Channel Myanmar

Alison Faulk

Step Up 2: The Streets (2008) 6.2
Step Up 2: The Streets (2008)  Genre – Drama, Music, Romance IMDB – 6.2/10ခင်ဗျားတို့တွေကို အကရုပ်ရှင် ဘာကောင်းလဲမေးလိုက်ရင်သေချာပေါက် Step Up ကားတစ်ကားကို ညွန်းပေးကြလိမ့်မယ်။အဲဒီလို ညွန်းရအောင်လည်း သူက ၂၀၀၀ ခုနှစ်အကျော်တွေမှာပေါက်ခဲ့ပြီး Franchise ကြီးကို ဖြစ်သွားခဲ့တာကိုး။ မင်းသားChaning Tatum စတင်ခဲ့လိုက်တဲ့ Step Up ရုပ်ရှင်ဟာဆိုနောက်ပိုင်း Step Up 2 The Streets, Step Up 3D, Step UpRevolution နဲ့ Step Up All In ထိ ဆက်တိုက်ထွက်ခဲ့တယ်။အဓိကကျောရိုးကတော့ ကျွန်တော်တို့ငယ်စဉ်ဘဝက သိခဲ့ကြတဲ့ဟစ်ဟော့အက၊ ဖရီးစတိုင်၊ Underground လမ်းဘေးအကပေါင်းစုံကလမ်းဘေးကလူငယ်တွေရဲ့ လွတ်လပ်တဲ့ဘဝ၊ ရွေးချယ်မှုတွေကိုကိုယ်စားပြု တော်လှန်ရေးပြယုဂ်အနေနဲ့ဆိုပြီး သီချင်းကောင်းကောင်းတွေနဲ့ ရိုက်ကူးတင်ဆက်ပြတာမျိုး။ဒီထဲက နာမည်ကြီးဇာတ်ကောင်တွေဆိုလည်း အဓိကဇာတ်ကောင်မဖြစ်ရပေမယ့် နောက်ပိုင်းကားတွေမှာပါ ဆရာကြီးနေရာတွေကCameo ပြန်ပါတတ်ကြတယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ဒီရုပ်ရှင်မှာ စပါဝင်လာတဲ့ ...
movie

Step Up 2: The Streets (2008)

Magic Mike XXL(2015) 5.6
Magic Mike XXL(2015)  2012ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Magic Mikeရဲ့ အဆက်ဖြစ်ပြီး 2023မှာလည်း sequelအနေနဲ့ ထပ်လာဖို့ရှိပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဖော်အချွတ်လောကကနေ အနားယူပြီး သုံးနှစ်ကြာ ကိုယ်ပိုင် ပရိဘောဂ လုပ်ငန်းကိုသာ တစ်စိုက်မတ်မတ် လုပ်နေတဲ့ Mikeဟာ တစ်နေ့မှာတော့ အရင်အဖွဲ့ဟောင်းဆီကနေ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dellas ဆုံးပါးသွားခဲ့ပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒီလိုနဲ့ အသုဘစောင့်အိပ်ရအောင်လို့ လိုက်သွားပြီး အရင်အဖွဲ့ဝင်ဟောင်းတွေနဲ့ ပြန်ဆုံမိတဲ့နောက် မထင်မှတ်ထားတာတွေ ဖြစ်ပျက်လာတဲ့အခါမှာတော့..။IMDb rating 5.6နဲ့ Tomatometerမှာ 65% ရရှိထားပြီး ပထမတစ်ကားထက် စာရင် Dance sceneတွေ Soundtrackတွေ သိသိသာသာ ပိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ ဒါရိုက်တာအနေနဲ့ကတော့ ပထမတစ်ကားရဲ့ ပရိုဂျူဆာဖြစ်တဲ့ ဝါရင့်ဒါရိုက်တာကြီး Gregory Jacobက စီစဉ်ရိုက်ကူး တင်ဆက်ထားပါတယ်။File size…(2.02GB)  / (1.07GB) / 546MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comsdy / Drama / Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO
movie

Magic Mike XXL(2015)

