Channel Myanmar

Allan Corduner

Florence Foster Jenkins (2016) 6.8
Florence Foster Jenkins (2016) ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie

Florence Foster Jenkins (2016)

2016
Count Magnus (2022)
Count Magnus (2022) " A ghost story for christmas count magnus " ဆိုတာ Horror အမျိုးအစားဇာတ်လမ်းတိုလေးဖြစ်ပါတယ်။1863 ခုနှစ်ဆွီဒင်မြို့က‌လေးဟာ လူသိပ်မသိကြဘဲ လာလည်တဲ့လူ သိပ်မရှိတဲ့ဒေသလေးဖြစ်ပါတယ်။ခရီးသွားတစ်ယောက်ဖြစ်တဲ့ မစ္စတာဝက်စ်ဟောက လမ်းမှားရင်းဆွီဒင်ကိုရောက်သွားပြီး အဲ့ဒီက မျိုးရိုးမြင့် ဒယ်လာဂါဒီဆိုတဲ့မိသားစုရဲ့ဘိုးဘေး ကွယ်လွန်သွားပြီဖြစ်တဲ့မြို့စားမင်းကြီးရဲ့အကြောင်းကိုသိချင်မိပြီး သူဘာတွေများအောင်မြင်ခဲ့သလဲ ဘယ်လိုအရာမျိုးတွေလုပ်တတ်တဲ့လူမျိုးလဲဆိုတာကို ရိုးရိုးသားသားသိချင်စိတ်နဲ့ လိုက်လံပြီးစုံစမ်းစပ်စုမိရာကနေ နောက်ဆုံးမှာ မစ္စတာဝက်စ်ဟောတစ်ယောက်ဟာ တန်ကြေးကြီးတဲ့ အဆုံးသတ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။ File size…(465 MB)/(189 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:32:00 Genre... Horror, Tv Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris 
movie

Count Magnus (2022)

Gladiator (2000) 8.5
Gladiator (2000) ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator ... ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်‌ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့....ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, ...
movie

Gladiator (2000)

4K HEVC
Woman in Gold (2015) 7.3
Woman in Gold (2015)  ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating - 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်း‌စည်းစေချင်သူတွေကတော့ ဂျာမန်လူ‌မျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ...
movie

Woman in Gold (2015)

Fred Claus (2007) 5.6
Fred Claus (2007)  ဆန်တာကလေ့ာစ်ကိုတော့ အားလုံးသိကြမှာပါ...။ခရစ်စမတ်ဆိုရင် ဒရယ်စွတ်ဖားလှည်းကြီးစီးပြီး ဝတ်စုံနီကြီးနဲ့ကလေးတွေကို လက်ဆောင်တွေလိုက်ပေးတဲ့ ဖိုးဖိုးကြီးပေါ့...။ဒါပေမဲ့ လူတိုင်းမသိကြတာက သူ့မှာ ဖရက်ဒ်ကလော့စ်ဆိုတဲ့အစ်ကိုတစ်ယောက်ရှိပါတယ်...။ဒီပုံပြင်လေးက သူ့ရဲ့ပုံပြင်လေးပါ...။ပုံပြင်လေးကဘယ်လိုလဲဆိုတော့ လိမ္မာပြီး စိတ်ထားလှတဲ့ ဆန်တာကိုဆိုရင်ငယ်ငယ်လေးကတည်းက လူတိုင်းကချစ်ခင်ကြ ချီးကျုးကြတယ်ပေါ့...။ဖရက်ဒ်လေးဟာ ဆန်တာရဲ့လောင်းရိပ်အောက်မှာ ရောက်နေခဲ့တာကြောင့်ဘယ်လိုပဲကြိုးစားကြိုးစား လျစ်လျူရှုခံရမှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်...။ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားတွေကွဲလွဲခဲ့ပြီး မခေါ်မပြောဖြစ်ခဲ့ကြပါတယ်...။သို့ပေမဲ့ တစ်ခုသော ခရစ်စမတ်မှာ ညီအစ်ကိုနှစ်ယောက် ပြန်ညီညွှတ်ဖို့အခွင့်အလမ်းတစ်ခုပေါ်လာတော့တယ်...။ကဲဇာတ်ကြောင်းလေးက ဘယ်လိုလေးဆက်ဖြစ်မလဲ...ညီအစ်ကိုနှစ်ယောက်တကယ်တမ်းသင့်မြတ်ကြပါ့မလားဆိုတာကို....ဒီComedy,Family, Fantasy movieလေးထဲမှာ ကြည့်ရှုလို့ရပါပြီ...။ File size…2.08GB / 946MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 56m Genre ….. Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Fred Claus (2007)

