Channel Myanmar

Amanda Brugel

Suicide Squad (2016) 6.0
Suicide Squad (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Suicide Squad (2016)

2016
4K HEVC
Becky(2020) 6.7
Becky(2020) Becky(2020) အညွှန်း****************နှစ်ရှည်ထောင်ကျနေတဲ့ အစွန်းရောက်လူမိုက်ကြီး (၄)ယောက်ရှိတယ်..ဒီလူတွေက လူသတ်ဖို့ဝန်မလေးသလိုအတွေ့အကြုံပေါင်းများစွာရှိနေတဲ့သူတွေ..တစ်နေတော့သူတို့ကို ထောင်ပြောင်းဖို့ ကြိုးစားချိန်မှာ လုံခြုံရေးတွေကိုသတ်ဖြတ်ပြီး လွတ်မြောက်သွားတယ်..သူတို့(၄)ယောက်ဟာ ထောင်က ထွက်လာပြီးတဲ့နော်ရည်ရွယ်ကြီးတစ်ခုလုပ်ဖို့ရှိတယ်..အဲ့ဒါက တောအုပ်တစ်ခုထဲက အိမ်မှာအရေးပါတဲ့သော့တစ်ချောင်းကိုထောင်မကျခင်က ဝှက်တဲ့ဟာဟာကိုသွားယူဖို့ပါပဲ..ဒီအိမ်မှာလက်ရှိ မိသားစုတစ်စုနေထိုင်ပြီးအဲ့ဒီထဲမှာ ဘက်ကီဆိုတဲ့ချာတိတ်အရွယ်ကောင်မလေးလည်းရှိတယ်..လူကြမ်းကြီး(၄)ယောက်နဲ့ ဒီမိသားစုနဲ့ တွေ့ဆုံချိန် ဘက်ကီလေးတစ်ယောက်ပဲသူ့မိသားစုကိုကယ်ဖို့အခွင့်အရေးရှိလာတဲ့အခါမှာတော့...File Size :( 1.6GB)(623MB) Quality : BLU-RAY.1080P, 720p Format…mp4 Duration…01:33:00 Genre : Action, Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae 
movie

Becky(2020)

Infinity Pool (2023) 6.7
Infinity Pool (2023) ဂျိမ်းစ်နဲ့ ဂက်ဘီတို့ လင်မယားဟာ စာရေးဆရာ ဂျိမ်းစ် .. သူ့ရဲ့နောက်ထွက်မယ့် စာအုပ်အတွက် ပြည်ပနိုင်ငံကကျွန်းတစ်ကျွန်းကို အလည်အပတ် ထွက်လာခဲ့ကြတယ်အဲဒီမှာ ဂျိမ်းစ်တစ်ယောက် သူ့ရဲ့ စာဖတ်ပရိသတ်လင်မယား နှစ်ယောက်နဲ့ဆုံမိခဲ့ရာကညစာတွေအတူစားရင်း ခင်မင်သွားတယ်..တစ်ခုရှိတာက သူတို့သွားတဲ့ နိုင်ငံဟာ တိုးတက်မှုမရှိ ယဉ်ကျေးမှု မရှိတဲ့နေရာဖြစ်လို့ ရာဇဝတ်မှုတွေ မကြာခဏဆိုသလို ဖြစ်သလို ..ခရီးသည်သဘောမကျတဲ့ နယ်ခံတွေကခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့ အရပ်ဒေသလည်းဖြစ်တယ် ...ဒါကို မဆင်မခြင်နဲ့ စုံတွဲနှစ်တွဲ ကားတစ်စီးငှားသောက်စားမူးရူးပြီး အပြန်လမ်းမှာနယ်ခံတစ်ယောက်ကို ကားနဲ့တိုက်ပြီးပြေးတယ် ...ဒါပေမဲ့ ဟိုလင်မယား ချောက်ချမှုကြောင့်စာရေးဆရာလင်မယား ဒုက္ခလှလှတွေ့သွားတယ်နိုင်ငံရဲ့ ဥပဒေအရ .. လူသတ်မှုကျူးလွန်ရင် တရားခံကိုသေတဲ့သူရဲ့ သားဖြစ်သူက သတ်ခွင့်ရှိပြီး သားမရှိရင် နိုင်ငံတော်က ကွပ်မျက်ပေးတယ် ..ဒီတော့ လူပေါင်းမှားတဲ့ ဂျိမ်းတစ်ယောက် ကူညီရာမဲ့ဖြစ်နေချိန်မှာသရက်ရှ်ဆိုတဲ့ စုံထောက်ဟာ ကမ်းလှမ်းချက်တစ်ခု လုပ်လာတယ် ..ဒါကတော့ သူတို့မှာသာ ငွေအလုံအလောက်ရှိရင်သူတို့ သေတာကို သူတို့ကိုယ်တိုင် ပြန်ကြည့်ခွင့်ရှိမယ်ဆိုတဲ့ စကားပါ ...
movie

