Channel Myanmar

An Nguyen

Definitely, Maybe (2008) 7.1
Definitely, Maybe (2008) Definitely, Maybe (2008) IMDb - 7.1/10_____Rotten - 70%    Will Hayes (Ryan Reynolds) ဆိုတဲ့ လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်မှာ သမီးလေးတစ်ယောက်ရှိပြီး ဇနီးမယားနဲ့တော့ ကွဲကွာနေသူပါ... တစ်နေ့သမီးလေးဟာ ကျောင်းရဲ့ လိင်ပိုင်းဆိုင်ရာသင်ခန်းစာတွေသင်ပြီးနောက်မှာ အဖေ့ထံက တစ်သက်လုံးမကြားခဲ့ရတဲ့အမေ့အကြောင်းကို စပ်စုပါတော့တယ်.... ဖခင်ဖြစ်တဲ့သူဟာ အမေဆိုတာကြီးကိုတမ်းတပြီး သမီးလေးကိုမကြီးပျင်းစေချင်တော့ အမေ့အကြောင်းကို တစ်ကြောင်းတောင် မပြောပြထားသလို လွမ်းမောစရာအတိတ်ကြီးကိုလည်း ပြန်လည်အမှတ်မရချင်တော့တာကြောင့်ပေါ့... ကျွန်တော်တို့အားလုံးလည်း တစ်စုံတစ်ယောက်ကိုသိပ်ချစ်ခဲ့ပေမယ့် အကြောင်းကြောင်း ကြောင့်လက်တွဲဖြုတ်ခဲ့ရတဲ့အခါမှာ အတတ်နိုင်ဆုံးမေ့ပျောက်ဖို့ကြိုးစားကြတယ်... သို့ပေမယ့် ချစ်ခဲ့သူနဲ့ပတ်သက်လို့မေ့ပျောက်ဖို့ကြိုးစားတဲ့အခါမှာ ကျွန်တော်တို့ဘယ်တုန်းကများအောင်မြင်ခဲ့ဖူးလို့လဲ... နောက်ဆုံးသမီးလေးကို ကွဲသွားတဲ့မိန်းမအကြောင်းကို ပြောပြဖြစ်တယ်... သူပြောတဲ့အကြောင်းတွေက တကယ်စိတ်ဝင်စားဖို့ကောင်းသလို ရယ်လည်းရယ် ရင်လည်းခုန်ဖို့ကောင်းတယ်... ရိုက်ပြထားတာလည်း တကယ်ကြည်နူးဖွယ်ရာကောင်းတယ်... ခံစားကြည့်လိုက်ပါဦး.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paingပဲဖြစ်ပါတယ်....     File Size : (950 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Definitely, Maybe (2008)

2008