Channel Myanmar

Amitabh Bachchan

Badla (2019) 8.3
Badla (2019) Badla -2019 ဆိုတဲ့ ရုပ်ရှင်ကားဟာဘောလိဝုဒ်ပရိသတ်တွေကြား တော်တော်လေး လူသိများတယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။ "မအိုသေး" ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ ပြောစကားလိုအသက်ကြီးနေပြီဖြစ်ပေမဲ့ဒီနေ့ထိ မြင်တွေ့နေရတုန်း အမီတာဘချန်းနဲ့Mulk-2018 ရဲ့ မင်းသမီး Tapsee Pannu တို့ နှစ်ယောက်ကို အဓိက မြင်တွေ့ရမှာပါ။-------------------------------------------------------- "ဇာတ်လမ်းအကျဉ်း" တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။ အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ"သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ ဒါပေမဲ့...ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ထောင်ချောက်တစ်ခုပဲ ဆိုတာ အာဂျွန်းသိနေတော့ ...
8.3
IMDB: 8.3/10 5,964 votes
movie

Badla (2019)

2019
NF WEB-DL 1080p/720p
Thugs of Hindostan (2018) 3.5
Thugs of Hindostan (2018) မကြာသေးမှီကမှ ရုံတင်ခဲ့တဲ့ အာမင်ခန်း နှင့် အမီတာဘာချမ်း တို့ ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားတဲ့ Thugs Of  Hindostan ကို CM Fan တွေ အတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ် ဇတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေက ကျွန်အရောင်းအ၀ယ် ကုန်သွယ်မှုတွေ အပြင် တစ်ဖြေးဖြေး စီးနင်းလာတဲ့အခါ မျိုးချစ်စိတ် ရှိတဲ့ ဘုရင့်အမျိုးအနွယ်တွေက ပုန်ကန်ဖို့ လုပ်ကြပါတယ် ဒါပေမဲ့ အရမ်းလည်လွန်းတဲ့ လူဖြူ အရာရှိ ကလိုက်ဖ် က အတော်များများကို သတ်ပစ်ခဲ့ပါတယ်... အဲ့ဒီထဲကမှ ဘုရင်ကြီး တစ်ပါးရဲ့ သမီးဖြစ်သူ ဇာဖီရာ ဟာ လူယုံတော်ကြီး အာဇတ် နဲ့ အတူ လွတ်မြောက်သွားခဲ့ပါတယ်.. နှစ်ပေါင်းအတော်ကြာတဲ့ အခါ ပင်လယ်ဓါးမြကြီး ပုန်ကန်သူ အာဇတ် နဲ့ အဖွဲ့ဖြစ်ပေါ်လာပြီး အင်္ဂလိပ်အစိုးရကို သွေးလန့်စေခဲ့ပါတော့တယ်... အင်္ဂလိပ်အစိုးရကလဲ သူတို့ အချုပ်အခြာ အာဏာ တည်မြဲရေးအတွက် အာဇတ် ကို ဖမ်းမိရဖို့အတွက် အတော်ဆုံးလူ လိုက်ရှာတဲ့အခါမှာတော့ ပိုက်ဆံကလွဲပြီး ဘာမှ မသိ ပိုက်ဆံသာ ဘုရားသခင် လို့ ...
3.5
IMDB: 3.5/10 10,809 votes
movie

Thugs of Hindostan (2018)

