Channel Myanmar

Alison Ward

Cold Copy (2023)
Cold Copy (2023) ထွက်ထားတာမကြာသေးတဲ့ အမေရိကန်လျှို့ဝှက်သည်းဖို ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ရုပ်ရှင်ကြည့်ပရိသတ်တို့ မျက်နှာမစိမ်းလောက်တဲ့ Wonder(2017), Room(2015)ရုပ်ရှင်တွေထဲက ကလေးသရုပ်ဆောင် ဂျေကော့ဘ်တောင် ဒီထဲမှာ ဆယ်ကျော်သက်ကောင်လေး အီဂေါ်အဖြစ်ပါဝင်ထားပါတယ်။မီယာဆိုတာ အသက်ရှစ်နှစ်အရွယ်ကတည်းက အောင်မြင်တဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူ။ အိပ်မက်အတိုင်းလည်း တစိုက်မက်မက်ကြိုးစားနေတဲ့သူ။ သူ့သင်တန်းဆရာမကတော့ TNRရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်မှူး ဒိုင်ယန်း။ ဒိုင်ယန်းက တပည့်ဖြစ်သူတွေကို TNRရုပ်သံလိုင်းမှာလွှင့်ပေးမယ်ဆိုတဲ့ စကားနဲ့ ကျောင်းသူတွေကို ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ရှာခိုင်းခဲ့ပါတယ်။ဒီမှာပဲ ဖုံးကွယ်ထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေနဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်လေး အီဂေါ်ရဲ့ဇာတ်လမ်းကို မီယာတစ်ယောက် တွေ့ခဲ့ပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုချနင်းရမယ်ဆိုတဲ့ ဒိုင်ယန်းနဲ့ ဖြစ်ချင်တဲ့အိပ်မက်နောက်ကို တကောက်ကောက် လိုက်နေတဲ့ မီယာတို့ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ကြရတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(699 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Cold Copy (2023)

Johnny English Strikes Again (2018) 6.2
Johnny English Strikes Again (2018) IMDb Rating (6.2)ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ....။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo
movie

Johnny English Strikes Again (2018)

2018
4K HEVC