Channel Myanmar

Allison Paige

American Fighter (2019) 5.5
American Fighter (2019)  ဇာတ်အိမ်ကို 1980 ဝန်းကျင် အီရန်၊ အီရတ် စစ်ပွဲဖြစ်စဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်...။ အီရန်မှာ စစ်တွေဖြစ်နေတော့ ပါရှန်သားလေး အလီဟာ အမေရိကန်ကိုပညာသင်ဆုနဲ့ကျောင်းလာတက်တာပေါ့...။အလီရဲ့ မိဘတွေကတော့ အီရန်မှာ ကျန်ခဲ့ပြီး အမေဖြစ်သူကနယ်ခံတပ်တွေ ဖမ်းဆီးတာ ခံလိုက်ရပါတယ်...။မိခင်ကိုပြန်ခေါ်ဖို့အတွက် အစိုးရကိုအကူအညီတောင်းတော့ စစ်ပွဲကာလမို့ဘာမှလုပ်မပေးနိုင်ပါဘူး...။ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောက်လမ်းက ခေါ်ဖို့ကြိုးစားပါတော့တယ်...။အဲ့ဒီအတွက် ငွေကလည်း အများကြီးကုန်မှာဆိုတော့ ကောလိပ်ကျောင်းသားအလီတစ်ယောက် ငွေရဖို့အတွက် undergroundထိုးသတ်ပွဲတွေမှာ ဝင်ထိုးပါတော့တယ်...။စစချင်းမှာတော့ နပန်းအခြေခံရှိသူ အလီဟာ ပွဲတွေဆက်တိုက်နိုင်ပြီးငွေရှာလွယ်ကူခဲ့တာပေါ့..။ဒါပေမဲ့ undergroundလောကက အဲ့လောက်မရိုးရှင်းလှဘဲ ပြိုင်ဘက်နဲ့ပွဲစီစဥ်သူပေါင်းစားပြီး အလီကို ဂွင်ဆင်ကြတဲ့အခါမှာတော့....။1980စတိုင်နဲ့ Underground Fighting ထိုးသတ်ပွဲတွေကြည့်ချင်တဲ့သူတွေအတွက်တော့ actionကားကောင်းလေးတစ်ကားပါ...။  File size… 1.60GB / 685MB Quality… Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….1h 38m Genre ….. Action , Biography Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

American Fighter (2019)

Bennett’s War (2019) 6.0
Bennett’s War (2019)  အကျိတ်အနယ်ယှဥ်ပြိုင်ကြတဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေကိုခုန်ပျံကျော်လွှားကြည့်ရှုရမယ့်ဇာတ်ကားလေးပါ...။ဆိုင်ကယ်ပြိုင်ပွဲတွေကို ရင်တမမ လိုက်ကြည့်ရတာနဲ့တင်ကြည့်ရကျိုးနပ်မယ့် Sports ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့...ဘန်းနက်ဟာ ဆိုင်ကယ်စီးပြီးတိုက်ပွဲဝင်တဲ့ ရိန်းဂျားစစ်သည်တစ်ယောက်ပါ။သို့ပေမဲ့ စစ်မြေပြင်မှာ မိုင်းထိသွားပြီး ခြေထောက်ဒဏ်ရာကြောင့်စစ်တပ်ကထွက်ခဲ့ရပါတယ်....။ခြေထောက်ဒဏ်ရာကြောင့် ဘာမှမလုပ်နိုင်လို့ စိတ်ဓာတ်ကျနေရတဲ့အပြင် အဖေဖြစ်သူက အိမ်ကိုအပေါင်ဆုံးတော့မှာမို့ ငွေကြေးအကြပ်အတည်းနဲ့ပါရင်ဆိုင်လာရပါပြီ။သိတာတတ်တာဆိုလို့ ဆိုင်ကယ်မောင်း၊ ဆိုင်ကယ်ပြင်တာပဲသိတဲ့ဆိုင်ကယ်ချန်ပီယံဟောင်း ဘန်းနက်ဟာ ငွေရှာဖို့အတွက်ပြိုင်ကွင်းထဲပြန်ဝင်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဘန်းနက်တစ်ယောက် ခြေထောက်က ဒဏ်ရာနဲ့ ပြိုင်ပွဲဘယ်လိုဝင်ပြီးဘာတွေအစွမ်းပြမလဲဆိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။  File size…1.54GB / 809MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ..... Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Bennett’s War (2019)

My Killer Client (2018) 4.5
My Killer Client (2018) My Killer Client (2018) =================လူတိုင်းတစ်မျိုးစီရူးကြတယ်ဆိုပေမဲ့ လူတစ်ယောက်ရဲ့ ရူးသွပ် စွဲလမ်းမှုကို တိုင်းတာဖို့ ခက်မယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲ အချစ်ရူးမလေးရဲ့ ရူးသွပ်မှုကတော့ အတော်ကြောက်စရာကောင်း သလို တစ်ဖက်ကကြည့်ရင်လည်း သနားစရာလည်းကောင်းပါတယ်။ ဇာတ်လမ်းနာမည်အရ လူသတ်ကားထင်ရပေမဲ့ တကယ်က ငယ်ချစ်‌ ဦးကို  အကြမ်းပတမ်းစနိုက်ကြော်ချင်တဲ့ ကောင်မလေးတစ်ယောက် အကြောင်းလို့ဆိုရမလားပါပဲ။ လူမသတ်ဘူးလားဆိုတော့ သတ်ပါ တယ်။ စိတ္တဇဆန်ဆန်စနိုက်ကြော်လူသတ်တဲ့ကားပေါ့။Personal Stylist တစ်ယောက်ဖြစ်နဲ့ ခရစ္စတာဟာ ကတ်ဆိုတဲ့ client အသစ်ရခဲ့ပါတယ်။ ရှက်တတ်ပြီး လူ‌တောမတိုးတဲ့ကတ်ကို ခရစ္စတာက ပြုပြင်ပြောင်းလဲပေးရပါတယ်။ ဒီလိုနဲ့ ခရစ္စတာနဲ့ကတ်တို့ ခင်မင်သွား ကြပါတယ်။ တစ်နေ့တော့ ကတ်ဆိုတာဟာ ခရစ္စတာရဲ့ချစ်သူခင်ပွန်း လောင်း ဂျိတ်ရဲ့ကျောင်းတော်က အဆက်ဟောင်း ကစ်တီဖြစ်နေတာကို သိလိုက်ရပါတယ်။ကစ်တီ့အကြောင်းသိနေတဲ့ ဂျိတ်က ခရစ္စတာကို အတန်တန်သတိပေးပေမဲ့ ခရစ္စတာက သိပ်အလေးထားစရာလို မမြင်ခဲ့ပါဘူး။ ဒါပေမဲ့ ကစ်တီ့ရဲ့ထူးဆ န်းတဲ့အပြူအမူတွေကို တဖြည်းဖြည်းမြင်လာရတဲ့အခါ ခရစ္စတာတစ်ယောက် သံသယ၀င်လာပါတော့တယ်။ နောက်ပိုင်းမှာ ခရစ္စတာနဲ့ဂျိတ်တို့ကြားကို ၀င်လာတဲ့ ကစ်တီ့ရဲ့ရူးသွပ်မှုတွေက ဘယ်လောက်ထိကြောက်စရာကောင်းလဲ ဆိုတာ ရင်တထိတ်ထိတ်ကြည့်ကြရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို C'mon မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ June, C'mon တို့ဖြစ်ပါတယ်)File Size..........(1.6 ...
movie

My Killer Client (2018)

2018