2018
Web-DL 1080P
The Great Gatsby (2013) 7.3
The Great Gatsby (2013) 2013 မှာထွက်တဲ့ကားတစ်ကားဖြစ်ပြီး သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်စတားတွေကတော့ အများသိကြတဲ့   Leonardo DiCaprio , အားလုံးရဲ့အချစ်တော် Spiderman မင်းသား Tobey Magurie ဘောလိဝုဒ် မင်းသားကြီး   အမီတာ ဘာ့ချန်း တို့အပြင် Carey Mulligan , Joel Edgerton , Elizabeth Debicki , Isla Fisher , Jason Clarke စသဖြင့်များစွာသရုပ်ဆောင်ထားပါတယ်…   ဇာတ်လမ်းကြာချိန်က ပက်ပက်စက်စက်ကြွေ လို ၂နာရီခွဲ ၃ နာရီကြာမှာဖြစ်တဲ့အတွက် သေချာအချိန်ယူပြီးကြည့်စေချင်ပါတယ်   IMDb rating က ၇.၃ တောင်ရထားတာပါ …   ဇာတ်လမ်းလေးကတော့ ခေတ်စကား နဲ့ ဆို အချစ်တွက် မိုက်တဲ့ ကောင်ဆိုးလေး လို့ ပြောလို့ရမယ်...မြန်မာပေါကားတွေမှာဆို မင်းသမီးကို လက်ထပ်ချင်တဲ့ စောင်တောသား လေးကမြို့တက် ပိုက်ဆံရှာတဲ့ အကွက်ပဲ... ဒီမှာတော့ နည်းနည်းထူးခြားတယ်...မင်းသမီးလေးက စောင့်ပါတယ်... ကောင်ဆိုးလေး မလာတော့ သူလက်ထပ်လိုက်တယ်ကောင်ဆိုးလေးက တော့ ...
7.3
IMDB: 7.3/10 418,848 votes
movie

The Great Gatsby (2013)

2013
Jodhaa Akbar(2008) 7.6
Jodhaa Akbar(2008) Jodhaa Akbar(2008) IMDb.....7.6,,,,,Rotten....79% ((( ပြသချိန် ၃ နာရီ ၃၀ မိနစ် ကြာမြင့်ပြီး 1080p,720pတို့ဖြင့် အကောင်းမွန်ဆုံးတင်ဆက်ပေးထားပါသည်.....))) ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယပြည့်ရဲ့ ဆယ့်ခြောက်ရာစုသမိုင်းနောက်ခံ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လက်ရှိ အိန္ဒိယလို့ခေါ်တဲ့နေရာကို အုပ်စိုးခဲ့ပြီး မဂိုအင်ပါယာကို စတင်ထူထောင်သူလို့ ယူဆကြတဲ့ ကြီးကျယ်တဲ့ မဂို ဧကရာဇ် Akbarနဲ့ အမက်ဘုရင်ရဲ့သမီးတော် ငယ်ရွယ်သွက်လက်တဲ့ မင်းသမီးလေးတစ်ယောက်တို့အကြောင်းကို အဓိကအခြေခံရိုက်ကူးထားတဲ့  Action, Drama, History ဇာတ်ကားဖြစ်ပါတယ်.... ဟိန္ဒူဖြစ်တဲ အမက်ဘုရင်ဟာ သူ့ရဲ့ ထီးနန်းကို ထိပါးလာမဲ့ နန်းတော်တွင်း ပြဿနာနဲ့ သူ့နိုင်ငံကိုတိုက်တော့မဲ့ မဂိုဧကရာဇ်ကြောင့် သူ့ သမီးတော် ဂျိုဓ ကို မွတ်စလင် ဧကရာဇ်Akbarနဲ့ ထိမ်းမြှားစေခဲ့ပါတယ်။ Akbarဟာလည်း ဒီလက်ထပ်မှုက ခိုင်မာတဲ့ မဟာမိတ်တစ်ခု ငြိမ်းချမ်းရေးတစ်ခုကို ဖြစ်စေမယ်လို့ ယူဆပြီး လက်ခံခဲ့ပါတယ်။ ဟိန္ဒူ မွတ်စလင် ဇာတ်ဘာသာ အကွဲတွေကြောင့် အစပိုင်းမှာ ဂျိုဓဟာ အခြေအနေ မဟန်ရင် အဆိပ်သုံးဖို့အထိအမျိုးမျိုး ပြင်ဆင်ခဲ့ပေမဲ့ မွတ်စလင်ဘုရင် အက်ဘာဟာ သူထင်သလို မဟုတ်ခဲ့ပဲ သူ့တောင်းတဲ့ သူ့ဘာသာကိုမပြောင်းနိုင်ကြောင်းနဲ့ သူယုံကြည်ရာဘာသာရဲ့ ဘုရားကျောင်းဆောက်ပေးဖို့တွေ တောင်းဆိုခဲ့ပေမဲ့ မွတ်စလင် ဘုရင်ဟာ လက်ခံခဲ့ပါတယ်။ အချိန်တွေကြာပြီးတဲ့နောက် သူတို့တစ်ယောက်ကို တစ်ယောက် မြတ်နိုးလာကြပေမဲ့ မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခု မတူညီတဲ့ဘာသာနှစ်ခုရဲ့ အကျိုးဆက်အကြောင်းတရားတွေကြောင့် မဖြောင့်ဖြူးတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်လိုတွေကြုံရဦးမလဲဆိုတာ အသင့်အတင့်မှန်တဲ့ သမိုင်းနဲ့ ကြည့်မြင်ခံစားကြရမှာပါ။ ကြာမြင့်ချိန်သုံးနာရီခွဲအတွင်းမှာ သမိုင်းရဲ့ ဖြစ်နေကြ ပြဿနာတွေဖြစ်တဲ့ စစ်ပွဲ .ဘာသာရေးပြဿနာ..ထီးနန်းကိစ္စတွေကို ဧကရာဇ်နဲ့ မင်းသမီးလေးရဲ့ အချစ်ဇာတ်လမ်းကလေးနဲ့ တခမ်းတနားတင်ပြထားတဲ့ ...
7.6
IMDB: 7.6/10 25,832 votes
movie

