Channel Myanmar

Alwyn Uytingco

The Hows of Us (2018) 7.9
The Hows of Us (2018) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်... ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး... IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she's dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး.....ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် ! George က Primoကို မြင်တည်းက ကြည့်မရဘူး...ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်... မိသားစုက သူ့ကိုချစ်ကြတယ်...အဖွားဖြစ်သူက Primoကို အသည်းစွဲ...နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်... အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်...ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်... နေ့ရက်တိုင်းဟာ ပျော်စရာပဲ...ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်...သူတို့ ဝေးခဲ့ကြတယ်... အရာရာဟာ နေသားမကျခြင်းတွေနဲ့...အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်... Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့... ...
movie

The Hows of Us (2018)

2018
Doll House (2022) 8.2
Doll House (2022) Doll House (2022)~ IMDb - 8.2/10, Rotten Tomatoes - 100% ~2022 ထွက် Family Drama ဖိလစ်ပိုင်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မိဘနဲ့ သားသမီးကြား မေတ္တာကို ထပ်ဟပ်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး အပိုအလိုပြကွက်တွေမရှိဘဲ ရိုးရိုးလေးနဲ့ မျက်ရည်ဝဲအောင် ရင်ထဲထည့်သွားမယ့် ရုပ်ရှင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းအရဆိုရင်တော့... ရပ်စ်တင်ဟာ ရော့ခ်အင်ရိုး ဂီတသမားတစ်ယောက် ဖြစ်ပြီး ဂီတသမားပီပီ ဆေးလည်းသုံးလေ့ရှိသူတစ်ယောက်၊ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် သူဟာ လူလွတ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ယခင်က ရှီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပြီး ရပ်စ်တင်ရဲ့ အလေးအနက်မရှိမှုတို့ကြောင့် ပြတ်စဲသွားရတာပါ။ရပ်စ်တင်ရဲ့ တီးဝိုင်းအဖွဲ့သားတစ်ယောက် ဆေးလွန်သေဆုံးပြီးနောက်မှာ ရပ်စ်တင်ဟာ စိတ်ပြေလက်ပျောက်နဲ့ အတိတ်ဟောင်း‌လေးတွေရှိရာနေရာကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ မထင်မှတ်ဘဲ ယူမီဆိုတဲ့ ကလေးမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ယူမီကို ခင်တွယ်မိပါတော့တယ်။ ဒီလိုနဲ့ ...
movie

Doll House (2022)

2022