Channel Myanmar

Amala Akkineni

Tumse Na Ho Payega (2023) 7.6
Tumse Na Ho Payega (2023) Tumse Na Ho Payega 2023 (imdb 9.2/10)ငယ်ငယ်တုန်းက မိဘတွေက နင်ဒီလောက်ညံ့နေတာ အတန်းထဲက အဆင့်တစ်ချီးစားပါလားတို့ဘာတို့ဆိုပြီး အဆူခံရဖူးတဲ့ ပရိသတ်တွေရှိကြလားဆိုရှယ်မီဒီယာပေါ်မှာ ခရီးသွားလိုက် ဘားကလပ်သွားလိုက် အိုင်ဖုန်းကြီးဝယ်ကိုင်ပြလိုက်နဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး စိတ်ဓာတ်ကျဖူးလား အဲဒီလိုခံစားချက်မျိုးတွေရှိဖူးတယ်ဆိုရင် ဒီဇာတ်ကားလေးက ပရိသတ်တို့အတွက် ကိုယ့်ဘဝကိုယ်ရောင်ပြန်ဟပ်စေမဲ့ ပုံမှန်အလုပ်လေးလုပ် တခါတလေဘားသွား crush ကပြန်မကြိုက် ကိုယ့်ဘဝကြီးကိုစိတ်ကုန် စသဖြင့် ကိုယ့်အကြောင်းရိုက်ပြနေသလိုကို ခံစားစေရမှာပါအဲဒီလိုမျိုး မိဘကပေးတဲ့ ပရက်ရှာတွေ ပတ်ဝန်းကျင်ကပရက်ရှာတွေ ဆိုရှယ်မီဒီယာဘာညာစသဖြင့် ပရက်ရှာပေါင်းများစွာနဲ့ လူငယ်ခြေကျဘဝကို ပုံဖော်ပြထားတာမို့ စော်မရှိစာမလာ ဘူကောင် မန်ယူဖန်တွေကြည့်သင့်ကြောင်း ညွှန်းဆိုပေးပါရစေဇာတ်လမ်းအကျဉ်းလေးကတော့ အဓိကမင်းသားဂေါ်ရာဗ့်ဟာ သူ့ရဲ့နိစ္စဒူဝနေ့စဉ်ဘဝကြီးကိုစိတ်ကုန် သူ့ရဲ့ crush လေး ဒေဗစ်ကာကလည်း သူ့ဘဝရဲ့အမုန်းဆုံးကျောင်းသားဘဝထဲက ပြိုင်ဘက် အာဂျွန်နဲ့တွဲနေတော့ စိတ်ဓာတ်ကျပြီး အလုပ်မှာမပျော်တော့လို့ အလုပ်ထွက်လိုက်တာကနေ သူ့ဘဝကြီးက ပိုပဲအဆင်ပြေသွားမလားမိဘ ချစ်ရတဲ့သူ ပတ်ဝန်းကျင်စတဲ့ ပရက်ရှာတွေအောက်မှာ ဘယ်လိုအဆင်ပြေအောင် ရှေ့ဆက်မလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့တင်ဆက်ထားတာမို့ ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ် File size…2.13GB /  1.2GB Quality…1080p WEB DL ...
movie

Tumse Na Ho Payega (2023)

