြိုင် မှုတွေ၊ နောက်တော့ အရှေ့ဂျာမနီက ကောင်မလေးတစ်ယောက်ကိုကာကွယ်ပေးရင်းသူ့အဖေအရင်း သိပ္ပံပညာရှင်ကို နျူလိယားလက်နက်ထုတ်လုပ်ဖို့ ခြိမ်းခြောက်ခိုင်းစေနေတဲ့ နာဇီတွေရဲ့အတွင်းစည်းကို သုံးယောက်ဟန်ဆောင်ဝင်ရောက်ပုံတွေနဲ့ သူတို့သုံးယောက်ရဲ့ ရန်သူကိုလည်းပူးပေါင်းတိုက်ရင်း အချင်းချင်းလည်း တစ်ချက်လေးမှအကျော်တင်မခံပဲ အပြန်အလှန်ဉာဏ်ကစားပြီး အချင်းချင်း အသာစီးရယူဖို့ကြိုးစားပုံတွေကို… မြှပ်ကွက်တွေ ဟာသတွေနဲ့တင်ဆက်ထားလို့ အရမ်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားဆိုတာ အာမခံပါတယ်။Spy movie ဆိုပေမယ့် ဟာသတွေနှောထားတဲ့ ...
movie
The Man from U.N.C.L.E. (2015)
The Fifth Estate (2013) 6.2
The Fifth Estate (2013) The Fifth Estate (2013)_____IMDb - 6.2/10   á‚၁ ရာစုမှာ ပြင်းပြင်းထန်ထန်ငြင်းခုံဆွေးနွေးမှုတွေ ဂယက်ထစေခဲ့တဲ့အဖွဲ့အစည်းတစ်ခုက WikiLeaks ပါ။ The Fifth Estate ဆိုတာ သတင်းတွေစီးမြောပေါက်ကြားမှုနဲ့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုပါ တုန်လှုပ်ချောက်ချားစေခဲ့တဲ့ WikiLeaks  ကို တည်ထောင်သူ သြစတြေးလျသား အယ်ဒီတာ/ တက်ကြွလှုပ်ရှားသူ/ စာနယ်ဇင်းသမား ဂျူလီယန်ပေါလ်အက်ဆန်းဂ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ WikiLeaks ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ နည်းပညာဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂျာမန်လူမျိုး Daniel Domscheit-Berg ရေးသားခဲ့တဲ့ Inside WikiLeaks: My Time with Julian Assange at the World's Most Dangerous Website ကို အခြေခံရိုက်ကူးခဲ့ပါတယ်။ The Fifth Estate ဇာတ်ကားဟာ WikiLeaks ရဲ့အတွင်းရေးကို ဖွင့်ချထားတာဖြစ်ပါတယ်။ Daniel Domscheit Berg ဟာ ...
movie
The Fifth Estate (2013)
2013
The Danish Girl (2015) 7.1
The Danish Girl (2015) The Danish Girl (2015)IMDb - 7.1/10_____Rotten - 67%Won 1 Oscar, 31 wins & 79 nominations. á€’á€Žá€‡á€Źá€á€şá€œá€™á€şá€¸á€Ÿá€Ź ၁၉၂၆ မှာ ဒိန်းမတ်နိုင်ငံက ပန်းချီဆရာလင်မယားရဲ့ အကြောင်းကို ရိုက်ယူထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုပါတယ်။ ပန်းချီဆိုတာ အရောင်တွေ သုံးပြီး ကင်းဗတ်စပေါ် ရေးတယ် ဆိုတာလောက်ပဲ သိတဲ့ ကျနော့်အတွက်တော့ သူတို့ဆွဲတဲ့ ပန်းချီ အမျိုးအစားအယူအဆတွေ ဘာလဲဆိုတာတော့ မသိပါဘူး။ ယောက်ျားဖြစ်သူ Einar က ရှုခင်းပုံဆွဲပြီး သူ့အမျိုးသမီး Gerda က ပုံတူရေးဆွဲတယ်လို့ပဲ ဆိုပါတော့။ တရက်မှ Gerda ဟာ ပုံတူရေးဆွဲရာမှာ မော်ဒယ်လ်ထိုင်ဖို့ အမျိုးသမီးရောက်မလာလို့ သူ့ယောကျာ်း Einar ကိုပဲ အမျိုးသမီးလို ဆင်ပေးပြီး မော်ဒယ်လ်ထိုင်ခိုင်းခဲ့တယ်။ အမှတ်မထင်ပဲ အဲ့ပန်းချီကားဟာလည်း ...
movie
The Danish Girl (2015)
2015