Magic Mike (2012)
Magic Mike (2012) Mike Laneဟာ Tempaမြို့က အဖော်အချွတ်ကလပ်တစ်ခုမှာ အဖော်အချွတ်ပြစားနေသူ တစ်ယောက်ဖြစ်ပြီး ပိုတဲ့အချိန်တွေမှာလည်း အပိုငွေ‌လေးတွေ ရှာလေ့ရှိပါတယ်။ ဒါတွေဟာ ကိုယ်ပိုင်ပရိဘောဂလုပ်ငန်းလေး တစ်ခုကို ထူထောင်ပြီး အေးအေးလူလူ လုပ်ကိုင်စားသောက်မယ်ဆိုတဲ့ အတွေးနဲ့ပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ ဆောက်လုပ်ရေးဆိုက်တစ်ခုထဲမယ် Adamဆိုတဲ့ ၁၉နှစ်အရွယ်ကောင်လေး တစ်ယောက်နဲ့တွေ့ပြီး အဲဒီကောင်လေးကိုပါ အဖော်အချွတ်လောကထဲ ခေါ်ယူဖို့ ဖြစ်လာတဲ့အခါမှာတော့...။ဒီဇာတ်ကားကို ဒါရိုက်တာ Steven Soderberghက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး ရုပ်ရှင်ဆု‌တွေနဲ့ Nominationများစွာကိုလည်း ရရှိဆွတ်ခူးခဲ့တဲ့အပြင် IMDb 6.1နဲ့ Rotten Tomatoesမှာလည်း 78% ရရှိထားပါတယ်။File size…(1.74GB)  / (`943.14MB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:50:00 Genre... Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo
movie

Magic Mike (2012)

Be Cool (2005) 5.6
Be Cool (2005) ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie

Be Cool (2005)

Austin Powers: The Spy Who Shagged Me (1999) 6.6
Austin Powers: The Spy Who Shagged Me (1999) James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာအရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ...
movie

Austin Powers: The Spy Who Shagged Me (1999)

1999
HEVC 1080p 5.1
American Beauty (1999) 8.3
American Beauty (1999) ဒီကားလေးကတော့ အရမ်းကို ကောင်းလွန်းတာကြောင့်အများကြီး သိပ်ညွှန်းဖို့ လိုမယ် မထင်ပါဘူး.ဘာကြောင့်လဲဆိုတော့ IMdB 8.3/10 နဲ့အော်စကာ ၅စု,ပြီးတော့ တခြားဆုပေါင်းများစွာ ရခဲ့လို့ပါပဲ.ဇာတ်လမ်း အကျဉ်းကတော့ အလုပ်မှာလဲအဆင်မပြေ.အိမ်က မိန်းမနဲ့ သမီးရဲ့ လေးစားခြင်းကိုလဲမရတဲ့ လက်စတာဟာ တနေ့မှာသမီး ဖြစ်သူရဲ့ သူငယ်ချင်းမလေး ကို တွေ့သွားတဲ့အခါချစ်ကြိုက်မိသွားခဲ့ပါတယ်.အဲ့အခါမှာလက်စတာဟာသူမကို ရဖို့ကြိုးစားရင်း ဖြစ်ပျက်ခဲ့တာတွေ,သမီး ဖြစ်သူရဲ့ စိတ်ခံစားချက်တွေ,အိမ်ထောင်ရေးပဍိပက္ခတွေနဲ့ ,လူငယ်နဲ့ မိဘကြားကနားလည်မှုလွဲနေတာတွေကို ခံစားဖို့ ရိုက်ကူးပြသထားတဲ့ မိသားစုဒရာမာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်........အရမ်းကြီး ညွှန်းလိုက်ရင် spoilဖြစ်မှာဆိုးလို့ဒီလောက်နဲ့ပဲ ‌ရပ်လိုက်ပါတော့မယ်....တချို့ဇာတ်ဝင်ခန်းတွေမှာ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တာကြောင့် ၁၈+အဖြစ်သတိပေးအပ်ပါတယ်ခင်ဗျာ  File size…871MB and  3GB Quality…720p and 1080p HEVC 5.1CH Format…Mp4 Duration….2h 1min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by YK    
movie

American Beauty (1999)

1999
HEVC 1080p 5.1