2023
Manam(2014) 8.0
Manam(2014) Manam(2014)*************ဘစ်တူဆိုတဲ့ကောင်လေးဟာ သူ့မွေးနေ့မှာတောင်တောင်းတဲ့ဆုက " အဖေနဲ့အမေ ဘယ်တော့မှ ရန်မဖြစ်ပါစေနဲ့ " တဲ့..လင်မယားရယ်လို့ ဖြစ်လာရယ် ကတောက်ကဆရှိကြတယ်ဆိုပေမဲ့မိဘပေးစားပြီး ယူခဲ့ကြတာဆိုတော့ အဖေနဲ့အမေဖြစ်သူဟာလိုအပ်တဲ့ပွင့်လင်းမှုတွေမရှိကြတော့ ချစ်ကြပေမဲ့မလိုအပ်ဘဲ စကားတွေခဏ ခဏများကြတယ်..ပြဿနာတစ်ခုကြောင့်ကားတိုက်မှုဖြစ်ပြီး အမေဆုံးသွားခဲ့တယ်..မကြာပါဘူး ဖခင်ဖြစ်သူလည်းဆုံးသွားခဲ့တော့ ဘစ်တူတစ်ယောက် လောကကြီးတစ်ယောက်တည်းပေါ့..ဒါပေမဲ့ အမေနဲ့အမေကို တစ်ရက်မှ မမေ့နိုင်ခဲ့ဘူး..သူဟာ မိခင်ရှိစဉ်ကဆန္ဒအတိုင်း အချမ်းသာဆုံးဖြစ်စေချင်တဲ့သူဌေးကြီးဖြစ်အောင်ကြိုးစားနိုင်ခဲ့တယ်..အခုဆိုရင် သူဟာ အထင်ကရ သူဌေးကြီးဖြစ်နေပြီ..ဒီလိုနဲ့ တစ်နေ့တော့လေယာဉ်စီးနေရင်း ဖခင်ဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ လူငယ်လေးတစ်ယောက်ကိုတွေ့ခဲ့ရတယ်..အဖေဖြစ်သူပြန်ဝင်စားတယ်လို့ ယုံကြည်သွားတဲ့အပြင်မိခင်ဖြစ်သူလည်း ဒီအချိန်လူပြန်ဝင်စားမှာပဲ ထပ်ဆင့်တွေးမိပြီးလူဝင်စား အဖေနဲ့အမေကို ရှာပုံတော်ဖွင့်ပါတော့တယ်..ရယ်လည်းရယ်ရသလို မိသားစုပြဿနာလေးတွေကိုဖြေရှင်းဖို့ ပြသထားတဲ့ကားကောင်းလေးဖြစ်တာမို့ ခံစားကြည့်ကြပါဦး... File Size :(3.32GB) (1.43 GB) and (438MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Manam(2014)

Kanam (2022) 8.5
Kanam (2022) Oke Oka Jeevitham 2022 8.4/10 IMDbဟုတ်ကဲ့ဒီတစ်ခါတော့ အိန္ဒိယသိပ္ပံဇာတ်ကားလေးတစ်ခုလာပါပြီနော်ကျွန်တော်တို့သာအချိန်ခရီးသွားနိုင်မယ်ဆိုရင် အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ လူတိုင်းအတိတ်ကိုပြန်သွားချင်မှာပါပဲ..ဒါကတော့အချိန်ခရီးသွားမယ့်ဇာတ်လမ်းလေးပေါ့နော်တစ်နေ့သိပ္ပံပညာရှင် ပေါလ်နဲ့မိုက်ကယ်တို့နှစ်ယောက် အချိန်ယန္တရားစက်ကိုစမ်းသပ်တီထွင်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး မိုက်ကယ်ဆုံးသွားခဲ့ရပါတယ်အာဒီ၊ ချေတူးနဲ့စီနူးတို့က ဘဝမှာအခက်အခဲကိုယ်စီနဲ့ရုန်းကန်နေရတဲ့ ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ပေါ့...အာဒီက ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် စတိတ်စင်ကိုကြောက်တတ်တယ်..ချေတူးကအချစ်ရေးကိစ္စအဆင်မပြေနေတဲ့သူစရီနူးကတော့ ငယ်စဥ်ကစာကောင်းကောင်းမလုပ်ခဲ့ရလို့နောင်တရနေတဲ့သူပေါ့တစ်နေ့စီနူးက အာဒီ ချေတူးတို့နဲ့အတူ ပေါလ်ကိုအိမ်လိုက်ပြရာမှ အာဒီကပေါလ်ရဲ့သေတ္တာတစ်လုံးကိုသတိပြုမိသွားပါတယ်.. သေတ္တာပေါ်ကရက်စွဲကလဲ သူ့အမေမဆုံးခင်ကရက်စွဲနဲ့ဆိုတော့ အံ့သြသွားခဲ့ရပါတယ်ဒီလိုနဲ့ပေါလ်ရဲ့အချိန်ယန္တရားစက်ကြီးနဲ့ သူတို့အားလုံးရဲ့ကိုယ်စီပြဿနာတွေကို အတိတ်ကိုသွားပြီးပြောင်းလဲကြတဲ့အခါဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ မျှော်တလင့်လင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…2.8GB / 1.24GB Quality…1080p True WEB DL HQ / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Taylor & BpL
movie

Kanam (2022)

