Channel Myanmar

Alok Nath

Tumko Na Bhool Paayenge (2002) 5.7
Tumko Na Bhool Paayenge (2002) ဗီး ဆိုတဲ့ လူငယ်လေးဟာ တောရွာလေးမှာ‌ရွာသူကြီးတွေဖြစ်တဲ့ မိဘတွေနဲ့ အတူနေထိုင်ပါတယ်။မိဘတွေရဲ့ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရပြီးချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေး မူစကန် လည်းရှိပါတယ်။ပူပန်မှုကင်းတဲ့ ဗီးရဲ့ ဘဝမှာ တစ်ခါတရံ ပေါ်ပေါ်လာတတ်တဲ့ထူးဆန်းအံ့ဩဖွယ်ရာတွေတော့ရှိလို့နေပါတယ်။ပုံရိပ်တွေမြင်နေရတာမျိုး ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးတွေပါ။ပြီးတော့ သူ့ငယ်ဘဝနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရပါဘူး။ဘာကြောင့်ဖြစ်ရတာလဲလို့ မိသားစုအတွင်းကလူတွေကိုမေးပေမဲ့ ဘယ်သူမှ တိကျတဲ့အဖြေမပေးဘဲဇာတ်လမ်းတစ်မျိုးစီပဲ ပြောပြနေကြတာပါ။အဲဒီလိုနဲ့ ဗီး နဲ့ မူစကန်တို့ စေ့စပ်ကြတဲ့နေ့မှာပဲ မဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေရောက်လာပြီး ဗီး ကို ရန်ပြုကြပါတော့တယ်။ဘာကိုမှ နားမလည်နိုင်ဖြစ်နေတဲ့ ဗီးကို မိဘတွေက ဖုံးကွယ်ထားတဲ့အကြောင်းအရာတွေထုတ်ပြောလိုက်တဲ့အချိန်မှာတော့ သူ့ဘဝနောက်ကြောင်းတွေကိုစုံစမ်းဖို့ မွမ်ဘိုင်းမြို့ကို သွားဖို့ဖြစ်လာပါတော့တယ်။ ဗီး ရဲ့ ဘဝ အမှန်ကဘာလဲ။ သူ့ကိုရန်ပြုကြတဲ့သူတွေကိုရောဘယ်သူကလွှတ်လိုက်တာလဲ။ ရွာငယ်လေးဆီကိုရောဘယ်ပုံဘယ်နည်းရောက်လာတာလဲ ဆိုတာတွေကို2002 မှာထွက်ရှိခဲ့ပြီး မင်းသားကြီး Salman Khan နဲ့Sushmita Sen တို့ပါဝင်ထားတဲ့ ဇာတ်ကားလေးထဲမှာဆက်လက်ပြီးကြည့်ရှု့ခံစားနိုင်ပါတယ်။ International မှာ အရမ်းကြီး Hit ဖြစ်ခဲ့တဲ့ ဇာတ်ကားမဟုတ်ပေမဲ့Bollywood နဲ့ ...
movie

Tumko Na Bhool Paayenge (2002)

2002
Chor Nikal Ke Bhaga(2023) 7.5
Chor Nikal Ke Bhaga(2023) Chor Nikal Ke Bhanga(2023) *****************************************IMDb-8/10Glow & Lovely (Fair & Lovely)ရဲ့ ကြော်ငြာမင်းသမီးချောလေးယန်မီဂေါ်သမ်က လေယာဉ်မယ်အဖြစ် ၊ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ဆန်နီကောရှလ်နဲ့ ရှရားဒ်ကဲလ်ကရ် တို့အဓိကပါ၀င်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲကားပါ ။ဇာတ်လမ်းအကျဉ်းသက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီး တွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။ နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာ အန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။ ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်း အကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲ အဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ... အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား... နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ .... ဘာသာပြန်တွေကတော့ Bpl,Yunniနဲ့ Thaik Sanတို့ ဖြစ်ပါတယ် File size…1.2GB / 540MB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San
movie

Chor Nikal Ke Bhaga(2023)

