Channel Myanmar

Alphonso Austin

King Arthur: Legend of the Sword (2017) 6.7
King Arthur: Legend of the Sword (2017) 2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie

King Arthur: Legend of the Sword (2017)

2017
4K HEVC
Jason Bourne (2016) 6.6
Jason Bourne (2016) Jason Bourne (2016)IMDb Rating (6.6) / Rotten Tomatoes (54%)++++++++++++++++++++++Jason Bourne2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum ...
movie

Jason Bourne (2016)

4K HEVC
The Informer (2019) 6.5
The Informer (2019) ဒီကားကတော့ မူးယစ်အရောင်းအဝယ်ခေါင်းဆောင်ကိုဖမ်းဖို့အကွက်ချရာကFBIနဲ့NYPDရဲ့အရှုပ်ထဲမှာပိတ်မိသွားတဲ့ထောင်ထွက်လူသတ်သမားရဲ့အကြောင်းကိုရိုက်ကူးထားတာပါကိုစလိုဆိုတဲ့သူဟာလူသတ်မှုနဲ့ထောင်နှစ်နှစ်ဆယ်ကျနေပေမယ့်FBIကသူ့ကိုထောင်ကနေထုတ်ပေးပြီးဘိန်းအရောင်းအဝယ်ခေါင်းဆောင်ကြီးကိုဖမ်းဖို့သူလျှိုအဖြစ်စေလွှတ်ပါတော့တယ်ဒါပေမယ့်လည်းသူသူလျှိုအဖြစ်လုပ်နေတုန်းမှာပဲNYPDရဲတွေဘက်ကလည်း သူလျှိုတစ်ယောက်လွှတ်ရင်းအဲဒီရဲအသတ်ခံလိုက်ရတာနဲ့ပဲ ကိုစလိုတစ်ယောက်အမှုပတ်ပါတော့တယ်သူ့ကိုဘိန်းခေါင်းဆောင်ကသူနေခဲ့တဲ့ထောင်ထဲပြန်ပို့ပြီးဘိန်းအရောင်းအဝယ်တွေလုပ်ခိုင်းလိုက်တယ်အဲဒါကိုFBIကလည်း မကူညီပဲထောင်ထဲထိသွားခိုင်းပြီးအဲဒါတွေဖြန့်ဖြူးတဲ့လူတွေကိုပါထပ်ရှာခိုင်းတော့တယ်တစ်ဖက်မှာလည်း NYPDဘက်ကသူတို့ရဲအသတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီးကိုစလိုနောက်ကိုလိုက်နေတဲ့အချိန်ဖြစ်နေတယ်ကိုစလိုတစ်ယောက်ထောင်ထဲပြန်ဝင်ခဲ့ရပြီးFBIခိုင်းသလိုလုပ်ပေးခဲ့ပေမယ့်FBIဘက်က ကတိပေးထါးတဲ့အတိုင်းကိုစလိုကိုထောင်ကပြန်ထုတ်မပေးတဲ့အခါကိုစလိုတစ်ယောက်ထောင်ထဲကလူမိုက်တွေရောNYPDဘက်ကလွှတ်တဲ့လူတွေရောတစ်ဖက်မှာလည်းမိန်းမနဲ့ကလေးကိုတွေ့ရဖို့ ထောင်ကနေထွက်ဖို့ရောဘယ်လိုတွေရင်ဆိုင်မလဲဆိုတာကိုကြည့်ရမယ့်တကယ့်ဇာတ်ကားကောင်းတစ်ကားပါIMDb6.5ရထားတဲ့အပြင် ဇာတ်ကားကလည်းတစ်ကားလုံးဇာတ်ရှိန်ကျမသွားတဲ့တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File Size : ( 1 GB , 391 MB )Quality :  WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

The Informer (2019)

