Channel Myanmar

Anahí Allue

Mother’s Day is Cancelled (2023)
Mother’s Day is Cancelled (2023) ၂၀၂၃ထွက် စပိန်၂စကားပြော comedy drama ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းအကျဉ်းကတော့ မာနွယ်လ်ဆိုတဲ့ RK လေးနဲ့ အက်စ်မရဲဒါ ဆိုတဲ့ကောင်မလေးဟာ ကျောင်းတက်ရင်းတွေ့ဆုံချစ်ကြိုက်ပြီးတော့ မိဘတွေကိုအသိမပေးပဲနဲ့ လက်စ်ဗီးဂတ်စ်မှာ ကောက်လက်ထပ်လိုက်ကြပါတယ် လပိုင်းအကြာမှာတော့ မင်းသားရဲ့အဖေ ဖရန်စစ်စကိုဆိုတဲ့သူဌေးကြီးက သူ့အကိုရင်းကပိုက်ဆံတွေလိမ်ပြေးသွားလို့ ဒေဝါလီခံရတော့မှာပါဒီအကြောင်းကိုလည်းသူဌေးကြီးနဲ့သူ့ချွေးမပဲသိတာပါဒီလိုနဲ့သူတို့လူမျိုးတွေအလေးထားကျင်းပကြတဲ့အမေများနေ့အရောက်မှာတော့မိသားစုနှစ်စုဟာအကြောင်းမျိုးစုံနဲ့ထမင်းလက်ဆုံစားဖို့အကြောင်းဖန်လာပါတော့တယ်မိသားစုတွေစုံစုံလင်လင်ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရမဲ့နေ့ပေမဲ့မပျော်နိုင်တဲ့ကိစ္စတွေကမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါမှာတော့..... ဟာသကားလေးဆိုပေမဲ့အရမ်းရီနေရတာမျိုးထက် အလွဲတွေအစုံနဲ့ မိသားစုကြားကဆက်ဆံရေးတွေကို ရသမျိုးစုံပေါ်လွင်အောင်ရိုက်ပြထားတာမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ကားလေးပါ ဒါရိုက်တာJavier Colinasရဲ့လက်ရာဖြစ်ပါတယ် File size…(1.9 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aung Khant Paing
movie

Mother’s Day is Cancelled (2023)

Tango, Tequila and Some Lies(2023) 6.7
Tango, Tequila and Some Lies(2023) Tango, Tequila and Some Lies(2023)*********************************Lu ဆိုတဲ့မိန်းကလေးဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ဘားတစ်ခုကို စပ်တူ ဖွင့်ထားကြပါတယ်...ဒါပေမယ့် သူ့မှာ ပိုက်ဆံမရှိတာမို့လို့ သူ့ရဲ့ရှယ်ယာတွေကို မပေးနိုင်သေးပါဘူး ..နေ့ရွှေ့ညရွှေ့ ရွှေ့နေတတ်တာပါ... တစ်နေ့မှာ သူတို့ဘားကို ကောင်လေးတစ်ယောက် လာထိုင်ပါတယ်..အဲ့ဒီကောင်လေး သူ့ကို ချစ်လား မချစ်လားကိုသူ့သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပါတော့တယ် လောင်းကြေးကတော့ သူနိုင်ရင် သူ့ရဲ့ရှယ်ယာတွေ ပေးစရာမလိုတော့တာပါ,,, အဲ့ဒီလိုနဲ့ အဲ့ဒီကောင်လေး သူ့ကိုချစ်လာအောင် ဖျားယောင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်..အဲဒီနောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့...File Size :(2.4GB) and (952MB) Quality :AMZN.WEB-DL.1080P, 720p Format…mp4 Duration…01:54:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Tango, Tequila and Some Lies(2023)

Huesera: The Bone Woman (2022) 6.4
Huesera: The Bone Woman (2022) Huesera: The Bone Woman (2022)~ IMDb - 6.4/10, RT - 99%, Meta - 83% ~Rotten Tomatoes ရော၊ Metacritic ရော ထိပ်ဆုံးရောက်နေတဲ့ စပိန် ဘော်ဒီဟော်ရာ ဒရာမာကားပါ။ A24 ကထုတ်တဲ့ကားမဟုတ်ပေမဲ့ A24 ဖန်တွေ ကြိုက်လောက်တဲ့ A24 ကားတွေလို ကားမျိုး‌ပေါ့။Horror ဆိုပေမဲ့ မှောင်ခန်းမည်းခန်းက မပါသလောက်ဖြစ်ပြီး Midsommar လို လင်းလင်းကျင်းကျင်းနဲ့ လန့်ရမယ့် အခန်းတွေက ပိုများပါတယ်။ ဟော်ရာကားနဲ့မလိုက်မဖက် စစချင်းမှာတင် ကလေးမွေးတော့မယ့် မိခင်တစ်ယောက်ရဲ့ ကလေးအတွက် ပြင်နေဆင်နေခြင်းတွေကနေမှ တငွေ့ငွေ့ချင်း ပဟေဠိဆန်ဆန်သွားထားတဲ့ ခပ်ဆန်းဆန်းကားပါပဲ။ ခြောက်တာလှန့်တာ သိပ်မပါဘဲနဲ့ကို ဘာတွေဖြစ်နေလဲ အဖြေဝင်ရှာရင်း သိချင်စိတ်နဲ့ စိုးထိတ်ရမယ့် ဟော်ရာကားဆို ပိုမှန်ပါလိမ့်မယ်။ Body Horror ကားပီပီသသတော့ ...
movie

Huesera: The Bone Woman (2022)

2022