Jodhaa Akbar(2008)

2008
Black (2005) 8.2
Black (2005) BLACK (2005) IMDB. 8.2/10 Rotten Tomatoes. 67 % Drama မင်းသားကြီး အမီတာဘဂျမ်း ပါဝင်​သရုပ်​​ဆောင်​ထားတဲ့BLACK ကားဟာဆိုရင်​ ညီမတို့​တွေ ဆယ်​တန်းတုန်းက သင်​ခဲ့ရတဲ့Hellen Keller ရဲ့ ဇာတ်​လမ်းကို ပြန်​လည်​စိတ်​ကူးယဉ်​ပြီး ရိုက်​ကူးထားခြင်းဖြစ်​ပါတယ်​ ဒီဇာတ်​လမ်းဟာ 2005 အိန္ဒိယနိုင်​ငံ ရုပ်​ရှင်​​လောကမှာ ဒုတိယဝင်​​ငွေအ​ကောင်းဆုံးကားတစ်​ကားအဖြစ်​ ရပ်​တည်​ခဲ့ပြီး2006 ရုပ်​ရှင်​ပွဲ​တော်​မှာလည်း အ​ကောင်းဆုံး အမျိုးသား အမျိုးသမီး ဇာတ်​​ဆောင်​ဆု၊ ဇာတ်​ပို့ဆုနဲ့ အ​ကောင်းဆုံးရုပ်​ရှင်​ဆု​တွေကိုလည်း ရရှိခဲ့တယ်​ နိုင်​ငံတကာထိပါ ဆု​တွေရပြီး ​အောင်​မြင်​မှု​တွေရခဲ့​တဲ့ ဇာတ်​လမ်း​ကောင်းတစ်​ပုဒ်​ပါပဲ ထူးခြားချက်​က​တော့ ပုံမှန်​ Bollywood ကား​တွေလို သီချင်းဆိုပြီး ကတဲ့အခန်း​တွေ မပါတာပါ မက်​ဂ်​နယ်​လီ မိသားစုရဲ့ သမီးအကြီးဆုံး​လေး မီရှဲလ်လေး (Rani Mukerj) လူမမယ်​အရွယ်​​လေးမှာအပြင်းအထန်​ဖျားနာပြီး အကြားအာရုံ​ဆုံးရှုံးပြီးမျက်​စိကွယ်​သွားခဲ့ပါတယ်​ မီရှဲလ်​ရဲ့ ဘဝဟာ ဘယ်​အရာကိုမှ မမြင်​ဖူးမကြားဖူးပဲဘာသံမှမကြားရတဲ့အ​မှောင်​ထုကြီးထဲမှာ အဓိပ္ပါယ်​မဲ့ အသက်​ရှုင်​​နေရတဲ့ဘဝ မိဘ​တွေကလည်း ဒီလို Deaf-Blind က​လေးတစ်​​ယောက်​ကို ဘယ်​လိုပြုစုရမယ်​ဆိုတာ မသိပဲ မီရှဲလ်​ကို ရူး​နေတယ်​ထင်​ပြီးစိတ်​ကျန်းမာ​ရေး​ဆေးရုံကို ပို့ဖို့​တောင်​ ...
8.2
IMDB: 8.2/10 29,139 votes
movie