Infinity Pool (2023)

2023
4K HEVC
Ashgrove(2022) 5.3
Ashgrove(2022) ဒီကားက ၁နာရီခွဲသာကြာပြီး ဇာတ်လမ်းအစမှာတင် ကမ္ဘာတစ်ခုလုံးကရေတွေက အဆိပ်တောက်ဖြစ်ပြီး လူတွေကိုသတ်နေခဲ့တာကြောင့်လူတွေကရေကိုအောင်စတွေနဲ့ တစ်နေ့ကိုဘယ်လောက်ဆိုပြီးတိုင်းတာပြီးသောက်သုံးနေကြရတယ် အဲ့တာကိုဖြေရှင်းဖို့ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တွေကကြိုးစားနေပြီး အထူးသဖြင့်အဖြေနဲ့အနီးကပ်ဆုံးလို့ထင်ရတဲ့Dr.Ashgrove, Jenniferအနေနဲ့Amanda Brugelကသရုပ်ဆောင်ထားပါတယ် သူ့ခင်ပွန်းအနေနဲ့ကတော့Jasonအဖြစ်နဲ့Jonas Charnickပေါ့ လူသားတွေကိုကယ်တင်ရမယ့်တာဝန်တွေပိနေတဲ့မိန်းမတစ်ယောက်က အလုပ်မှာပဲတာဝန်ပိနေခဲ့ပြီးအိမ်ထောင်ရေးဘက်ကိုလည်းဂရုမစိုက်နိုင်ဖြစ်ပြီး အတိတ်မေ့ရောဂါစတင်ခံစားလာခဲ့ရတာပေါ့ အဲ့ကနေမှအလုပ်ကခနအနားယူတာကနေ အိမ်ထောင်ရေးပဋိပက္ခတွေကို သဘာဝဆန်ဆန်ရိုက်ကူးထားပါတယ် ဇာတ်လမ်းကကြည့်ရှုသူတွေကို၁နာရီအစောပိုင်းမှာအနည်းငယ်ပျင်းနေစေလိမ့်မယ် ဒါပေမဲ့ နောက်မှတစ်ကယ့်big twistတစ်ခုပေါ်လာပြီး ဪဆိုပြီးဖြစ်သွားစေမယ့်ဇာတ်ကားတစ်ကားပါ အဲ့တော့ဒီဇာတ်လမ်းမှာ လူသားမျိုးနွယ်တစ်ခုလုံးအတွက်မဖြစ်မနေလိုအပ်တဲ့ရေကပ်ရောဂါကိုဘယ်လိုဖြေရှင်းဖို့နည်းလမ်းတွေ့မလဲနဲ့ Jasonနဲ့Jenniferတို့ရဲ့သဘာဝကျလွန်းတဲ့သရုပ်ဆောင်ချက်တွေကကြည့်ရှုသူကိုဆွဲခေါ်သွားမှာတော့အမှန်ပါပဲ IMDB 5.9/10ရထားပြီး ခရမ်းချဉ္သီးRatingကတော့89%ရထားတဲ့ဇာတ်ကားကောင်းတစ်ကားမို့ကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာFile size…(1.18GB)  / (`631MB) / (299MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Htet Aung
movie