The Hustle (2019) 5.4
The Hustle (2019) 2019 ထဲမကြာသေးမီကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ the Hustle ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် …Crime/Comedy ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီးတော့ မပြုံးဘဲဝါးလုံးကွဲ ရယ်ချင်သူများနဲ့ဂျိမ်းစ်ဘွန်းဆန်ဆန် စုံထောက်ဆန်ဆန် ရုပ်ရှင်ကားတွေကို နှစ်သက်သူတွေအတွက် ကြည့်ရမယ့်စာရင်းထဲ ထည့်ဖို့ဇာတ်ကားလေးပါ …ပန်နီ ရပ်စ်ဆိုတဲ့ ဝတုတ်တုတ်ကောင်မလေးဟာ အွန်လိုင်းမှာ ခပ်မိုက်မိုက်ကောင်မလေးတွေရဲ့ပုံတွေတင်ပြီးတော့အပြင်မှာ ဒိတ်ချင်တဲ့ ယောက်ျားတွေကို လိမ်စားနေတဲ့ ကြုံရာကျပန်း လူလိမ်မလေးတစ်ယောက်ပေါ့ …ဂျို့စ်ဖင်း ချက်စ်တာဖီးဒ် ဆိုတဲ့ ချောမောလှပတဲ့ အမျိုးသမီးကတော့ သန်းကြွယ်သူဌေးတွေကိုမှ ပစ်မှတ်ထားလေ့ရှိတဲ့နိုင်ငံတကာပတ်ပြီး အကွက်ချလိမ်လည်တတ်တဲ့ လူလိမ်အကြီးစားတစ်ယောက်ပေါ့တစ်နေ့တော့ ခပ်ဝဝ လူလိမ်မလေးတစ်ယောက်နဲ့ ခပ်လှလှ လူလိမ်မကြီးတစ်ယောက်တို့ဟာရထားတစ်စီးပေါ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြပါတော့တယ်…ရယ်မောရင်းရင်ခုန်ရမယ့် ဒီဇာတ်ကားလေးကို နာမည်ကြီးဟောလိဝုဒ် စတားတွေဖြစ်ကြတဲ့Anne Hathaway နဲ့ Rebel Wilson တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားတော်မူကြပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (750 MB) ...
movie

The Hustle (2019)

2019
Fantastic Beasts and Where to Find Them (2016) 7.3
Fantastic Beasts and Where to Find Them (2016) Fantastic Beasts and Where to Find Them (2016) IMDb - 7.3/10____Rotten - 74% Won 1 Oscar. Another 14 wins & 53 nominations.   ဒီဇာတ်လမ်းဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ မှော်လောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ဒါပေမယ် ဖြစ်ပျက်နေတဲ့ကာလဟာ ၁၉၂၆ ဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး အဲဘတ်စ် ဒန်ဘယ်လ်ဒိုးရဲ့လူငယ်ကာလဖြစ်ပါတယ်။ အဲဒီကာလရဲ့ နာမည်ကြီးမှော်နက်ဆရာကတော့ ဟယ်ရီစာအုပ်ထဲမှာ နာမည်ဖော်ပြခဲ့တဲ့ ဂရင်ဒီဝေါလ်ပါ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ကတော့ မှော်ပညာ နဲ့ မှော်သတ္တဗေဒ ပညာရှင်  နျု စကန်မန်ဒါပါ(ဟယ်ရီတို့ ကာလမှာ နျုရဲ့စာအုပ်တွေဟာ ကျောင်းအတွက် ပြဌာန်းစာအုပ်ဖြစ်လာခဲ့ပါတယ် ဟက်ဂရစ်လက်စွဲပေါ့)။ နျုဟာ လန်ဒန်ကနေ နယူးယောက်ကို မှော်သတ္တဝါဆန်းတွေ အပြည့်ပါတဲ့ လက်ဆွဲအိတ်တစ်လုံးနဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နယူးယောက်မှာ အဖြေရှာမရတဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန်အခေါ် ...
movie

Fantastic Beasts and Where to Find Them (2016)

2016