Black (2005)

2005
Blu-Ray 720p
Nishabd (2007) 5.5
Nishabd (2007) MDb rating : : 5.5 ဒီတစ်ခေါက်တော့. . .CM ပရိတ်သတ်ကြီးအတွက် အမီတာဘဂျမ်းရဲ့ ဒရမ်မာ ကားကောင်း​ကောင်း​လေး တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ . . . ဒီကားကအသက်ခြောက်ဆယ်အရွယ်လူအိုကြီးတစ်ယောက်နဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်ကြားက ပက်သက်ဆက်နွယ်မှုကို လှလှပပနဲ့ ရိုက်ကူးပြထားတာပါ Old But Gold ဇာတ်ကား တစ်ကားဖြစ်တာမို့ . . .ဇာတ်လမ်းအညွှန်းအစားဒီကားကြည့်ပြီး ခံစားမိတာလေးကို ရေးပေးလိုက်ပါရစေ. . . တစ်ခါတစ်လေကျတော့ အချစ်ဆိုတာ ဆန်းကြယ်သားနော်. . . အသက် အရွယ်တစ်ခုရလာတဲ့လူတစ်ယောက်က အပျော်တွေနောက်ကို(ဝါ) ပျော်ရွှင်မှုနောက်ကို မလိုက်နိုင်တော့ဘူး. . . အနှောင်အဖွဲ့တွေ. . .နိစ္စဓူဝအလုပ်တွေ. . .ဗာဟီရတွေ. . .စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတာတွေ ကြားမှာကိုယ့်ရဲ့ ပျိုမြစ်နုနယ်မှုတွေ ပေးဆပ်လိုက်ရတယ်ဆိုတာ သတိထားမိလာတဲ့ တစ်နေ့. . . ဟိုးအရင်လို ကိုယ်ပြန်မငယ်နိုင်တော့ဘူးဆိုတာ တစ်ထစ်ချ လက်ခံလိုက်တဲ့အချိန်ဟာ. ...
5.5
IMDB: 5.5/10 1,330 votes
movie

Nishabd (2007)

2007
Wazir 7.2
Wazir IMDb rating 7.2 ရရှိထားပြီး နာမည်ကြီး မင်းသားကြီး အမီတာဘချမ်း ပါ0င်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖိုမှုခင်းကားတကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်အတွက် top hit movie လို့တောင်ပြောကြတဲ့ အထိအောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ ဇာတ်လမ်းလေးမတူညီတဲ့ လူ၂ယောက်ရဲ့ စရိုက်ကို ရိုက်ကူးပြထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အကြမ်းဖက်တိုက်ဖျက်ရေး နှိမ်နင်းရေးအရာရှိ ဒန်းနစ်ရှ်ဟာ သူ့ဇနီးနဲ့ သာယာတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပြီး တနေ့မှာ သူ့သမီးဖြစ်သူနဲ့ ကားမောင်းပြီး အပြန်လမ်းမှာ သူအရင်ကဖမ်းဆီးခဲ့ဖူးတဲ့ အကြမ်းဖက်ခေါင်းဆောင်က ပြန်လည်လက်စားချေရာမှ သမီးဖြစ်သူ နောရစ်ဟာ သေဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့ သူဟာ အဖမ်းစီးခံထားရစဉ်မှာ သူ့ဆရာ အမီတာဘချမ်း (ချက် ချန်ပီယံကြီးက ) သင်ကြားပေးခဲ့တဲ့ တွေးခေါ်စဉ်းစားနည်းတွေနဲ့ ဘယ်လိုကြံဆ မလဲ သူ့ဇနီး ကကော အကြမ်းဖက်သမားရဲ့ သတ်ဖြတ်လုပ်ကြံမှုကိုခံရမလား သူ့နဲ့ သူ့ဇနီးတို့ကော ပြန်လည် ပေါင်းစည်းနိုင်ပါ့မလား ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာ ဖြစ်ပါတယ် ပရိတ်သတ်ကြီးအနေနဲ့ ဇကားကြည့်နေတုန်း ရေဘူးလေးတော့   ဆောင်ထားနော် ရင်မောရင် ရေလေးသောက်ပြီး အမောဖြေရအောင် အညွှန်းကို ...
7.2
IMDB: 7.2/10 14,579 votes
movie