Ashgrove(2022)

Kodachrome(2018) 6.3
Kodachrome(2018) ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် April လ ၂၀ ရက်နေ့ကNetflix ရုပ်သံလိုင်းက ပြသထားတဲ့ Dramaကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းနာမည်ကတော့ Kodacrome(2017)ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ကင်ဆာနောက်ဆုံးအဆင့်ခံစားနေရတဲ့ ဖခင်အတွက် Matt တစ်ယောက် စိုးရိမ်သောကရောက်နေရသူပါ။ဓာတ်ပုံဆရာဟောင်းတစ်ဦးတစ်ဖြစ်လဲ ဖခင်ကြီးရဲ့ နောက်ဆုံးဆန္ဒကတော့ခေတ်ဟောင်းဓာတ်ပုံစတူဒီယိုတွေမပိတ်လိုက်ခင်နယူးယောက်နဲ့ ကန်းဆက်ကိုသွားပြီးခရီးတစ်လျောက် kodachrome filmတစ်ခုရိုက်သွားချင်တာပါ။ဒီဆန္ဒကို Mattတစ်ယောက်ဘယ်လိုဖြည့်ဆည်းမလဲ။ခရီးသွားရင်း ဘာတွေတွေ့ကြုံလာရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ရှူစားဖို့ဖိတ်ခေါ်ပါတယ်။Imdb Rating6.8နဲ့ Rotten Tomatoes 75%ရရှိထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Qty - 720p  Web-RipGern - DramaDuration - 1hr 40minTranslator - Serious YNWAReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Kodachrome(2018)

2017
Splice(2009) 5.8
Splice(2009) အလ်ဆာနဲ့ကလိုက်ဗ်လို့ခေါ်တဲ့ ဇီဝဗေဒသိပ္ပံပညာရှင်၂ယောက်ရောဂါကာကွယ်တိုက်ဖျက်ရန်မျိုးဗီဇတွေပေါင်းစပ်ကာမျိုးစိတ်သစ်တစ်ခုကိုတီထွင်လိုက်ပါတယ်။ ထိုပရောဂျက်ကိုကုမ္ပဏီကထောက်ပံ့ပေးဖို့အခက်အခဲတွေရှိလာတဲ့အခါမှာတော့အလ်ဆာနဲ့ဖရက်တို့ဟာ ထိုမျိုးစိတ်သစ်မှာ လူသားမျိုးဗီဇကိုပါထည့်ပြီးသန္ဓေသားလောင်းတစ်ခုဖမ်းတီးဖို့ကြိုးပမ်းပါတော့တယ်။ထိုသို့ဖန်တီးရင်း ထူးခြားဆန်းပြားတဲ့မျိုးစိတ်တစ်မျိုးဟာကြီးထွားနှုန်းလျှင်မြန်စွာနဲ့အရွယ်ရောက်လာပါတော့တယ်။ထိုမျိုးဗီဇပေါင်းစပ်ဖန်တီးထားတဲ့သတ္တဝါလေးဟာသိပ္ပံပညာရှင်တွေဖြစ်တဲ့ ကလိုက်ဗ်နဲ့အလ်ဆာတို့ကို အကျိုးပြုမလားဒုက္ခပေးမလားဆိုတာကို ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်ကြပါဘာသာပြန်နဲ့ အညွန်းကတော့ ရဲမာန်အောင်ပါ Qty - Blu ray 720pDuration - 1hr 47minSubtitle - Myanmar HardsubFormat - Mp4 (×264)Gern - Horror/ Sci- fiTranslator - Ye Mann AungEncoder - Kyaw Ye Aung
movie

Splice(2009)

2009