2023
Taal (1999) 6.6
Taal (1999) မင်းသမီး Aishwarya Rai အဓိကပါဝင်ထားပြီး Anil Kapoor နဲ့ Akshaye Khanna တို့လို မင်းသားကြီးတွေနဲ့ဒီရုပ်ရှင်ကားက အချစ်ရိုမန့် အလွမ်းအဆွေးရသစုံတဲ့ ရုပ်ရှင်ကားကြီးပါ။"Taal" ဆိုတာ သိပ်ကိုနူးညံ့တဲ့စကားလုံးလေး "ဂီတသံစဉ်" တစ်နည်းအားဖြင့် "နှောင်ကြိုး"လူသားရဲ့စိတ်ဖြေရာ အချစ်တို့မွေးဖွားရာ ခံစားချက်တွေ ပေါင်းဆုံရာကို ဂီတလို့ခေါ်နိုင်မလား...ဂီတငြိစွန်းလာတဲ့အခါ လူ့ရဲ့စိတ်ကနူးညံ့လာပြီး နှလုံးသားချင်း စကားပြောလာတတ်ပါတယ် အဲ့ဒီစကားလုံးတွေကပဲ နှလုံးသားကို အချစ်လမ်းသွယ်လေးဆီ ခေါ်ဆောင်လာတတ်တယ်...ဟုတ်ပါတယ် ဒီနှောင်ကြိုးလေးက မာနဗ် မာန်ဆီ ဗစ်ကရန်းဆိုတဲ့ ဘဝသုံးခုနဲ့ ချိတ်တွယ်ထားပါတယ်ဘဝရဲ့လမ်းသွယ်လေးတွေမှာ ကျွန်မတို့ လူတော်တော်များများနဲ့ ဆုံဖြစ်ကြပါလိမ့်မယ်ကိုယ့်စိတ်နဲ့ ထပ်တူမကျတာရှိနိုင်သလို ကိုယ့်နှလုံးသားနဲ့ အဲ့ဒီလူကို ငြိတွယ်သွားတာလည်း ဖြစ်နိုင်ပါတယ်နိုင်ငံခြားပြန် မြေပြန့်သားလေး မာနဗ်ဟာ ဖခင်ဖြစ်သူရဲ့ အလုပ်ကိစ္စနဲ့ တောင်ပေါ်ဒေသကို အလည်လာရင်း ရိုးသားတဲ့တောင်ပေါ်သူလေး မာန်ဆီနဲ့ သံယောဇဉ်ငြိတွယ်ခဲ့ပါတယ်...အခြေအနေအချင်းက အရမ်းကွာဟတာကြောင့် ဒီနှောင်ကြိုးကို မြဲအောင်မထားနိုင်ခဲ့ပါဘူး...ဘဝရဲ့အခန်းကဏ္ဍတစ်ခုပြီးဆုံးသွားတဲ့အခါ တခြားကဏ္ဍတစ်ခုက ပေါ်လာတတ်စမြဲပဲဆိုတာ ကြားဖူးကြတယ်မလား...အဲ့ဒီအခန်းကဏ္ဍနဲ့အတူ မာန်ဆီရဲ့ဘဝထဲကို ထပ်မံဝင်ရောက်လာသူကတော့ အောင်မြင်ကျော်ကြားတဲ့ သီချင်းဒါရိုက်တာကြီး..ထုတ်လုပ်သူကြီး ဗစ်ကရန်းကပူရ်ပါပဲ"လက်ထပ်တယ်ဆိုတာ ဘဝနှစ်ခု ပေါင်းဆုံဆည်းတာ" "လက်ထပ်တယ်ဆိုတာ နှလုံးသားနှစ်ခု ထပ်တူကြတာ" "အတူတူသေမယ် အတူတူရှင်သန်မယ်" တဲ့...။ကဲ..သူတို့သုံးဦးရဲ့ဘဝနှောင်ကြိုးတွေက ဘယ်ကိုဦးတည်သွားမလဲဒီနှောင်ကြိုးလွန်ဆွဲပွဲမှာ ဘယ်သူ့အချစ်က အနိုင်ရပြီး ဘယ်သူနဲ့ဆုံဆည်းရမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပြီး လူသားတိုင်း ...
movie

Taal (1999)

1080p HEVC
Pardes (1997) 7.0
Pardes (1997) Pardes (1997) *****IMDb Rating (7.0) / Rotten Tomatoes (72%)Pardes (နယ်မြေရပ်ခြားနိုင်ငံခြား) ဟာ ၁၉၉၇ ၊ ဩဂုတ်လ ၊ (၈)ရက် မှာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် ။ ဘောလီးဝုဒ်ဒါရိုက်တာ ဆရာကြီး ဆူဘတ်ရ်ှဂိုင်း ၊ ဇာတ်လမ်းဇာတ်ညွှန်း ဆူဘတ်ရ်ှဂိုင်း ၊ နီရတ်ဂ်ျပသစ်ခ် ၊ ဂျာဗေ့ဒ်ဆစ်ဒီကီးတို့မှရေးသားကာ ဒါရိုက်တာဆူဘတ်ရ်ှဂိုင်းရိုက်ကူးပြီး ၊ အမ်မရစ်ရ်ှပူရီး ၊ အာလိုခ်နတ် ၊ ရှာရွတ်ခန်၊ မာဟီမားကျောင်ဒရီး ၊ အပူရ်ဗားတို့မှ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ။ ဇာတ်လမ်းအကျဉ်း ************* ကစ်ရှိုးလားဂျီးဟာ အမေရိမှာ အခြေတကျအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ။ အမေရိကမှာနေပေမဲ့ ကိုယ့်နိုင်ငံရိုးရာ ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သလို သူ့ရဲ့တစ်ဦးတည်းသောချစ်သားလေးရာဂျစ်အတွက် ချွေးမလောင်းလေးဟာလဲ ရိုးရာဓလေ့နဲ့လူ့ကြီးသူမကို လေးစားရိုသေ အလုပ်အကျွေးပြုတတ်သူ အလိမ္မာအိမ်ပါ အိန္ဒိယသူစစ်စစ်ဖြစ်ရမယ်ရယ်လို့ ...
movie

Pardes (1997)

1080p Untouched
Kabhi Khushi Kabhie Gham(2001) 7.4
Kabhi Khushi Kabhie Gham(2001)  Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။)  File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie

Kabhi Khushi Kabhie Gham(2001)

De De Pyaar De (2019) 6.8
De De Pyaar De (2019) (Unicode)MDb 6.7/10 Google Users 90%ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူးပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ်Rom-Com ဆိုတာဘာလဲဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူးသေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူးကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ်ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ်ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ်ဇာတ်လမ်းလေးပြောပြရရင် ... အသက် ၅၀ အရွယ် ...
movie

De De Pyaar De (2019)

2019
Sonu Ke Titu Ki Sweety (2018) 7.7
Sonu Ke Titu Ki Sweety (2018) ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ Rating ကောင်းကောင်းရရှိထားရုံသာမက ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။ငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်ဝယ်ဝယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။ဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။တီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။တစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။ဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။ဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။အိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါ Comdey ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။Rating အနေနဲ့ 7. 6 ထိရှိပြီး ဝင်ငွေအရလည်းအောင်မြင်တဲ့ဇာတ်ကားလေးပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (999 MB) and (450 MB) Quality : WEB-DL 720p Running Time : 2hr 18min Format ...
movie

Sonu Ke Titu Ki Sweety (2018)

2018