Wazir

2016
102 Not Out (2018) 7.6
102 Not Out (2018) IMDb rating : : 7.6 ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ အသစ်စက်စက် ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . . ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေ ဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ် တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ် တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီ ဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် ...
7.6
IMDB: 7.6/10 1,217 votes
movie

102 Not Out (2018)

2018
Padman (2018) 8.3
Padman (2018) " ကျွန်တော်တို့ အိန္ဒိယဟာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံပါ ကျွန်တော်ရှာတွေ့ခဲ့တဲ့ပြသနာက အမျိုးသမီးတွေဓမ္မတာလာတဲ့ ၅ရက်တာ ပြသနာပါ ဓမ္မတာလာပြီဆိုရင် အမျိုးသမီးတွေဟာ ဘာအလုပ်မှလုပ်ခွင့်မရှိဘဲ အိမ်အပြင်ထွက်ထိုင်နေရပါတယ် သန့်ရှင်းရေးအတွက်ကျလည်း အဝတ်စုတ်တွေသုံးနေကြတယ် ဒီကိစ္စကို ကျွန်တော့်မိန်းမလည်းလုပ်နေတာမြင်တော့ တခုခုလုပ်ဖို့ကြံမိပါတယ်။ အမျိုးသမီးတယောက်ကို ပဒ်အသုံးပြုခိုင်းခြင်းဟာ သူ့အတွက် အချိန် ၂လထပ်အပိုပေးလိုက်သလိုပါပဲ ရှင်းပြပါမယ် ၁လကို ၅ရက်၊ ၁၂လဆို ရက် ၆၀၊ တနှစ်မှာ ၂လပါ။ အမျိုးသားတွေကျတော့ တနှစ်မှာ ၁၂လရပြီး အမျိုးသမီးတွေမှ ဘာကြောင့် ၁၀လပဲ ရ,ရမှာလဲ နာရီဝက်လောက်ပဲ အမျိုးသားတစ်ယောက်က အမျိုးသမီးတွေလိုသွေးထွက်ကြည့်လိုက်၊ တန်းသေပြီပဲ " ဒီမိန့်ခွန်းကို အင်္ဂလိပ်ဝေါဟာရမကြွယ်မဝနဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာဟောပြောခဲ့သူကတော့ ပဒ်မန်းလို့ အမည်တွင်ခဲ့တဲ့ လက်(ရှ်)မီးကန့် ချော်ဟန့်ပဲဖြစ်ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို ပုံဖေါ်ထားပြီး အိမ်ထောင်ကျပြီးချိန်မှသိပ်ချစ်လွန်းတဲ့ဇနီးဖြစ်သူရဲ့ ဒီဒုက္ခကိုဖြေရှင်းပေးဖို့ကြိုးစားရင်းအရူး၊ တဏှာရူး၊ လူညစ်ပတ် စသဖြင့်ပေါင်းစုံဝေဖန်အပြစ်တင်မှုတွေခံခဲ့ရပြီးနောက်ဆုံး သိပ်ချစ်ရတဲ့ဇနီးနဲ့ပါ ကွဲရတဲ့အထိဖြစ်ခဲ့ရပါတယ် ဒါလည်း သူ့ယုံကြည်ရာကို ဇွဲမလျော့ဘဲ ကြိုးစားမှုကြောင့်လက်(ရှ်)မီးဟာ ပဒ်မန်းဖြစ်လာခဲ့ပါတယ်။ သူဘဝမှာဘယ်လိုတွေ ခက်ခဲကြိုးပမ်းခဲ့ရလဲဘယ်သူတွေက အပြစ်တင်ကြပြီးဘယ်သူတွေက ကူညီပေးခဲ့လဲဆိုတာ သူ့ဘဝဇာတ်ကားကြီးမှာ ခံစားမှုပေါင်းစုံနဲ့ စီးမျောလိုက်ကြပါဦးဗျာ (#ဒီကားက ...
8.3
IMDB: 8.3/10 6,688 votes
movie