The Offering (2022) 5.2
The Offering (2022) The Offering (2022)~ IMDb - 5.2/10, Rotten Tomatoes - 78% ~ဒီကားလေးက စိတ်ဝင်စားဖို့ကောင်းတဲ့ ဟော်ရာကားလေးလို့ ပြောရမယ်။ သမ္မာကျမ်းစာထဲ ဘုရားသခင်က အီဘရာဟမ်ကို သူ့သားနဲ့အသက်နဲ့ ပူဇော်ခိုင်းတဲ့ ဇာတ်လမ်းကို သိကြမယ်ထင်တယ်။ ဒီကားက အဲဒီဇာတ်လမ်းနဲ့ ချိတ်ထားတဲ့ Horror ကားပါပဲ။အဲဒီလိုပူဇော်ခိုင်းရခြင်းရဲ့အကြောင်းရင်းကိုလည်း ထည့်ထားတယ်။ ကမ္ဘာဦးအစကတည်းက အမျိုးသမီးတွေကို ကိုယ်ဝန်ပျက်ကျစေတဲ့၊ ကလေးတွေကို စားသုံးတဲ့ နတ်ဆိုးမတစ်ယောက် ရှိခဲ့တယ်။ ဘုရားသခင်က အီဘရာဟမ်ကို သူ့ကို ပူဇော်ခိုင်းခြင်းနဲ့ လူမှုရေးရာ‌ လောကီကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ မျှခြေယူခဲ့ပြီး အဲဒီနတ်ဆိုးမကို ချိပ်ပိတ်ခဲ့တယ်။ဒီဘက်ခေတ်ရောက်တော့ အဲဒီနတ်ဆိုးမကို ဂမ္ဘီရဆရာတစ်ယောက်က သူ့မိန်းမကို အသက်ရှင်စေချင်ဇောနဲ့ မှားယွင်းပြီး ဆင့်ခေါ်ခဲ့မိတယ်။ ဒီလိုနဲ့ သမိုင်းမတင်ခင် ဘုရားသခင်ခေတ်ကတည်းက ရှိနေတဲ့ နတ်ဆိုးမကို လူသားတွေ ဘယ်လိုတားဆီးမလဲ မြင်ကြရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ...
movie

The Offering (2022)