2022
Hamari Adhuri Kahani (2015) 6.7
Hamari Adhuri Kahani (2015) Hamari Adhuri Kahani (2015)======================IMDb Rating - 6.7/10ဗာဆူဒါး..."ပန်းဥယျာဉ်တစ်ခုမှာ ကြွေကျနေတဲ့ပွင့်ချပ်တွေနဲ့သစ်ရွက်ခြောက်တွေမရှိရင်အဲ့ဒီပန်းဥယျာဉ်က အစစ်နဲ့မတူဘူး""စန္ဒာလမင်းမှာတောင် ချိုင့်ခွက်လေးတွေရှိတယ်" အာရဗ်... "မင်းရဲ့နာကျင်မှုကို အလဲအလှယ်လုပ်တဲ့အနေနဲ့လောကကြီးက ပျော်ရွှင်မှုတွေအားလုံး ငါမင်းကိုပေးချင်တယ်" ဟရီ... "ဒီခန္ဓာကိုယ်ကို ငါပိုင်တယ်""ဒီအသက်ရှူသံတွေကို ငါပိုင်တယ်"−−−−−−−−−−−−−−−−−−−−−−−−−−−−−−အိန္ဒိယလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရိုးရာဓလေ့ဆို တသွေမသိမ်းလိုက်နာပြီး မိဘစကားဆို မြေ၀ယ်မကျနားထောင်တတ်တဲ့မိန်းမ‌ပျိုလေးတွေဟာ အိမ်ထောင်ရက်သားကျချိန်မှာလဲ . လင်ယောကျာ်းကိုဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေဘုရားလိုကိုးကွယ်တက်လာကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို သိမ်မွေတဲ့ မိန်းမပျိုလေးတွေရဲ့ အနာဂတ်ဟာ လင်ယောကျာ်းအပေါ်သာ မှီခိုနေတာပဲဖြစ်ပြီး လင်ယောကျာ်းက  လင်၀တ္တရားကြေပွန်မှု မရှိတဲ့အခါ သူတို့ရဲ့ ရှေ့ရေးဟာ ရင်လေးစရာဖြစ်လာတာပေါ့။ဒီဇာတ်လမ်းလေးက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ အရှက်အကြောက်တရားနဲ့ ချစ်ခြင်းမေတ္တာတို့ လွန်ဆွဲရင်း ဖြစ်ပေါ်လာတဲ့အကျိုးဆက်လေးတွေကို အနုပညာဆန်ဆန် တင်ဆက်ပေးထားတာပါ....ဒီဇာတ်လမ်းရဲ့ သဘောလေးကိုက မိန်းကလေးတွေအဖို့ပညာယူစရာအတော်များသလို တချိန်မှာအိမ်ထောင်ဦးစီးဖြစ်လာမယ့် ယောက်ျားသားတို့အနေနဲ့လဲ ပညာရစေမှာမို့ CM မှ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို သူရ နှင့် YK KY တို့မှရေးသားပေးပြီး။ ...
movie

Hamari Adhuri Kahani (2015)