Padman (2018)

2018
Pink (2016) 8.2
Pink (2016) IMDb (8.2)..Rotten Tomatoes (100%) အမျိုးသမီးတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်..အခွင့်အရေးတွေကို ပညာသားပါပါထည့်သွင်းရိုက်ကူးထားလို့ နာမည်ကြီးတဲ့ Bollywood ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး Rating တွေလဲကောင်းမွန်လှပါတယ်။ ဇာတ်လမ်းကတော့...... မီနယ်အရိုရာ၊ ဖယ်လက်အ လီနဲ့ အန်ဒရီယာတို့ သုံးယောက် ဟာ ဒေလီတောင်ပိုင်းက လူကုံ ထံရပ်ကွက်တစ်ခုမှာ အိမ်ငှားနေ ကြပြီး လုပ်ငန်းခွင်တွေမှာ အလုပ်ဝင်နေကြသူတွေပါ။ တစ်ညမှာ တော့ ရော့ခ်ဂီတပွဲကြည့်အပြီးမှာ ရာ့ဂ်ျဗီးရားဆိုသူက ညစာစားပွဲ ဖိတ်ကြားတဲ့အတွက် သွားခဲ့ကြပါ တယ်။ ရာ့ဂ်ျဗီးရားက ဒေလီတောင်ပိုင်းက အာဏာရှိနိုင်ငံရေး သမားရဲ့တူပါ။ ဒီလိုနဲ့ အပန်းဖြေအိမ်တစ်ခု မှာ မင်နယ်တို့ သုံးယောက်ရယ်၊ ရာ့ဂ်ျဗီးရားနဲ့ သူ့အပေါင်းအသင်း နှစ်ယောက်ရယ် စားကြသောက် ကြပြီး အခွင့်အရေးကို စောင့်နေ တဲ့ အမျိုးသားသုံးယောက်ဟာ ကောင်မလေးသုံးယောက်နဲ့ တစ် တွဲစီဖြစ်အောင် ကြံဖန်ခဲ့ကြပါ တယ်။ တကယ်တော့ မင်နယ်နဲ့ ရာ့ဂ်ျဗီးရားတို့ဟာ သာမန်မိတ် ဆွေအဆင့်သာ ခင်မင်ကြတာဖြစ် ပြီး ရာ့ဂ်ျဗီးရားက မင်နယ်ကို ဗလက္ကာရလုပ်ဖို့ ...
8.2
IMDB: 8.2/10 26,684 votes
movie

Pink (2016)