2022
TÁR (2022) 8
TÁR (2022) Tar (2022)ဒီဇာတ်ကားနာမည်က "Tar" "တာ" လစ်ဒီရာတာ လစ်ဒီရာက ဂီတလောကရဲ့အကျော်အမော်တစ်ယောက် ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးတစ်ယောက်၊ သူ့ကိုလူတွေက"လစ်ဒီရာ" ဒါမှမဟုတ်"တာ" ဆိုတာထက် သူ့ရဲ့ဂုဏ်ပုဒ် "ပါရဂူဂီတမှူး" လို့လေးစားသမှုနဲ့ခေါ်ဆိုကြသူ။ဇာတ်လမ်းအဖွင့်မှာပဲ လစ်ဒီရာတာဖြေပေးတဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အောင်မြင်မှုပေါင်းများစွာအပြင် ကိုယ်ရေးကိုယ်တာရောဂီတပိုင်းဆိုင်ရာရော ထူးချွန်ထက်မြက်မှုတွေကို ငြင်းမရအောင်မြင်ရဦးမှာပါ။ လစ်ဒီရာတာက တစ်ရက်တော့ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခုပေးခဲ့တယ်။ အဲဒီမှာကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေကိုကြိုက်နှစ်သက်လားမေးတော့ ကျောင်းသားကဘာ့ခ်ကို သူ့ကိုယ်ရေးကိုယ်တာပိုင်းကိုသဘောမကျတာကြောင့် သူ့ဂီတကိုလဲခံစားလို့မရပါဘူးတဲ့။ လစ်ဒီရာကဒီကျောင်းသားကို ဂီတကိုကောင်းမကောင်းစံသတ်မှတ်ချက်မှာ ဂီတဖန်တီးသူရဲ့ဘဝဖြစ်တည်မှု အကောင်းအဆိုးအမှားအပြစ်တွေနဲ့မဝေဖနဘဲ ဂီတအဖြစ်သာခံစားဖို့တိုက်တွန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ လစ်ဒီရာ့အယူအဆက ပိုသင့်လျော်တယ်ထင်ရပေမယ့် ဘယ်အတိုင်းအတာထိလဲ။ ကိုယ်သဘောကျတဲ့ဂီတပညာရှင်တစ်ယောက်က အကျင့်စာရိတ္တတွေသိပ်ပျက်ပြားလွန်းနေရင်ရော ဒါမှမဟုတ်ခွင့်လွှတ်လို့မရနိုင်တဲ့အပြစ်ကိုကျူးလွန်လာရင်ရော ဒီခေတ်မှာသိပ်အားကောင်းတဲ့အရွေ့ဖြစ်တဲ့ Cancel Culture ဝင်လာသင့်လား။ ဒီဇာတ်လမ်းမှာ လစ်ဒီရာတာရဲ့ ပါရမီထူးချွန်မှုတွေနောက်ကို ကိုယ်ကျင့်တရားကအမှီမလိုက်နိုင်တော့တဲ့တစ်ချိန်မှာ သူ့ရဲ့ရုန်းကန်ရမှုတွေကို မှားတယ်မှန်တယ်ဝေဖန်မှုမရှိပဲ အလွှာလွှာအထပ်ထပ်နဲ့ သိမ်မွေ့အားကောင်းစွာပဲဖော်ပြထားလို့ ကိုယ်တိုင်သာကြည့်ပြီးအဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လစ်ဒီရာတာကိုအသက်သွင်းထားတဲ့ မင်းသမီး Kate Blanchett ရဲ့ အော်စကာတန်းဝင်လို့ပြောနေကြတဲ့ သရုပ်ဆောင်မှုတွေကြောင့်လဲ "Tar" က လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p | 480p File size… 1.3GB | ...
movie

TÁR (2022)

Defiance (2008) 7.2
Defiance (2008) (Unicode)IMDB 7.2Rotten Tomatoes 57%Audience Score 72%ယနေ့ခေတ်လူငယ်တွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို မခံစားခဲ့ဖူးပါဘူး ။ဒါကြောင့်လဲ အချို့နိုင်ငံရေး Post တွေမှာဆိုရင် ချပစ် သတ်ပစ် ဆိုတဲ့ Comments တွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။၁၉၄၁ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဟစ်တလာဟာ ဘီလိုရုရှားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ် ။သူ့ရဲ့ အညိုးအတေးတွေကြောင့် ထုံးစံအတိုင်း နိုင်ငံတွင်းက ဂျူးလူမျိုးတွေမှန်သမျှကို တစ်ဖြည်းဖြည်းချင်းလူမျိုးတုန်းသတ်ဖြတ်လာတဲ့အခါမှာတော့.....တူဗီယာတို့ ညီအကိုတွေဟာ နာဇီတွေဝင်ရောက်မလာခင်ကတည်းက ပြစ်မှု့တစ်ခုကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။အချိန်အကြာကြီးနေခဲ့တာကြောင့် တောကိုလည်း ကျွမ်းကျင်နေကြပါပြီ။စစ်ကြီးစဖြစ်တော့ အခြားသူတွေကလည်း သူတို့လို တောထဲကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။တူရာတူရာတွေ စုမိကြရင်း နောက်ဆုံး ရွာတစ်ရွာတည်နိုင်လောက်တဲ့အထိများပြားလာတဲ့အခါမှာတော့သူတို့ဟာ သူပုန်လိုလို တော်လှန်ရေးသမားတွေလိုလို ဖြစ်လာကြပါတော့တယ်။ဒီကားဟာ ဖြစ်ရပ်မှန်ဝတ္တုဖြစ်တဲ့ Defiance : ...
movie

Defiance (2008)