2015
Karwaan (2018) 7.9
Karwaan (2018) Bollywood ပရိသတ်တွေအတွက် မင်းသားကြီး အစ်ဖန်းခန်း(မ်)ရဲ့ ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်IMDb 8/10 နှင့် Rotten 71%ထိရရှိထားပြီး အမှန်အကန် ဟာသ, ဒရာမာ ဇာတ်လမ်းကောင်း တစ်ပုဒ်လည်းဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ...အဗီနက်(ရှ်) ========= လောကမှာ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျတယ်ဆိုတာ အင်မတန်ပြီးပြည့်ဆုံတဲ့ တောင်းဆုတစ်ခုမဟုတ်လားဒါပေမဲ့ ကံကြမ္မာမျက်နှာသာမပေးတဲ့အခါတွေမှာ ကိုယ့်ဆန္ဒတွေ ဝါသနာတွေကို ဘေးချထားပြီး ပျော်ရာမနေ တော်ရာမှာနေရတဲ့သူတွေ ဒုနဲ့ဒေးပါဝါသနာပါရာကိုလျှောက်လှမ်းခွင့်မပြုခဲ့တဲ့အဖေကြောင့်စိတ်မပါတဲ့အလုပ်တစ်ကိုလုပ်လူသာရှင်ပြီး ဘဝသေဆုံးသူတစ်ယောက် မျက်နှာအပျော်အပြုံးဆိုတာ မမြင်ရသလောက်ပဲတနေ့အလုပ်ကအပြန်မှာ ဖုန်းတစ်ခုဝင်လာခဲ့တယ်သူ့အဖေ ဘုရားဖူးသွားရင်း ယာဉ်မတော်တဆမှုကြောင့် ဆုံးသွားပြီတဲ့အလောင်းကို နီးစပ်ရာလေယာဉ်ကွင်းကာဂိုမှာ သွားထုတ်လိုက်ပါဆိုပြီး လှမ်းပြောခဲ့တယ် ...-----------------------------------------------------------------------------ရှောကတ် ======= ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူ အဗီနက်(ရှ်)ရဲ့ သူငယ်ချင်းသူ့အဖေသတင်းကို ရှောကတ်ကိုပြောပြပြီး ဗန်ကားလာဌားတဲ့ အဗီနက်(ရှ်)ကို မင်းအဖေက ငါ့အဖေပါပဲဆိုပြီး ကိုယ်တိုင် အလောင်းသယ်ဖို့ နှစ်ယောက်သား သွားခဲ့ကြတယ်------------------------------------------------------------------------------အဲဒီမှာပြဿနာတစ်ခုတက်တော့တာပဲအလောင်းသွားထုတ်တဲ့အချိန်မှာ အဗီနက်(ရှ်)အဖေရဲ့ အလောင်းမဟုတ်ဘဲ အမျိုးသမီးအလောင်းကြီး တစ်ခုဖြစ်နေတယ်အဗီနက်(ရှ်)အဖေရဲ့အလောင်းကမှားပြီး ကိုချီကိုရောက်သွားပြီး ကိုချီကအဖွားကြီးတစ်ယောက် အလောင်းက သူ့ဆီရောက်လာတယ်မှားသွားတဲ့အလောင်းအတွက် အလောင်းလဲလှယ်ရေးလုပ်ဖို့ အဗီနက်(ရှ်)နဲ့ ...
movie

Karwaan (2018)

2018
Listen…Amaya (2013) 6.9
Listen…Amaya (2013)   2013 ခုနှစ်ကထွက်ရှိထားတဲ့ ဘောလိဝု မိသားစုကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကားလေးနာမည်က Listen Amaya(2013)တဲ့။IMDb rating 6.9 ရထားပြီးတော့ ဒရာမာ ဇာတ်ကားလေးတွေ ကိုကြိုက်နှစ်သက်သူတွေအကြိုက်တွေ့မယ့်ကားလေးပါ  ဒီကားလေးထဲမှာတော့ ဘ၀မှာ ကြုံတွေ့ရမယ့် လောကဓံတွေအကွေ့အပြောင်းတွေကို မြူးမြူးကြွကြွလေးနဲ့ တင်ဆက်ပေးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့၂၂နှစ်အရွယ် လွတ်လပ်တက်ကြွတဲ့ကောင်မလေးAmayaရယ်သူမရဲ့ အမေမုဆိုးမLeelaတို့ဟာ အေးအေးချမ်းချမ်း ကော်ဖီဆိုင်လေးဖွင့်ကာဘဝကိုဖြတ်သန်းနေတဲ့သားအမိနှစ်ယောက်ပါ။တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြတဲ့ဒီသံယောဇဉ်အဝန်းအဝိုင်းလေးထဲကို တစ်နေ့တော့ Jayant Sinhaဆိုတဲ့အငြိမ်းစားဓာတ်ပုံဆရာတစ်ယောက်ဝင်လာခဲ့ပါတယ်။အဲ့ဒီကနေ ဇာတ်လမ်းအလှည့်အပြောင်းတွေဘယ်လိုဖြစ်တယ် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားစရာပါ။အိန္ဒိယရုပ်ရှင်ဝေဖန်ရေးသမားတွေကတောလ ဒီကားလေးဟာချစ်ခြင်းမေတ္တာတရားအကြောင်း ၊ အဓိကနဲ့ သာမညတွေအကြောင်းကိုရွှင်ရွှင်မြူးမြူး ခေတ်မှီမှီအမြင်နဲ့ ပြသထားတဲ့ကားကောင်းလေးလို့ဆိုပါတယ်။ဟုတ်မဟုတ်ကိုတော့ ဒီကားလေးထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။Qty - 720p DVD ripDuration - 1hr 48minGern - DramaSubtitle - MyanmarEncoder - Kyaw Ye Aung
movie

Listen…Amaya (2013)

2013