2016
Sholay (1975) 8.2
Sholay (1975) All time Best Bollywood Movies မှာ Sholay ဟာ နံပါတ် ၃ နေရာမှာရှိနေပါတယ်။ 1975 က ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုပေမယ့် ဇာတ်လမ်း၊ဇာတ်ကွက်တွေနောက်ခံသီချင်းတွေ အဲ့ဒီခေတ် အနေအထားနဲ့ ဒီလို အက်ရှင်ခန်းတွေ၊ ကျေးလက်ဒေသ မြင်ကွင်းတွေ၊ အထူးပြောချင်တာကတော့ ဒရာမာအခန်းတွေပါပဲ့ တကယ့်ကို ပြီးပြည့်စုံလွန်းတယ်လို့ပဲပြောရမလား ဘယ်အချိန်ပြန်ကြည့်ကြည့် မချီမကဲဖြစ်သွားစေတဲ့ ဒရာမာအခန်းလေးတွေ၊တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေပေမယ့် စကားလုံးတွေမပါပဲ နောက်ခံတေးသံသာသာလေးဟာ အခုခ်ျိန်ထိ နားထဲမှာ ကြားရောင်နေဆဲပါပဲ။ သရုပ်ဆောင်တွေကလည်း ကဏ္ဌအသီးသီးမဇာ တာဝန်ကျေကြသလို၊ အကောင်းမွန်ဆုံးတွေဆိုတော့ သဘာဝကျမှုကို အပြည့်အဝရရှိစေပါတယ်။ တစ်ခါမှ မကြည့်ဖူးသေးဘူးဆိုရင်တော့ တစ်ခါလောက်တော့ မဖြစ်မနေကြည့်ကြည့်လိုက်ပါ့ ကြည့်ပြီးသားလူတွေအတွက်လည်း ဘယ်အချိန်မှ မရိုးနိုင်တဲ့ ဇာတ်ကားကောင်း တစ်ခု ဖြစ်ပါတယ်။ ======================================================= ဇာတ်လမ်းနည်းနည်းလောက် ညွှန်းရမယ်ဆိုရင်တော့ ရမ်ဂဗ်ရွာရဲ့ အငြိမ်းစားရဲတစ်ယောက်ဖြစ်သူ ထာကူရ်ဗဲလ်ဒေ့ဆင့်ဟာ အသိဖြစ်သူ ထောင်ပိုင်တစ်ယောက်ကို လူနှစ်ယောက်ကို ရှာပေးဖို့ အကူအညီတောင်းခဲ့ပါတယ် သူရှာခိုင်းတဲ့ နှစ်ယောက်က ဗီရူးနဲ့ ဂျဒေ့ဗ် ...
8.2
IMDB: 8.2/10 42,178 votes
movie

Sholay (1975)

1975
Kabhi Alvida Naa Kehna (2006) 6.1
Kabhi Alvida Naa Kehna (2006)   ခြေစွမ်းပြပြီး အောင်မြင်ကျော်ကြားနေတဲ့ ဘောလုံးကစားသမား တစ်ယောက်ဖြစ်တဲ့ ဒေ့ဗ် သူ့မှာ သွက်လက်ပြီး အရည်အချင်း သိပ်ရှိတဲ့ ရီဟား လို့ ခေါ်တဲ့ မိန်းမနဲ့ သားလေး တစ်ယောက်ရှိတယ် တစ်နေ့မှာတော့ ဒေ့ဗ်က မင်္ဂလာဆောင် တစ်ခုကနေ သူ့အမေကို သွားကြိုတာ အမေဖြစ်သူက သတို့သမီး မလာသေးလို့ မင်္ဂလာပွဲ မပြီးသေးလို့ မပြန်သေးတော့ ပန်းခြံထဲမှာ လမ်းလျှောက်နေရင်း သတို့သမီး ဝတ်စုံနဲ့ မိန်းကလေး တစ်ယောက်ကိုတွေ့ခဲ့တယ် သူ့နာမည်က မာယာ "လက်မထပ်ခင် မင်း အချစ်စစ်ကို ရှာသင့်တယ် လက်ထပ်ပြီးသွားရင်တော့ မင်းရှာလို့ မရဘူးနော် ဒါဆို တကယ်လို့ လက်ထပ်ပြီးမှ အချစ်စစ်ကို တွေ့ခဲ့ရင်ကော" "ကျွန်မက မနှုတ်ဆက်ဘူး နှုတ်ဆက်တယ်ဆိုတာ နောင်တစ်ကြိမ် ထပ်တွေ့မယ်ဆိုတဲ့ မျှောလင့်ချက် မရှိအောင် လုပ်လိုက်သလိုပဲ ဘယ်သူပြောနိုင်မလဲ နောက်တစ်ကြိမ် ပြန်တွေ့ဦးမလား ဆိုတာ" အခုမှ တွေ့ဖူးတဲ့ မာယာ့ကို ဒေ့ဗ် တစ်ယောက် အရင်ကတည်းက ရင်းနှီးနေသလို ခံစားခဲ့ရတယ် ဒါကြောင့်လဲ သူမကို ...
6.1
IMDB: 6.1/10 15,311 votes
movie

Kabhi Alvida Naa Kehna (2006)

2006
Veer-Zaara (2004) 7.9
Veer-Zaara (2004) IMDB rating က 7.9 အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘ၀င်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။ အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
7.9
IMDB: 7.9/10 39,520 votes
movie

Veer-Zaara (2004)

2004