2008
Mr. Nobody (2009) 7.8
Mr. Nobody (2009) သက္ကရာဇ် ၂၀၉၂ခုနှစ်မှာ လူသားတွေဟာဆဲလ်အသစ်တွေကို မဆုံးနိုင်အောင်အစားထိုးခြင်းနဲ့မသေမျိုးတွေဖြစ်အောင်နေထိုင်လာကြပါပြီတစ်ကမ္ဘာလုံးမသေမျိုးဖြစ်နေတဲ့သူတွေဟာ ကမ္ဘာပေါ်ကအသက်၁၁၈နှစ်ရှိပြီဖြစ်တဲ့ တစ်ဦးထဲသော သေမျိုး နီမိုရဲ့နောက်ဆုံးဘဝနေဝင်ချိန်ကို စောင့်ကြည့်နေကြပါတယ်နီမိုမသေခင်မှာ နီမိုကို အင်တာဗျူးတွေလုပ်ကြပါတယ်ဒီနေရာမှာ နီမိုက သူ့ရဲ့ဘဝကို အပိုင်း၃ပိုင်းခွဲပြီးပြောပြပါတယ်ပထမတစ်ပိုင်း : သူ့အသက်၉နှစ် သူ့အဖေနဲ့အမေ ကွာရှင်းတဲ့အချိန်ဒုတိယအပိုင်း : အသင်၁၆နှစ်အရွယ်နဲ့တတိယအပိုင်း : သူ့အသက် ၃၄နှစ်အရွယ်တစ်ပိုင်းစီမှာသူ့ရဲ့ရွေးချယ်မှုတွေအပေါ်မူတည်ပြီးဖြစ်လာနိုင်ချေကိုခေါင်းတွေမူးနောက်နေအောင်ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File Size : (1.09 GB) Quality : Blu-ray,720p Running Time : 2h 21min  Format : Mp4 Genre : Drama,Fantasy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p  Translated by Waizin Wayne Encoded by sithu
movie

Mr. Nobody (2009)

2009
Disobedience (2017) 6.8
Disobedience (2017) စည်းကမ်းတွေ စည်းမျဉ်းတွေ အများကြီးအများကြီးကြားမှာ ကျွန်တော်တို့မွေးဖွားလာရပါတယ်။ဟိုဟာမလုပ်နဲ့ ဒီဟာမကိုင်နဲ့ တားမြစ်ချက်တွေ အများကြီးနဲ့ကြီးပြင်းလာခဲ့ရပါတယ်။အဲဒီတားမြစ်ချက်တွေက ကိုယ်ဖြစ်ချင်နေတာတွေ လုပ်ချင်နေတာတွေကိုမရောက်အောင်တားမြစ်ထားတယ် ဆိုရင် ခင်ဗျားတို့ဘာလုပ်ကြမှာလဲ။ဒီဇာတ်ကားမှာတော့ တားမြစ်ချက်တွေအများကြီးကြားက ဂျူးဘာသာဝင် မိန်းကလေးနှစ်ယောက်ရဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ကြတာကို တွေ့ရမှာပါ။ဘာသာတရားကိုင်းရှိုင်းတဲ့ အသိုင်းအဝိုင်းမှာကြီးပျင်းလာကြတဲ့ သူတို့ ဒီအသိုင်းအဝိုင်းကို ဘယ်လိုရင်ဆိုင်ကြလဲဘယ်လိုအင်အားမျိုးတွေက ဒီလိုဆန့်ကျင်ရဲအောင်တွန်းအားပေးလဲဆိုတာတော့ ဇာတ်ကားကိုကြည့်ရင်း ကိုယ့်ဘာသာကိုယ်ပဲအဖြေထုတ်ကြည့်လိုက်ကြပါတော့။ခင်ဗျားတို့ရောဘယ်လိုလုပ်ကြမလဲ..ဒီဇာတ်ကားက IMDB Rating 6.8 ရရှိထားပြီး ကျွန်တော့်အကြိုက်မင်းသမီး Rachel Weisz နဲ့ Rachel McAdam တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ) File Size : (900 MB) and (390 MB) Quality : Blu-Ray 720p Running Time : 1hr 54min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by d3mon Encoded by ...
movie

Disobedience (2017)

2017